Sunday, May 25, 2025

ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးတို့ကို အလေးအနက်ထားဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာကြား

ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးတို့ကို အလေးအနက်ထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၂၄ ရက်မွန်းလွဲပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့်...

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက...
HomeCelebrities' Newsစိတ်ဝင်တစားစောင့်ကြည့်ခဲ့ရသည့် ရက်သတ္တပတ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး...

စိတ်ဝင်တစားစောင့်ကြည့်ခဲ့ရသည့် ရက်သတ္တပတ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးကောက်ပွဲ

ယခု ရက်သတ္တပတ်ဟာဆိုရင် တော့ဖြင့် ရုပ်ရှင် လောကသားများအတွက် စိတ်ဝင် စားစရာအကောင်းဆုံး ရက်သတ္တပတ် ဟု ပြောနိုင်လောက်သည့် ရက်သတ္တ ပတ်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အလုပ် အမှုဆောင်သစ် ရွေးကောက် တင် မြှောက်ပွဲကို စက်တင်ဘာလ ၂၃ ရက်နှင့် ၂၄ရက်နေ့တို့တွင် အောင် မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အလွှာအသီး သီးမှ အမှုဆောင်သစ် ၂ဝဦးတို့ကို ရွေးချယ်နိုင်ခဲ့ပြီ ဖြစ်သောကြောင့်ဟု ဆိုရမည်။ ရုပ်ရှင်အစည်းအရုံး ရွေး ကောက်ပွဲနှင့် ပတ်သက်ပြီး ရုပ်ရှင် အစည်းအရုံး နာယကများမှ ဦးဆောင် ကာ ရွေးကောက်ပွဲကော် မရှင်အဖွဲ့ ကို စနစ်တကျဖွဲ့စည်းခဲ့ပြီး ရုပ်ရှင် အစည်းအရုံးတွင် ကြော်ငြာ ဘုတ် ထောင်ခြင်း၊ သတင်းစာတွင် ကြေညာ ခြင်း၊ ရုပ်ရှင်အစည်းအရုံး၏ ဖေ့စ် ဘုတ်လူမှုကွန်ရက်တွင် ဖော်ပြခြင်း၊ မီဒီယာများတွင် ဖော်ပြခြင်းတို့ကို ပြု လုပ်ခဲ့ကြောင်း ရွေးကောက် ပွဲ ကော်မရှင်လည်းဖြစ်၊ ရုပ်ရှင်အစည်း အရုံး နာယကတစ်ဦးလည်း ဖြစ်သူ ဒါရိုက်တာ ပန်းချီစိုးမိုးကဆိုသည်။ အသစ်တက်လာမည့် အလုပ် အမှု ဆောင်သစ်များအပေါ်ကိုလည်း ပန်းချီစိုးမိုးက………….

“ကျွန်တော်တို့ဟာ အာဏာ ရအဖွဲ့အစည်းမဟုတ်ဘူး။  NGOလို့ သဘောပေါက်ဖို့လိုတယ်။ နိုင်ငံရေး ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ မတူပါဘူး။ ကျွန်တော်တို့က ပရဟိ တသက်သက်လုပ်တာ။ အဲဒီတော့ NGO  ပရဟိတလုပ်တဲ့လူဟာ မိမိ အကျိုးအတွက် မျှော်ကိုးပြီးတော့ ဒီ မှာလာမလုပ်ပါနဲ့။ အများအကျိုး ဆိုတဲ့စိတ်ကလေးနဲ့လုပ်ပါ။ မှန်မှန် ကန်ကန်လုပ်ပါ။ စေတနာမပျက်ပါနဲ့။ ကိုယ့်အတွက်ကို မကြည့်ပါနဲ့။ အစည်းအရုံးကိုလာပြီးတော့ ထမင်း လေးစား၊ ရေလေးသောက်၊ ပိုက်ဆံ လေးယူပြီး ပြန်တဲ့အလုပ်တော့ မလုပ်ကြပါနဲ့။ နောက်တက်တဲ့လူတွေ ကိုလည်း ကျွန်တော်အဲဒါပဲပြော ချင်ပါတယ်” ဟုပြောသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်များအနေဖြင့် ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ဒုဥက္ကဌ-၁ ဦးအေးကြူ လေး၊ ဒုဥက္ကဌ-၂ ဦးဇော်မင်း (မင်္ဂ လာ)၊ အတွင်းရေးမှူး ဦးညီညီထွန်း လွင်၊ တွဲဖက်အတွင်းရေးမှူး-၁ ဦး ဇော်မြင့်ဦး၊ တွဲဖက်အတွင်းရေးမှူး-၂ ဦးဇော်မင်း(ဟံသာမြေ)၊ ဘဏ္ဍာရေး မှူး ဒေါ်ကေခိုင်စိုး၊ စာရင်းစစ်-၁ ဦးသက်(အိုအေစစ်)၊ စာရင်းစစ်-၂ ဦးလှသိန်း၊ ပြန်ကြားရေးမှူး-၁ ဦးခင်မောင်ချင်း၊ ပြန်ကြားရေးမှူး-၂ ဦးကျော်ညွန့်၊ ပြန်ကြားရေးမှူး-၃ ဦးတင်ငြိမ်း၊ စည်းရုံးရေးမှူး-၁ ဦးအောင်ခိုင်၊ စည်းရုံးရေးမှူး-၂ ဦးဝင်းမြိုင်၊ စည်းရုံးရေးမှူး-၃ ဦးသားကျော်၊ အဖွဲ့ဝင် ဦးခန့်စည်သူ၊ ဦးဝင်းနိုင်၊ ဦးနေထူးနိုင်၊ ဦးသိန်းရွှေ၊ ဦးတင်ထွန်းအောင်တို့က တာဝန်များ ကို ထမ်းဆောင်ကြမည်ဖြစ်သည်။ စက်တင်ဘာလ ၂၄ရက်နေ့က ဦးဇင်ဝိုင်းမှ မဲလာရောက်ပေးစဉ် ဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြှောက် ခြင်းမရှိသေးခင် မေးမြန်းခဲ့စဉ်က သူ့အနေဖြင့် အမှုဆောင်သစ် လက် ထက်တွင်မပါဝင်ခဲ့ပါကလည်း ပြင်ပ မှနေ၍ ရုပ်ရှင်လောကကောင်းရာ ကောင်းကျိုးအတွက် သယ်ပိုးသွား မည်ဖြစ်ပြီးပါဝင်ခဲ့ပါကလည်း ပိုမို တာဝန်ကြီးစွာဖြင့် လောကသားများ ကောင်းကျိုးကို ဆောင်ရွက်သွား မည်ဟု ပြောခဲ့သေးသည်။

ဒါရိုက်တာအလွှာမှ ဝင်ရောက် အရွေးချယ်ခံခဲ့ပြီး အမှုဆောင်သစ် လက်ထက်တွင် အတွင်းရေးမှူး အဖြစ်တာဝန်ယူမည့် ဒါရိုက်တာ ညီညီထွန်းလွင်က သူတို့အမှုဆောင်သစ်များအနေဖြင့်လုပ်ဆောင်သွား မည့် လုပ်ငန်းဆောင်တာ အချို့ကို လည်း ယခုလိုပြောပြသည်။

“ကျွန်တော်တို့ ဒါရိုက်တာ အ လွှာမှာ ကျွန်တော် အရွေးခံဖြစ်တယ် ဆိုရင် ကိုဌေးကို ဝန်းရံပေးမယ်။ နောက်ပြီးတော့ ရုပ်ရှင်အစည်းအရုံး ရဲ့ တချို့စည်းမျဉ်း၊ ဥပဒေတွေမှာ အားနည်းချက်တွေရှိတယ်။ အဲဒီ စည်းမျဉ်းဥပဒေတွေကိုလည်း ရုပ်ရှင် တစ်လောကလုံးက ပြင်ချင် ကြတယ်။ ဥပဒေတွေက ဘယ်လို ပြင်ချင်သလဲ ဆိုရင် ဥပမာ ပြဇာတ် အလွှာဆိုတာရှိ တယ်။ ပြဇာတ်အလွှာဆိုတာက ဗိုလ်ချုပ်အောင်ဆန်းတို့ ဖဲကြိုးဖြတ် ပေးတုန်းကတော့ ဟုတ်တာပေါ့။ သူက ရုပ်ရှင်နှင့်ပြဇာတ်အစည်းအရုံး ကိုး။ ဒီဘက်ခေတ်မှာကျတော့ အဲဒီ လိုအလွှာမျိုးက တခြားအလွှာတွေနဲ့ ပူးပေါင်းသင့်တယ်။ အဲဒီလိုပေါ့။ စည်းမျဉ်း၊ ဥပဒေတွေကို နည်းနည်း လေးပြင် ချင်ပါတယ်” ဟုပြောပြ သည်။

ရုပ်ရှင် ဥက္ကဋ္ဌမည်သူဖြစ်မည် နည်းဆိုသည်ကို မသိသေးခင် ကာလ က အွန်လိုင်းတွင်တက်ခဲ့သော သတင်းအချို့တွင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ဦးခန့် စည်သူရွေးချယ်ခံရကြောင်း သတင်း များလည်း တက်လာခဲ့သေးသည်။ တကယ်တမ်း ဥက္ကဋ္ဌအဖြစ် ဦးဇင်ဝိုင်း မှ ရွေးချယ်ခံလိုက်ရသည့်အပေါ် တွင်လည်း ဝေဖန်ချက်အချို့ရှိနေမည် ဖြစ်သည်။ အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ဦးအေးကြူ လေးအားမေးမြန်းဖြစ်ရာတွင်…

“အစဉ်အလိုက်ပြောရမယ် ဆိုရင် ပထမဆုံး အလွှာတွေရှိတယ်။ ဘယ်အလွှာမှာ လူ ၆ဝဝရှိတယ်။ ဘယ်အလွှာမှာ လူ ၂ဝဝရှိတယ်။ အဲဒါတွေ စိစစ်ရတယ်။ စိစစ်ပြီးရင် ဘုတ်မှာ ကပ်ရတယ်။ ဘုတ်မှာ ကပ်လိုက်တဲ့အခါမှာ ဒီအလွှာက ဒီလူတွေပါဆိုပြီး ကန့်ကွက်လို့ရတယ်။ အဲဒါပြီးတဲ့အခါမှာ အလွှာတွေမှာရှိတဲ့ သူတွေထဲမှာ ဘယ်သူက အရွေး ချယ်ခံမှာလဲဆိုတာ လျှောက်လွှာတွေ ခေါ်တယ်။ ပုံစံဖြည့်ပြီးတော့ လျှောက်ရတယ်။ အစည်းအရုံးဝင်နဲ့ အရွေးခံမယ့်သူကမတူဘူး။ ဥပမာ-ရိုးရိုး အစည်းအရုံးဝင်ဆိုလို့ရှိရင် ဗီဒီယိုဇာတ်ကား ၁ဝကား၊ ဒါမှမဟုတ် ရင်၂ဝပေါ့။ အဲဒါဆိုရင်ရတယ်။ အရွေး ခံမယ့်သူတွေကျတော့ ရုပ်ရှင်ဇာတ် ကား ကြီး ၃ကားနဲ့ ဗီဒီယို ဘယ်နှကား ပေါ့။ အဲဒီလို သတ်မှတ်ချက်ရှိတယ်။ အဲဒီလို ရွေးလိုက်တော့ ၁ဝလွှာရှိတဲ့ အထဲမှာ ၂လွှာက ၂ယောက်ပဲရှိတယ်။ ၂ယောက်ပဲရှိတဲ့အတွက် အရွေးခံ စရာမလိုဘူး။ မဲပေးတဲ့အခါမှာတော့ ကိုယ့်အလွှာမှာတော့ ကိုယ်မဲများ ချင်များမယ်။ ဒါပေမဲ့ အပေါ်က အလွှာမှာကျတော့ အလွှာပေါင်းစုံဖြစ် သွားပြီး အလွှာတွေရဲ့ ကိုယ်စားလှယ် တွေက ကိုယ့်ကိုပြန်ပေးပြီး အဲဒီမှာ မဲရဖို့လိုတာပေါ့။ အခြေခံအလွှာက တစ်လွှာကို ၂ယောက်စီတက်လာတဲ့ အတွက် အမှုဆောင်အဖွဲ့မှာ အယောက် ၂ဝရှိ တယ်။

ကိုဇင်ဝိုင်းနဲ့ ကိုခန့်စည်သူဆိုရင် ဥက္ကဋ္ဌဖြစ်ဖို့ လူ၂ ယောက် ဖြစ်နေတယ်။ အဲဒီ ၂ ယောက်ကို အမှုဆောင် ၂ဝကပြန် ရွေးတဲ့အခါမှာ မဲများတဲ့သူက ဥက္ကဋ္ဌ ဖြစ်တာပေါ့။ ဥက္ကဋ္ဌရယ်၊ ဒုဥက္ကဋ္ဌ ၂ယောက်ရယ်၊ အတွင်းရေးမှူး၊ ပြန် ကြားရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်း စစ်ဆိုပြီးတော့ အားလုံးပေါင်းလိုက် တဲ့အခါကျတော့ အဲဒီမှာ ၁၅ယောက် ရှိတယ်။ ကျန်တဲ့ အရွေးခံတဲ့ သူတွေ အားလုံးကတော့ အမှုဆောင်တွေ ပေါ့” ဟု သူကပြောပြသည်။

အလွှာအသီးသီးမှ ရုပ်ရှင် လောကသားများ အနေဖြင့်လည်း မိမိတို့ရွေးချယ် တင်မြှောက်လိုက် သည့် အလုပ်အမှုဆောင်များအား အပြုသဘောဆောင်သည့် အကြံပြု ချက်များဖြင့် ရုပ်ရှင်လောကအကျိုးဖွံ့ဖြိုးတိုးတက်စေဖို့ ပူးပေါင်း ဆောင် ရွက်သင့်ပါကြောင်း ရှုမြင်သုံးသပ် မိပေသည်။

မျိုးမောင်
ဓာတ်ပုံ – အောင်ဇော်မင်း၊ မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071