“ရင်ဘတ်ထဲက ဓား ” ရုပ်ရှင် အထူးပွဲကို ကြည့်ရှုပြီးတဲ့ အနုပညာအသိုင်းအဝိုင်းက လူတော်တော်များများက ဒီဇာတ် ကားနဲ့ အိန္ဒြာကျော်ဇင် အကယ်ဒမီရမယ်လို့ ထင်ကြေးပေး ထားကြပါတယ်။ အခု လိုမျိုး အကယ်ဒမီ တစ်ကြိုပေးခံ ရတဲ့အပေါ် အိန္ဒြာကျော်ဇင်က…
“အကယ်ဒမီရမယ်လို့ ပြောတဲ့ အပေါ်မှာ တအားကျေးဇူးတင်ပါ တယ်။ ဒါကတော့ အစ်မကိုလည်း တအားရစေချင်တဲ့ စိတ်နဲ့ပြောတာလည်း ဖြစ်နိုင်ပါတယ်။ အစ်မအနေနဲ့ တော့ အများကြီး မမျှော်မှန်းထား ပါဘူး။
ရခဲ့လို့ရှိရင် တအားဝမ်းသာမှာပါ။ မရခဲ့လို့ရှိရင်လည်း မရထိုက် လို့ပဲလို့ အစ်မခံယူမှာပါ။ ဒါပေမဲ့ အစွမ်းကုန် ကြိုးစား ထားပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ဒီဇာတ်ကားကို အားရခဲ့တယ်။ တကယ်လုပ် ကွက်တွေလည်းရှိတယ်။ လုပ် ရတဲ့ အခန်းတိုင်း ဟဲဗီးတွေများပြီးတော့ တကယ်မုဒ်တွေ သုံးပြီးရိုက်ကူးရတဲ့ ဇာတ်ဝင်ခန်းတွေ တအားများတယ်။ အဲဒီလိုရိုက်ကူးရတဲ့ အခါမှာလည်း ကိုယ်ရိုက်ခဲ့ရတာကို အား ရပါတယ်။ ကြိုးစားထားပါတယ်။ အစ်မအနေနဲ့က တော့ နှစ် တိုင်း စိတ်ကို ပေါ့ပေါ့ပဲထားတယ်။ ငါဒီနှစ်ရမှာလား မသိဘူး။ လိုချင်တယ်။ အဲဒီလို စိတ်ထဲမှာ အကယ်ဒမီနဲ့ ပတ်သက်ပြီး အများကြီး မမျှော်လင့်ဘူး။ အရမ်းမျှော်လင့်ပြီး မရခဲ့ရင် ပိုခံစား ရတယ်။ အဲဒါ ကြောင့် နှစ်တိုင်း ပေါ့ပေါ့ပါးပါးပဲနေ တယ်။ အဲဒါက နည်းနည်းသက်သာ တယ်။ အစ်မကို ချစ်တဲ့ပရိသတ် တွေကတော့ အရမ်းရစေချင်နေပြီ။ အစ်မကိုချစ်တဲ့ ပရိသတ်တွေအတွက် တော့ ယူပေးချင်ပါတယ်”လို့ ပြောပါတယ်။
ပရိသတ်တွေအတွက် ဆက် လုပ်ပေးမယ့် အနုပညာလှုပ်ရှားမှု များနဲ့ ပတ်သက်ပြီး အိန္ဒြာကျော်ဇင် က…”အစ်မကြော်ငြာတွေ ဓာတ်ပုံတွေတော့ ရိုက်ဖြစ်ပါတယ်။ နောက် ပိုင်း ရုပ်ရှင် ကားကြီးတွေက နယ်မှာပဲ ရိုက်ကြတာများတယ်။ အဓိကက သ မီးလေးပေါ့။ သမီးလေး ကျောင်းဖွင့် နေတော့ သမီးလေးရဲ့ ကျောင်းပို့ကျောင်းကြို၊ ကျူရှင်ကိစ္စ တွေက အစ်မကိုယ်တိုင်လုပ်တယ်။ သူ ကျောင်း ဖွင့်နေတော့ သူ့ကိုထားခဲ့ပြီး နယ်မှာ ၁လ၊ ရက် ၂ဝလောက်ထား ခဲ့ပြီး သွားရိုက်ဖို့က မဖြစ်နိုင်ဘူး။ အဲဒါလေးကြောင့်အဆင်မ ပြေနိုင်တာပါ။ သမီးလေးလည်း ကျောင်း ပိတ်တဲ့ အချိန်မျိုး၊ ဇာတ်လမ်းက လည်း ကိုယ်ကြိုက်တဲ့ဇာတ်လမ်းမျိုး၊ ပရိ သတ်ကလည်း ရိုက်စေချင်တဲ့ ဇာတ် လမ်းမျိုး၊ ကျောင်းဖွင့်တဲ့အချိန်ဆို ရန်ကုန်မှာရိုက်ကူး မယ့် ဇာတ်လမ်း အဲဒီလိုမျိုး အဆင်ပြေရင်တော့ ရိုက်ကူး ဖြစ် မှာပါ” လို့ ပြောပါတယ်။
အိန္ဒြာကျော်ဇင်က လတ်တ လောမှာ CKC by Win and San Diamond and Fine Jewelry တီဗီကြော်ငြာကို အောက်တိုဘာ ၁၈ရက်နေ့ ညပိုင်းက မြောက်ဒဂုံမှာရှိတဲ့ ပင်လယ်စတူဒီယိုမှာ ရိုက်ကူးခဲ့ပါတယ်။ အဲဒီနေ့ မနက် ပိုင်း မှာတော့ ‘ရင်ဘတ်ထဲက ဓား’ ရုပ်ရှင်ဇာတ်ကား ပရက်ရှိုးနဲ့ တိုက်နေတဲ့အတွက် ကြော်ငြာရိုက် ကွင်းကို တော့ ညပိုင်းမှာ ရိုက်ကူးဖြစ် တယ်လို့ဆိုပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း