Saturday, August 15, 2026

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့်...

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍...

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း...

နိုင်ငံ့စီးပွားရေးကိုအထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာတို့ကိုစိုက်ပျိုးကြရန် နိုင်ငံတော်သမ္မတ...

စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ် ဝန်းကျင်ကိုထိန်းသိမ်းပေးရုံသာမက နိုင်ငံ့စီးပွားရေးကို အထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာစသည့် နှစ်ရှည်စက်မှုကုန်ကြမ်းသစ်ပင်မျိုးများကို အ ခြေအနေပေးသည့်၊ ရနိုင်သည့်နေရာများတွင်စိုက်ပျိုးကြရန် နိုင်ငံတော်သ မ္မတ...
HomeMoviesစစ်သည် ၄၀၀၊ ၁၃...

စစ်သည် ၄၀၀၊ ၁၃ နိုင်ငံ၊ ပန်းတိုင်တစ်ခုတည်း – မေဃာလယမှာ အရှိန်အဟုန်နဲ့ ကျင်းပနေတဲ့ PRAGATI 2026 စစ်ရေးလေ့ကျင့်မှု မြန်မာပါဝင်

အိန္ဒိယနိုင်ငံ မေဃာလယ(Meghalaya) ပြည်နယ်မှာ လက်ရှိကျင်းပနေတဲ့ “Exercise PRAGATI 2026” စစ်ရေးလေ့ကျင့်မှုမှာ မိတ်ဖက် ၁၂ နိုင်ငံက စစ်သည် ၄၀၀ ကျော် ပါဝင်ပြီး ပူးတွဲအကြမ်းဖက်နှိမ်နင်းရေးနဲ့ တောတွင်းစစ်ဆင်ရေးတွေကို လေ့ကျင့်နေကြပါတယ်။ ဒီလေ့ကျင့်မှုဟာ ပြင်းထန်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ အဖွဲ့လိုက် စွမ်းဆောင်ရည်မြှင့်တင်မှုတွေကတစ်ဆင့် စစ်နည်းဗျူဟာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးတို့ကို အဓိကဦးတည်ထားတာ ဖြစ်ပါတယ်။

နိုင်ငံစုံပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ PRAGATI 2026 ရဲ့ ပထမဆုံးအကြိမ်မြောက် အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်နေ့က မေဃာလယပြည်နယ်၊ အွမ်ရွိုင်း(Umroi) မှာ စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် အရှိန်အဟုန်နဲ့ လည်ပတ်နေပြီ ဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုမှာ ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် တူညီတဲ့မျှော်မှန်းချက်ရှိကြတဲ့ အိမ်ရှင် အိန္ဒိယနိုင်ငံအပါအဝင် မိတ်ဖက် ၁၂ နိုင်ငံက စစ်သည် ၄၀၀ ကျော် ပါဝင်ပါတယ်။ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပါဝင်တဲ့ မိတ်ဖက် ၁၂ နိုင်ငံကတော့ မြန်မာ၊ ဘူတန်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မော်လ်ဒိုက်၊ နီပေါ၊ ဖိလစ်ပိုင်၊ ဆေးရှဲလ် (Seychelles)၊ သီရိလင်္ကာ နဲ့ ဗီယက်နမ် တို့ပဲ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ သုံးရက်တာကာလအတွင်းမှာ စစ်သည်တွေဟာ တောင်ကုန်းတောင်တန်းထူထပ်ပြီး တောတောင်ထူထပ်တဲ့ ပတ်ဝန်းကျင်တွေမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ကြပါတယ်။ ကျောက်ဆောင်တက်တာ၊ ခြုံခိုတိုက်ခိုက်တာနဲ့ ခြုံခိုတိုက်ခိုက်မှုကို ပြန်လည်ခုခံတာ၊ ကြိုး‌စီးဆင်းတာ(slithering)၊ တောတွင်းလမ်းကြောင်း ပစ်ခတ်မှုလေ့ကျင့်တာနဲ့ ဘတ်စ်ကားစီးနင်းစီးချင်းထိုး စစ်ဆင်ရေး(bus intervention drills) တွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါ့အပြင် ပါဝင်သူတွေကြားထဲမှာ လုပ်ငန်းကျွမ်းကျင်မှု၊ ယုံကြည်မှုနဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန် ပူးပေါင်းဆောင်ရွက်မှုကို ပိုကောင်းလာစေဖို့ စနိုက်ပါပစ်ခတ်မှုနဲ့ AK-203 သေနတ်ပစ်ခတ်မှု ပြိုင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။

အိန္ဒိယကြည်းတပ်ရဲ့ ခြေလျင်တပ်ဖွဲ့ဆိုင်ရာ အဓိကကျတဲ့ အရာရှိကြီးဖြစ်သူ ဗိုလ်မှူးချုပ် ဆူနေးလ် ရှိုရန်(Major General Sunil Sheoran) က ဖွင့်ပွဲမိန့်ခွန်းမှာ တက်ရောက်လာတဲ့ တပ်ဖွဲ့ဝင်အသီးသီးကို ကြိုဆိုနှုတ်ခွန်းဆက်ခဲ့ပြီး လက်ရှိရင်ဆိုင်နေရတဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာကို အလေးပေးပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပါဝင်သူအားလုံးကို ပွင့်လင်းမြင်သာမှု၊ အပြန်အလှန်လေးစားမှုတွေနဲ့အတူ တစ်ဦးချင်းစီရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းတွေဆီကနေ သင်ယူလိုစိတ် အပြည့်ရှိကြဖို့ တိုက်တွန်းအားပေးခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုအပြင် အားကစားပွဲတွေနဲ့တကွ အလွတ်သဘော ထိတွေ့ဆက်ဆံမှုတွေကတစ်ဆင့် ရဲဘော်ရဲဘက်စိတ်ထား တည်ဆောက်ဖို့နဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ပိုမိုခိုင်မာလာစေဖို့ကိုလည်း အလေးထားခဲ့ပါတယ်။ မိတ်ဖက်နိုင်ငံအသီးသီးက စစ်သည်တွေဟာ ဘတ်စကက်ဘော၊ ဘော်လီဘောနဲ့ လွန်ဆွဲပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့ကြပြီး ဒါဟာ နိုင်ငံအသီးသီးက လက်နက်ကိုင်တပ်ဖွဲ့တွေကြားထဲမှာ အဖွဲ့လိုက်လုပ်ဆောင်တတ်တဲ့စိတ်၊ အပြန်အလှန်ယုံကြည်မှုနဲ့ ညီအစ်ကိုရင်းချာစိတ်ဓာတ်တွေကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုဟာ နှစ်ပတ်ကြာမြင့်မှာဖြစ်ပြီး တောင်ကုန်းတောင်တန်းနဲ့ တောတောင်ထူထပ်တဲ့ မြေပြင်အနေအထားတွေမှာ အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးတွေကို အဓိကဗဟိုပြုထားတာပါ။ ဒါ့အပြင် ပါဝင်တဲ့ စစ်သည်တော်အားလုံးရဲ့ လိုက်လျောညီထွေရှိမှု၊ ခံနိုင်ရည်ရှိမှုနဲ့ စစ်နည်းဗျူဟာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို မြှင့်တင်ပေးနိုင်ဖို့အတွက် ပူးတွဲစီမံကိန်းရေးဆွဲမှု လေ့ကျင့်ခန်းတွေ၊ စစ်နည်းဗျူဟာဆိုင်ရာ လေ့ကျင့်ခန်းတွေနဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်တဲ့ စစ်ဆင်ရေးတွေကိုလည်း ထည့်သွင်း‌လေ့ကျင့်နေကြတာ ဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့် သတိပြုကြရန် လူမှုဝန်ထမ်းဦးစီးဌာန အသိပေး

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ပေါ်ပေါက်လျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် အထူးသတိပြုကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် MCCT အစီအစဉ်တွင် အကျုံးဝင်သူများ၏ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လူပြင်၌သာ စာရင်းကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်း (Online) မှတစ်ဆင့် စာရင်းကောက်ယူခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြောင်း...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍ အထူးသတိပြုရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင် အချိန်မီ ကုသမှုခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးပါဝင်သည့် မသန့်ရှင်းသော ရေနှင့် အစားအစာများကို စားသုံးမိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားခြင်းဖြစ်ပြီး မိုးဦးကျကာလနှင့် မိုးကုန်ဆောင်းအကူး ကာလများတွင် ရောဂါဖြစ်ပွားမှု ပိုမိုများပြားနိုင်ကြောင်း သိရသည်။ ရောဂါပိုးများသည် အညစ်အကြေးများမှတစ်ဆင့် ယင်ကောင်များ၊ မသန့်ရှင်းသော လက်များနှင့် အစားအသောက်များအတွင်းသို့ ရောက်ရှိကာ တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ အဆိုပါ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ရုရှားနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071