Saturday, June 6, 2026

(၅)နှစ်နီးပါး ပိတ်ထားခဲ့သည့် မန္တလေးဘူတာကြီး ဂုံးကျော်တံတား...

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဘူတာကြီးအဆောက်အအုံအပေါ်မှ ဖြတ်သန်းသွားလာနိုင်သည့် ဂုံးကျော်တံတားကို ဇွန် ၆ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဂုံးကျော်တံတားမှာ နိုင်ငံရေးပဋိပက္ခများ...

မေလအတွင်း ပြည်ပသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲ...

ယခုကဲ့သို့ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ရာတွင် ကုန်ကျစရိတ်သက်သာပြီး ကုန်ပစ္စည်းအမြောက်အမြား သယ်ယူနိုင်သည့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းကို အဓိကအားပြု၍ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ရရှိခဲ့သည့်...

ကပေါ်ထော့အထက်တန်းကျောင်း ငါးနှစ်အကြာ ပြန်ဖွင့်နိုင်ရေး BGF...

ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေါနတောင်ခြေ အတွင်းကွင်းကလေးဒေသရှိ ကပေါ်ထော့အထက်တန်းကျောင်းကို ငါးနှစ်ခန့် ပိတ်ထားခဲ့ရပြီးနောက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် BGF တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ...

ပျဉ်းမနားမြို့နယ်ရှိ ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု...

ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်ကျေးရွာအုပ်စုရှိ တောင်သူများ စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရေးအတွက် ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု ဖြစ်သည့် နှမ်းတောဆည်၊ ကြခတ်ဆည်၊ ဇီးရိုင်းဆည်နှင့် ကျောက်ဆည်တို့အား...
HomeNewsLocal Newsစစ်ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးကို ဒေသန္တရစီမံကိန်းတွင်...

စစ်ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးကို ဒေသန္တရစီမံကိန်းတွင် ထည့်သွင်းအကောင်အထည်ဖော်ရန် အဆို မန္တလေးတိုင်းဒေသကြီးလွှတ်တော်၌ တင်သွင်း

စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုနှင့် ပျ-က်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးအတွက် ဒေသန္တရစီမံကိန်းများတွင် ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အဆိုတစ်ရပ်ကို တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

ဇွန် ၅ ရက် နံနက်ပိုင်းက ကျင်းပသည့် အစည်းအဝေးတွင် အဆိုအား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်က ဆက်လက်ဆွေးနွေးရန် သင့်မသင့် သဘောထားရယူရာ သဘောတူညီချက်ရရှိခဲ့သဖြင့် အဆိုကို လွှတ်တော်၌ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်ရက်ကိုလည်း လွှတ်တော်က ကြေညာခဲ့သည်။

ထို့ပြင် အစည်းအဝေးအတွင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၁) ဦးက မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း (၁၅) ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇွန် ၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၅)နှစ်နီးပါး ပိတ်ထားခဲ့သည့် မန္တလေးဘူတာကြီး ဂုံးကျော်တံတား ပြန်လည်ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဘူတာကြီးအဆောက်အအုံအပေါ်မှ ဖြတ်သန်းသွားလာနိုင်သည့် ဂုံးကျော်တံတားကို ဇွန် ၆ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဂုံးကျော်တံတားမှာ နိုင်ငံရေးပဋိပက္ခများ စတင်ဖြစ်ပွားချိန်မှစ၍ ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ခြင်းဖြစ်ပြီး (၅)နှစ်နီးပါးအကြာတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဂုံးကျော်တံတားသည် မန္တလေးမြို့ရှိ (၇၈)လမ်းနှင့် (၇၉)လမ်းတို့ကို ဆက်သွယ်ပေးထားသည့် အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် သွားလာရေးပိုမိုလွယ်ကူလာမည်ဖြစ်ကြောင်း သိရသည်။ တံတားပြန်လည်ဖွင့်လှစ်ပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက ဂုံးကျော်တံတား၏ ကြံ့ခိုင်မှုနှင့် အသုံးပြုနိုင်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မေလအတွင်း ပြည်ပသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲ တန်ချိန် တစ်သိန်းကျော် တင်ပို့နိုင်ခဲ့၊ ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်သို့ ဈေးကွက်ဖြန့်ကြက်ပြီးခဲ့သည့် မေလအတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံအသီးသီးသို့ ဆန်နှင့် ဆန်ကွဲ စုစုပေါင်း တန်ချိန် ၁၃၀,၀၀၀ (၁ သိန်း ၃ သောင်း) ကျော်...

ယခုကဲ့သို့ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ရာတွင် ကုန်ကျစရိတ်သက်သာပြီး ကုန်ပစ္စည်းအမြောက်အမြား သယ်ယူနိုင်သည့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းကို အဓိကအားပြု၍ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ရရှိခဲ့သည့် ကုန်သွယ်မှုပမာဏ အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ဆန် တင်ပို့မှု: စုစုပေါင်း တန်ချိန် ၅၇,၈၅၈ တန်ဆန်ကွဲ တင်ပို့မှု: စုစုပေါင်း တန်ချိန် ၇၈,၄၀၄ တန်ကမ္ဘာ့ဈေးကွက်သို့ မြန်မာ့ဆန် ဖြန့်ကြက်နိုင်မှု အခြေအနေမြန်မာ့ဆန်နှင့် ဆန်ကွဲများကို အာရှဒေသတွင်းနိုင်ငံများသာမက ဥရောပ၊ အာဖရိကနှင့် ဗြိတိန် အပါအဝင် အနောက်နိုင်ငံများအထိပါ ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့် တင်ပို့နိုင်ခဲ့သည်။ ဆန်တင်ပို့သည့်...

ကပေါ်ထော့အထက်တန်းကျောင်း ငါးနှစ်အကြာ ပြန်ဖွင့်နိုင်ရေး BGF နှင့် ဒေသခံများ စုပေါင်းရှင်းလင်း

ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေါနတောင်ခြေ အတွင်းကွင်းကလေးဒေသရှိ ကပေါ်ထော့အထက်တန်းကျောင်းကို ငါးနှစ်ခန့် ပိတ်ထားခဲ့ရပြီးနောက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် BGF တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဒေသတွင်း စစ်ရေးပဋိပက္ခများကြောင့် နှစ်ရှည်ပိတ်ထားခဲ့ရသည့် အဆိုပါကျောင်းတွင် ဇွန် ၅ ရက်က BGF အမှတ်(၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး စောမုတ်သုန်နှင့် ဗိုလ်မှူး စောထူး ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၅၀ ကျော်၊ အတွင်းကွင်းကလေး(နို့ဖိုး)၊ အပြင်ကွင်းကလေး(ထိမူထ)နှင့် အတွင်းမဲကနယ်ကျေးရွာများမှ ဒေသခံ ၁၅၀ ကျော်တို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071