မန္တလေးငလျင်ကြီးကြောင့် ပျက်စီးမှုအချို့ရှိခဲ့သည့် စစ်ကိုင်းတောင် ကျိုက်လတ်ချောင် စေတီနှင့် တိလောကဂုရု လှိုဏ်ဂူရှိ နံရံပန်းချီများအား ပျက်စီးဆုံးရှုံးမှု ဆက်လက်မဖြစ်ပေါ်စေရန် ပြုပြင်ထိန်းသိမ်းပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ နံရံပန်းချီများအား ပြုပြင်ထိန်းသိမ်းနိုင်ရန် ရှေးဟောင်းသုတေသနသို့ အလှူငွေပေးအပ်ပြီးပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပါဝင်ဆောင်ရွက်ခဲ့သူ ကိုမျိုးဆွေသန်းက သူ ၏လူမှုကွန်ရက်မှတဆင့် ရေးသားထားသည်။
“ထိပ်တန်းလက်ရာ (၂) ဆူ အတွက်ပုံမှန်အတိုင်းဆိုလျင် အ နည်းဆုံးအနှစ် ၂၀၀၊ ၃၀၀ ခန့် တည်တံ့ပြီး နောက်မျိုးဆက်က ဆက်လက်ပြီးလက်ဆင့်ကမ်း သယ်ဆောင်နိုင်ပါစေ ဆုတောင်းပါတယ်” ဟု ၎င်းက ရေးသားသည်။
ကျိုက်လတ်ချောင် စေတီသည် ပင်းယခေတ်အတွက် အကောင်းဆုံးနံရံပန်းချီ ဖြစ်သလို တိလောက နံရံပန်းချီသည် ညောင်ရမ်းခေတ်အတွက် အကောင်းဆုံးနံရံပန်းချီ တစ်ခုဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – Myo Swe Than FB
