စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ဘေးရှောင် မိသားစုများ၏ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်း သူ (၁၅၀၀) ဦးကို သဲဖြူဆရာတော်ကြီးက သြဂုတ်လ (၂၉) ရက် နေ့လယ်ပိုင်းတွင် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာမျိုးစုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ (၁၅၀၀)ဦးကို မုံရွာမြို့၊ ရုံးကြီးရပ်၊ ရွှေစည်းခုံ သာသနာ့ဗိမာန်တွင် ဆရာတော်ကြီးနှင့်အဖွဲ့က ကျောင်းဝတ်စုံနှင့် စာရေးကိရိ ယာမျိုးစုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
သဲဖြူဆရာတော်ကြီးသည် မုံရွာပြည်သူ့ဆေးရုံကြီးတွင် (၅) ရက်ကြာ အခမဲ့ကုသခွဲစိတ်ခံနေကြသော မျက်စိလူနာများထံ သြဂုတ်လ(၂၉)ရက်က ကြွရောက်လှုဒါန်းကာ အားပေးစကားများချီးမြှင့်တော်မူခဲ့သေးသည်။
သဲဖြူဆရာတော်ကြီး ဦးဆောင်မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် မုံရွာမြို့ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ်လ (၂၉) ရက်မှ စတင်၍ စက်တင်ဘာလ (၂) ရ က်အထိ မျက်စိအထူးကု ဆရာဝန်ကြီးများမှ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသပေးခြ င်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
