Friday, May 8, 2026

ဟန်တာဗိုင်းရပ်စ်ကကူးစက်မှုနည်း–ဒဗ္ဗလျူအိတ်ခ်ျအို

MV Hondius အပျော်စီးသင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားပြီးနောက် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် ဗိုင်းရပ်စ်က ထပ်မံမပြန့်ပွားစေရန် ကြာသပတေးနေ့တွင် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ အာဏာပိုင်များသည်...

ကုန်သွယ်ရေးသဘောတူညီချက်ကို အတည်ပြုရန်အီးယူကို ဇူလိုင်လ ၄...

မေလ ၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ဥရောပသမဂ္ဂအနေဖြင့် အမေရိကနှင့်ချုပ်ဆိုထားသော ကုန်သွယ်ရေးသဘောတူညီချက်ကို လာမည့် ဇူလိုင်လ ၄ ရက်ထက် နောက်မကျဘဲ အတည်ပြုရမည်ဖြစ်ကြောင်း၊...

အထူးစီးပွားရေးဇုန်များအနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် နည်းလမ်းမျိုးစုံဖြင့်...

အထူးစီးပွားရေးဇုန်များအနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြရမည်ဖြစ်ကြောင်း၊  မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ကပြောသည်။ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်...

၂၀၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်း...

၂၀၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းဖွင့်ပွဲ အခမ်းအနားကို မေ ၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ...
HomeNewsLocal Newsစစ်ကိုင်းတိုင်းဒေသကြီးအတွင်းသွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်မားလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်မားလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်မားလျက်ရှိပြီး ချောင်းဦးနှင့် ဒီပဲယင်း မြို့နယ်များတွင် အဆိုပါရောဂါကြောင့် ‌ေ-သဆုံးမှုရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်ထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘို၊ စစ်ကိုင်း၊ ကလေးနှင့်မုံရွာ မြို့နယ်များတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအများဆုံး မြို့နယ်များဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိပြည်သူလူထုများနှင့် အနာဂတ်မျိုးဆက်သစ်ကလေးငယ်များ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် သွေးလွန်တုပ်ကွေးရောဂါကို အရှိန်အဟုန်မြှင့် ကာကွယ်နှိမ်နှင်းနိုင်ရန်အတွက် မဟာဗျူဟာမြောက် အရေးကြီး အစည်းအဝေးကို မေလ (၇)ရက် ၊ မွန်းလွဲ (၁) နာရီကမုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။

“လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းလုံး အတိုင်းအတာနဲ့ ကြည့်ရင်ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုတွေ ၊ မိုးရွာသွန်းမှုပုံစံ မမှန်တာတွေကြောင့်သွေးလွန်တုပ်ကွေးရောဂါဟာရာအများအပြားမှာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပါတယ်။ အထူး သဖြင့်ကမ္ဘာလုံး ဆိုင်ရာအပူချိန်မြင့်တက်မှုနဲ့အတူ ခြင်ပေါက်ပွားမှု သံသရာဟာ ပိုမိုမြန်ဆန်လာတဲ့အတွက် သွေးလွန်တုပ်ကွေးဟာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အဓိကစိန်ခေါ်မှု တစ်ခု ဖြစ်လာတဲ့အတွက်ကြောင့် ကလေးတွေကို ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည်ဝတ်ဆင်ဖို့ မိဘတွေကို တိုက်တွန်းလိုပါတယ်။ လူဦးရေ ထူထပ်တဲ့ မြို့ပြဒေသတွေသာမကကျေးလက်ဒေသတွေမှာပါ ရောဂါပိုးရှိတဲ့ခြင်တွေ ပျံ့နှံ့ နေပြီဖြစ်ပါတယ်။ အထူးသဖြင့် ရောဂါဖြစ်ပွားမှုအမြင့်ဆုံးလတွေဖြစ်တဲ့ ဇူလိုင်နဲ့ ဩဂုတ်လတွေမှာခြင်ဆေးဖျန်းခြင်းနဲ့အဘိတ် (Abate)ဆေး ခတ်ခြင်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးကာကွယ်ရေးဟာကျန်းမာရေး ဌာနတစ်ခုတည်းရဲ့ တာဝန်မဟုတ်ဘဲစစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဌာနဆိုင်ရာအားလုံးနဲ့ပြည်သူလူထုရဲ့ စုပေါင်းအင်အားနဲ့ ဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောသည်။

မဟာဗျူဟာမြောက်အစည်းအဝေးကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်ကျင်းပခြင်းဖြစ်ပြီးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမြင့်ကျော်က အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမြတ်ကျော်သူက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ် ကွေး ရောဂါဖြစ်ပွား‌ေ-သဆုံးမှု အခြေအနေများနှင့်သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြမှုများအပေါ် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟန်တာဗိုင်းရပ်စ်ကကူးစက်မှုနည်း–ဒဗ္ဗလျူအိတ်ခ်ျအို

MV Hondius အပျော်စီးသင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားပြီးနောက် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် ဗိုင်းရပ်စ်က ထပ်မံမပြန့်ပွားစေရန် ကြာသပတေးနေ့တွင် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ အာဏာပိုင်များသည် ရောဂါပိုးမတွေ့ရှိမီ သင်္ဘောပေါ်မှ ဆင်းသွားခဲ့သည့် ခရီးသည်များနှင့် ၎င်းတို့နှင့် အနီးကပ်ထိတွေ့ခဲ့သူများကို လိုက်လံစုံစမ်းလျက်ရှိသည်။ MV Hondius သင်္ဘောပေါ်တွင် ဖြစ်ပွားခဲ့သော ကူးစက်မှုကြောင့် ဒတ်ခ်ျဇနီးမောင်နှံနှစ်ဦးနှင့် ဂျာမနီနိုင်ငံသားတစ်ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗ္ဗလျူအိတ်ခ်ျအို) ၏ သတင်းထုတ်ပြန်ချက်အရ လက်ရှိတွင် အတည်ပြုလူနာ ၅ ဦးရှိပြီး...

ကုန်သွယ်ရေးသဘောတူညီချက်ကို အတည်ပြုရန်အီးယူကို ဇူလိုင်လ ၄ ရက်နေ့အထိအချိန်ပေးမည်–ထရမ့်ပ်

မေလ ၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ဥရောပသမဂ္ဂအနေဖြင့် အမေရိကနှင့်ချုပ်ဆိုထားသော ကုန်သွယ်ရေးသဘောတူညီချက်ကို လာမည့် ဇူလိုင်လ ၄ ရက်ထက် နောက်မကျဘဲ အတည်ပြုရမည်ဖြစ်ကြောင်း၊ သတ်မှတ်ချိန်အတွင်း အတည်မပြုနိုင်ပါက သွင်းကုန်အခွန်များကို ယခုထက်များစွာမြင့်မားသော နှုန်းထားများဖြင့် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ဥရောပတာဝန်ရှိသူများအကြား အဆိုပါသဘောတူညီချက်နှင့်ပတ်သက်၍ တညီတညွတ်တည်း ဆုံးဖြတ်ချက်မချနိုင်ဖြစ်နေပြီးနောက် ထရမ့်က ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။ အမေရိကန်သမ္မတက ၎င်းအနေဖြင့် အီးယူ အကြီးအကဲ အာဆူလာ ဗွန်ဒါလီယန် နှင့် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်းနှင့် “ကျွန်တော်တို့နိုင်ငံရဲ့ နှစ် ၂၅၀ ပြည့်...

အထူးစီးပွားရေးဇုန်များအနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြရမည်ဖြစ်

အထူးစီးပွားရေးဇုန်များအနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြရမည်ဖြစ်ကြောင်း၊  မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ကပြောသည်။ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ ပထအကြိမ်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် အထူးစီးပွားရေးဇုန်များသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်းလည်း ဒေါက်တာကံဇော်က ပြောသည်။ ပြည်သူများ အလုပ်အကိုင်ရရှိစေရန်၊ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားပြီး ပြည်ပပို့ကုန်တိုးတက်စေရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုးများလာစေရန်နှင့် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိစေရန်တို့အတွက် အထူးစီးပွားရေးဇုန်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးသည် အရေးကြီးကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အဓိကအကောင်အထည်ဖော်ဆောင်ရွက်နေသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071