ကိုရီးယားပေါ့ အဆိုတော်မလေး IU ဟာ စင်ကာပူမှာ ဒီဇင်ဘာ ၁၅ ရက်နေ့က သီဆိုဖျော်ဖြေခဲ့ ပါတယ်။ ဖျော်ဖြေနေစဉ်အတွင်း သူဟာ Gloomy Clock သီချင်းအစား Jonghyun ရေးထား ပေးခဲ့တဲ့ Modern Times သီချင်းကို ပြောင်းလဲသီဆိုခဲ့ပါတယ်။
သူဖျော်ဖြေတင်ဆက်မယ့် သီချင်းတွေထဲမှာ Modern Times သီချင်းမပါဝင်ခဲ့ ပေမယ့် Jonghyun ရဲ့ တစ်နှစ်ပြည့်ကို လွမ်းဆွတ်တဲ့အနေဖြင့် အခုလို ပြောင်းလဲ သီဆိုခဲ့တာပါ။ IU ဟာ သီချင်းမဆိုခင်မှာ သူ အရမ်းလွမ်းနေတဲ့ လူတစ်ယောက်အတွက်ပါ ဆိုပြီး ပရိသတ်ကိုပြောပြခဲ့ပါတယ်။ ပရိသတ်တွေကလည်း သူ့ရဲ့သီချင်းကို နားထောင်ရင်း Jonghyun ကို သတိရခဲ့ပါတယ်။ Jonghyun ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၈ ရက်နေ့က သေဆုံးခဲ့ပြီး အခုဆို တစ်နှစ်ပြည့် သွားပြီဖြစ်ပါတယ်။