ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ ၂၀ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှထုတ်ပြန်ကြေညာထားသည်။
ဗဟိုဘဏ်မှ ဇန်နဝါရီလဆန်းပိုင်းတွင်လည်း စက်သုံးဆီလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ (၂၅)သန်း ရောင်းချပေးထားသည်။
ဗဟိုဘဏ်အနေဖြင့် ယခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ နိုင်ငံခြားငွေများကိုဆက်တိုက် ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ထို့ပြင် ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၉) ရက်အထိ (၄)လအတွင်း ဒေါ်လာ (၃၃၅) သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၂၇၄) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သလို ယခုဘဏ္ဍာနှစ် (၇)လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ (၁) ဘီလီယံကို သီးသန့်ထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်ထားချက်အရ သိရသည်။