Wednesday, May 6, 2026

MSMEs ချေးငွေများအား Quick Win...

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့...

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း...

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...
HomeArticlesစက်ဘီးလေးရဲ့ ဘီးပေါက်ခြင်းအလှ

စက်ဘီးလေးရဲ့ ဘီးပေါက်ခြင်းအလှ

စက်ဘီးလေးမှာ …
ဘီးပေါက်ခြင်း ဒဿနရှိတယ်။

စက်ဘီးလေးမှာ …
ဘီးပေါက်ခြင်း ဘဝရှိတယ်။

စက်ဘီးလေးမှာ …
ဘီးပေါက်ခြင်း အနုပညာရှိတယ်။

စက်ဘီးလေးမှာ …
ဘီးပေါက်ခြင်း မာယာရှိတယ်။

စက်ဘီးလေးမှာ …
ဘီးပေါက်ခြင်း အိနြေ္ဒရှိတယ်။

စက်ဘီးလေးမှာ …
ဘီးပေါက်ခြင်း ကျင့်စဉ်ရှိတယ်။

စက်ဘီးလေးမှာ …
ဇာတ်နာတဲ့ ပြဇာတ်တစ်ပုဒ်ရှိတယ်။

စက်ဘီးလေးမှာ …
ဒုက္ခအတုရှိတယ်။

စက်ဘီးလေးမှာ …
မိဘဝတ္တရားရှိတယ်။

စက်ဘီးလေးမှာ …
အိုက်တင်ကောင်းကောင်းရှိတယ်။

စက်ဘီးလေးမှာ …
ငိုချင်းကဗျာရှည်ရှိတယ်။

စက်ဘီးလေးမှာ …
‘စက်ဘီးမဖြစ်တဲ့အခါ’ ဆိုတာရှိတယ်။

စက်ဘီးလေးမှာ …
နယ်လှည့်ရာဇဝင်ရှိခဲ့တယ်။

စက်ဘီးလေးမှာ …
သောကတောင်တန်းရှိတယ်။

စက်ဘီးလေးမှာ …
သီချင်းတစ်ပုဒ်ရှိတယ်။

စက်ဘီးလေးမှာ …
သီချင်းနဲ့ပတ်သက်ပြီး ‘ဓာတ်ပြား’ ရတယ်(သူ့ဟာသူပေးတာ)။

စက်ဘီးလေးမှာ …
ကတ္တီပါ ဖိနပ်ရှိတယ်။

စက်ဘီးလေးမှာ …
ကျန်းမာခြင်းလက်ဆောင်ရထားတယ်။

စက်ဘီးလေးမှာ …
အသိုက်အဝန်းနည်းတယ်။

(၂)
စက်ဘီးလေးဟာ …
အဟိတ်တိရစ္ဆာန်မဟုတ်ဘူး။

စက်ဘီးလေးဟာ …
အာကာသစိုးနတ်လည်း မဟုတ်ဘူး။

စက်ဘီးလေးဟာ …
အသဗနီနက္ခတ်မသိဘူး။

စက်ဘီးလေးဟာ…
အဏုကြည့် ကိရိယာမဟုတ်ဘူး။

စက်ဘီးလေးဟာ …
သူ့ကိုယ်သူ ဟိန်းနေအောင် ကြီးမနေ ဘူး။

စက်ဘီးလေးဟာ …
လူအထင်ကြီးအောင်လည်း ဘာမှ မလုပ်ဘူး။

စက်ဘီးလေးဟာ …
လှလှပပလဲ မကျတတ်ဘူး။

စက်ဘီးလေးဟာ …
တောက်တောက်ပပ မနေခဲ့ဘူး။

စက်ဘီးလေးဟာ …
ရူပါရုံ မသားနားဘူး။

စက်ဘီးလေးဟာ …
သိင်္ဂါသံသီချင်းမဆိုခဲ့ဘူး။

စက်ဘီးလေးဟာ …
သိင်္ဂုတ္တရတောင်လည်း မတက်ခဲ့ဘူး။

စက်ဘီးလေးဟာ …
နဂါးလှည့်တွေ ဘာတွေ နားမလည်ဘူး။

စက်ဘီးလေးဟာ …
စက်ဘီးဓမ္မသတ်လည်း မသိဘူး။

စက်ဘီးလေးဟာ …
နဖားကြိုးလည်း အတပ်မခံဘူး။

စက်ဘီးလေးဟာ …
နောက်ပိတ်ခွေးလည်း မဟုတ်ဘူး။

စက်ဘီးလေးဟာ …
အနွှာခံရသော်လည်း ငှက်ပျောသီး မဟုတ်ဘူး။

စက်ဘီးလေးဟာ …
ဘယ်ညီလာခံမှ မတက်ဘူး။

စက်ဘီးလေးဟာ …
ဘယ်ပစ္စန္တရစ်မှ သစ်ပင်မစိုက်ခဲ့ဘူး။

(၃)
စက်ဘီးလေးသည် …
(ခုနှယ်ခါ …) ဘီးပေါက်ခြင်း ဒဿနမရှိတော့။

စက်ဘီးလေးသည် …
ဘီးပေါက်ခြင်း ဘဝမရှိတော့။

စက်ဘီးလေးသည် …
ဘီးပေါက်ခြင်းအနုပညာမရှိတော့။

စက်ဘီးလေးသည် …
ဘီးပေါက်ခြင်းမာယာ မရှိတော့။

စက်ဘီးလေးသည် …
ဘီးပေါက်ခြင်း အိနြေ္ဒမရှိတော့။

စက်ဘီးလေးသည် …
ဘီးပေါက်ခြင်း ကျင့်စဉ်မရှိတော့။

ထို့ကြောင့် …ထို့ကြောင့် …ထို့ကြောင့်၊ စက်ဘီးလေးသည် “ဘီးပေါက်ခြင်းအလှ”လည်း မရှိ တော့ ယင်းအချိန်သည် စက်ဘီးလေး ၏ သက်ကြီးခေါင်းချအချိန်ဖြစ်သည်။ စက်ဘီးကလေးမှာ “သက်ကြီးစက် ဘီး”အဖြစ်၊ ခြံဝင်းအတွင်းရှိ၊ သရက် ပင်ကြီးအောက်၌ လဲလျောင်းလျက်ရှိ နေပေပြီ။

အချိန်နှင့် ရာသီ၏ တိုက်စားမှု ကြောင့် စက်ဘီးလေးမှာ ရှေ့ဘီးရော နောက်ဘီးပါ မရှိတော့။ သူ့ဘဝတစ် လျှောက်လုံး ဘီးပေါက်ခြင်းဖြင့်သာ ကျွမ်းဝင်ခဲ့သော စက်ဘီးလေးသည် ယခုဘဝတွင် ပေါက်စရာ ဘီးမရှိ တော့။

စက်ဘီးလေး ဘဝကူးကောင်းပါ စေ …။

ကိုငြိမ်း (မန္တလေး)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071