Saturday, September 19, 2026

CNN, MS NOW နဲ့...

CNN, MS NOW နဲ့ Politico သတင်းဌာနတွေကို အိမ်ဖြူတော် ဝင်ခွင့်"ပိတ်လိုက်ပြီ" လို့ သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ မွန်းလွဲပိုင်းမှာ...

သာသနာ့အာဇာနည် ချမ်းမြေ့ဆရာတော်ဘုရားကြီး သက်တော် ၉၉...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ချမ်းမြေ့ရိပ်သာ နာယကချုပ်၊ မဟာစည်နာယက ပဓာနနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသသည် ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်...

ရှမ်းပြည်နယ်ထွက် တန်ဖိုးမြှင့် ဟင်းသီးဟင်းရွက်အခြောက်ခံထုတ်ကုန်များ ဂျပန်ဈေးကွက်သို့...

ရှမ်းပြည်နယ်၊ စက်တင်ဘာ ၁၉ ရှမ်းပြည်နယ်မှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို တန်ဖိုးမြှင့်အခြောက်ခံထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ကာ ဂျပန်နိုင်ငံဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။ ကလောခရိုင်၊...

UFC ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ဂျိုရှုဝါဗန်နှင့်...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ယူအက်ဖ်စီ (UFC) ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ မြန်မာဖိုက်တာ ဂျိုရှုဝါဗန် (Joshua Van) နှင့် ချန်ပီယံဟောင်း...
HomeNewsLocal Newsငွေလိ-မ်ဂိုဏ်းများမှလွတ်လာသူများဝင်လာမည့်အရေးထိုင်းအသင့်ပြင်ထား

ငွေလိ-မ်ဂိုဏ်းများမှလွတ်လာသူများဝင်လာမည့်အရေးထိုင်းအသင့်ပြင်ထား

ထိုင်းနိုင်ငံက စွမ်းအင်အထောက်အပံ့အားလုံး ဖြတ်တောက်လိုက်ပြီးနောက် မြန်မာနိုင်ငံရှိ ငွေလိ-မ်ဂိုဏ်းများ၏အချုပ်အနှောင်မှလွတ်မြောက်လာသည့် နိုင်ငံခြားသားအမြောက်အများဝင်ရောက်လာနိုင်သည့်အတွက် အစိုးရက ပြင်ဆင်နေသည်ဟု ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

ငွေလိ-မ်ဂိုဏ်းများက ၎င်းတို့လုပ်ငန်းများအတွင်း ပိတ်မိနေသည့် အလုပ်သမားများကို ပြန်လွှတ်ပေးနေကာ ၎င်းတို့ကို ထိုင်းနိုင်ငံသို့ ပို့ဆောင်နေသည်ဆိုသော သတင်းများထွက်နေသော်လည်း ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့အားလုံးကို လက်မခံနိုင်ဟု သူက ပြောသည်။

“သူတို့ ရဲ့ မိခင်နိုင်ငံတွေက လက်မခံတဲ့သူတွေကို ကျွန်တော်တို့ ကလက်ခံမှာ မဟုတ်ပါဘူး” ဟု မစ္စတာ Phumtham က ပြောသည်။ ထိုင်းနိုင်ငံသည် ငွေလိ-မ်ဂိုဏ်းများမှ ရောက်ရှိလာသူများအတွက် ဒုက္ခသည်စခန်းများကို ဖွင့်သွားမည် မဟုတ်ကြောင်းလည်း သူက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ တတ်နိုင်သလောက် အကောင်းဆုံးလုပ်ဆောင်သွားမှာဖြစ်ပေမယ့် သူတို့ရဲ့ တုန့်ပြန်မှုနဲ့ ဆုံးဖြတ်ချက်တွေကိုတော့ ခန့်မှန်းလို့ မရပါဘူး” ဟု သူက ပြောကြားခဲ့သည်။

ငွေလိ-မ်ဂိုဏ်းများမှ လွတ်မြောက်လာသူများ အလုံးအရင်းဖြင့် လှိမ့်ဝင်လာနိုင်ခြေအတွက် ကိုင်တွယ်ဖြေရှင်းရန် ထိုင်းအစိုးရက နယ်စပ်တလျှောက်တွင် လုံခြုံရေးတပ်ဖွဲ့များ ကို ဖြန့်ကျက်ချထားပြီးဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူ ဒုတိယဝန်ကြီးချုပ်က ပြောသည်။

လူလိ-မ်များ၏ မတရားစေခိုင်းခံထားရသော နိုင်ငံခြားသား ၅၃ ဦးကို တာ့ခ်ပြည်နယ် Phop Phra ခရိုင်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် မြန်မာအစိုးရက သူ့ကို အကြောင်းကြားခဲ့သည်ဟုလည်း မစ္စတာ Phumtham က ပြောဆိုသည်။

ငွေလိ-မ်ဂိုဏ်းများ ပပျောက်သွားကြောင်း သက်သေပြနိုင်ပါက ထိုင်းနိုင်ငံက အင်တာနက်ဝန်ဆောင်မှုများ၊ လောင်စာဆီနှင့် လျှပ်စစ်ဓါတ်အားပေးပို့မှု ပိတ်ပင်ထားခြင်းကို ဖြေလျှော့ပေးသွားမည်ဟု ထိုင်းအစိုးရက မြန်မာဘက်ကို ပြောဆိုထားကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

CNN, MS NOW နဲ့ Politico သတင်းဌာနတွေ အိမ်ဖြူတော်ကို ဝင်ခွင့်မပြုတော့ဟု ထရမ့်ပြောကြား

CNN, MS NOW နဲ့ Politico သတင်းဌာနတွေကို အိမ်ဖြူတော် ဝင်ခွင့်"ပိတ်လိုက်ပြီ" လို့ သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ မွန်းလွဲပိုင်းမှာ ပြောကြားလိုက်ပါတယ်။ ဒီပိတ်ပင်မှုဟာ "ချက်ချင်း အသက်ဝင်တယ်" လို့ သူက ပြောပေမဲ့၊ သူ့အစိုးရအဖွဲ့အနေနဲ့ ဒါကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတဲ့ အရိပ်အယောင်တော့ မတွေ့ရသေးပါဘူး။ အရှေ့ပိုင်းစံတော်ချိန် မွန်းလွဲ ၃ နာရီလောက်မှာ ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်ကနေ ဒီ "ပိတ်ပင်မှု" ဟာ "သူတို့အနေနဲ့ 'သတင်းတု'...

သာသနာ့အာဇာနည် ချမ်းမြေ့ဆရာတော်ဘုရားကြီး သက်တော် ၉၉ နှစ်တွင် ခန္ဓာဝန်ချုပ်ငြိမ်း ပျံလွန်တော်မူ

ရန်ကုန်၊ စက်တင်ဘာ ၁၉ ချမ်းမြေ့ရိပ်သာ နာယကချုပ်၊ မဟာစည်နာယက ပဓာနနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသသည် ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့ရှိ ဂရန်းဟံသာ အပြည်ပြည်ဆိုင်ရာဆေးရုံကြီး၌ သက်တော် ၉၉ နှစ်အရွယ်တွင် ခန္ဓာဝန်ချုပ်ငြိမ်း ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို ယနေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ဂရန်းဟံသာ အပြည်ပြည်ဆိုင်ရာဆေးရုံကြီးမှ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ချမ်းမြေ့ရိပ်သာ စံကျောင်းတော်သို့...

ရှမ်းပြည်နယ်ထွက် တန်ဖိုးမြှင့် ဟင်းသီးဟင်းရွက်အခြောက်ခံထုတ်ကုန်များ ဂျပန်ဈေးကွက်သို့ အဓိကတင်ပို့

ရှမ်းပြည်နယ်၊ စက်တင်ဘာ ၁၉ ရှမ်းပြည်နယ်မှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို တန်ဖိုးမြှင့်အခြောက်ခံထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ကာ ဂျပန်နိုင်ငံဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။ ကလောခရိုင်၊ ဟဲဟိုးမြို့နယ်ရှိ မြန်မာဘဲလ် ဟင်းသီးဟင်းရွက်အခြောက်ခံစက်ရုံသည် ဒေသတွင်းထွက်ရှိသည့် ဂေါ်ဖီထုပ်၊ မုန်လာဥရွက်၊ မုန်လာဥနီ၊ မုန်လာဥဖြူနှင့် ဟင်းနုနွယ်ရွက် စသည့်သီးနှံများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်၍ ဂျပန်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။ ဂျပန်ဈေးကွက်သို့ တင်ပို့နိုင်ရန် ကုန်ကြမ်းရရှိသည့် စိုက်ခင်းအဆင့်မှစ၍ အရည်အသွေးစစ်ဆေးခြင်း၊ ရိတ်သိမ်းခြင်း၊ သန့်စင်ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ အခြောက်ခံခြင်းနှင့် ထုပ်ပိုးခြင်းအထိ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် Food Safety...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071