ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ လှိုင်မြစ်ဝအတွင်း သမ္ဗာန်တစ်စီးမှ ငါးဖမ်းသင်္ဘောကိုဝင်တို-က်မိခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၄ ရက်ည ၇ နာရီ ၂၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းမြောက်/အ နောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကျောက်တံတားသမ္ဗာန်ဆိပ်သို့ အေးကျေးရွာဘက်မှ ရေယာဥ်မောင်းသူအပါအဝင်(၉)ဦးလိုက်ပါမောင်းနှင်လာသော သမ္ဗာန်တစ်စီးသည် လှိုင်မြစ်အတွင်း၌ ငါးဖမ်းသင်္ဘောတစ်စီးအား ဝင်တို-က်မိပြီးနောက်တိမ်းမှော-က်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသဖြင့် အခင်းဖြစ်ပြီး အချိန်အနည်းငယ်အကြာ ၌ အမျိုးသမီး(၂)ဦးကို အသက်ရှင်လျက်ကယ်တယ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျန်ရှိနေသူ(၇)ဦးကို ကယ်တင်နိုင်ရန် ဆက်လက်ရှာဖွေမှုများပြုလုပ်ခဲ့ကြရာ ၎င်းတို့ (၇)ဦးလုံးကိုလည်း အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သဖြင့် ကယ်ဆယ်နိုင်ခဲ့သူအားလုံးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။