Thursday, May 14, 2026

ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စက်သုံးဆီများရောင်းချပေး

စစ်ရေးပဋိပက္ခများကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်းများ၌အသုံးပြုနိုင်ရန် ယနေ့ မေ ၁၄ ရက်တွင် စက်သုံးဆီများကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ ကော့ကရိတ်မြို့ပေါ်...

မော်လမြိုင်မြို့၌ လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းဖော်ဆောင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်နေထိုင်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရန်အတွက် လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းကိုဖော်ဆောင်လျက်ရှိသည်။ ထိုသို့ ဖော်ဆောင်နေမှုအား မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဒေါက်တာအောင်မြတ်ကျော်စိန်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၁၄ ရက်တွင် စီမံကိန်းဧရိယာအတွင်း...

စက်ရုံပိုင်ရှင်ထွက်ပြေး၍ ဒုက္ခရောက်နေရသည့် မြန်မာအလုပ်သမားများ  WAG...

ထိုင်းနိုင်ငံ၊ ဘန်ဘောရှိ အထည်ချုပ် စက်ရုံပိုင်ရှင်ထွက် ပြေးသွား၍ CI / PJ စာအုပ်များကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား(၁၅၀)ဦးခန့်မှာ အခက်အခဲများကြုံတွေ့နေရကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ...

​ဂျပန် Knock Out ပြိုင်ပွဲတွင်...

​ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပမည့် Knock Outမွေထိုင်းပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြန်မာ့ရိုးရာလက်ဝှေ့ကျော်(၃)ဦးစလုံး ဆေးစစ်ဝိတ်ချိန်ခြင်းလုပ်ငန်းစဉ်များကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့တွင် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်က အသိ ပေးထားသည်။ မြန်မာရိုးရာဖိုက်တာများဖြစ်ကြသည့်...
HomeInternationalငလျင်အလွန်၌တိဘက်ဆည်တမံငါးခု၌ပြဿနာရှိနေ

ငလျင်အလွန်၌တိဘက်ဆည်တမံငါးခု၌ပြဿနာရှိနေ

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်တောင်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့သော ၆ ဒဿမ ၈ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်လှုပ်ပြီးတွင် ရေအားလျှပ်စစ်ဆည်တမံ ၁၄ ခုကို စစ်ဆေးခဲ့ရာတွင် ၅ ခု၌ အက်ကြောင်းထင်မှုများအပါအဝင် အပြစ်အနာအဆာများ တွေ့ရှိခဲ့သည်ဟု အရေးပေါ်ဌာန အရာရှိတစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါဆည်ငါးခုအနက် သုံးခုကို ပြင်ဆင်ထိန်းသိမ်းမှုများလုပ်ဆောင်ပြီးဖြစ်ကြောင်း တိဘက်ဒေသ အရေးပေါ်စီမံခန့်ခွဲရေးအရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ငလျင်ဗဟိုချက်ဖြစ်ခဲ့သော Tingri စီရင်စုရှိ ရေအားလျှပ်စစ်ဆည်တစ်ခု၏ နံရံများသည် နိမ့်ဆင်းသွားခဲ့သဖြင့် ဆည်အောက်ပိုင်းရှိ ကျေးရွာခြောက်ရွာမှ လူ ၁,၅၀၀ ခန့်ကို အမြင့်ပိုင်းနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ရသည်ဟု သူက ပြောဆိုခဲ့သည်။

နောက်ဆည်တစ်ခုတွင်မူ ဆည်ရေစီးထွက်မှုကြောင့် စောင့်ကြည့် စောင့်ကြည့်ရေးကိရိယာများ တပ်ဆင်ထားသည်ဟု ဆိုခဲ့သည်။

လူပေါင်း ၁၂၆ ဦးထက်မနည်း ‌ေ-သဆုံးစေခဲ့ပြီး ရာနှင့်ချီကာ ဒဏ်ရာရရှိခဲ့သည့် ငလျင်သည် ကမ္ဘာ့အစွန်အဖျားအကျဆုံး ငလျင်လှုပ်ရာဒေသများထဲမှ တစ်ခုတွင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ ရေအားလျှပ်ဆည်များကိုတည်ဆောက်ခြင်း၏ အန္တရာယ်ကို သတိပေးလိုက်ခြင်းဖြစ်သည်။

အတိတ်က ငလျင်လှုပ်ခတ်မှုများအတွင်း အထူးသဖြင့် မြေပြိုခြင်းများနှင့် ကျောက်ဆောင်ပြိုကျခြင်းများကြောင့် ဆည်များပျက်စီးခဲ့သည်။ နီပေါနိုင်ငံတွင် ၂၀၁၅ ခုနှစ်က လှုပ်ခတ်ခဲ့သော အားပြင်းငလျင်ကြီးကြောင့် ၎င်း၏ ရေအားလျှပ်စစ်ဆည်များထဲမှ ငါးပုံတစ်ပုံနီးပါးကို တစ်နှစ်ကျော်ကြာ ပိတ်ခဲ့ရသည်။

၂၀၀၈ ခုနှစ်က လှုပ်ခတ်ခဲ့သော စီချွမ်ငလျင်နောက်ပိုင်း တရုတ်နိုင်ငံ၏ ပဉ္စမမြောက် လူအ‌ေ-သအပျောက်အများဆုံးဖြစ်သည့် တိဘက်တွင် ဇန်နဝါရီ ၇ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေအိမ် ၃,၆၀၀ ကျော် ပျက်စီးခဲ့ကာ၊ ဘာသာရေးအဆောက်အအုံများ ထိခိုက်ခဲ့ပြီး ယခုတိုင် ရစ်ခ်တာစကေး ၅ ဒဿမ ၀ ရှိ နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်နေဆဲဖြစ်သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စက်သုံးဆီများရောင်းချပေး

စစ်ရေးပဋိပက္ခများကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်းများ၌အသုံးပြုနိုင်ရန် ယနေ့ မေ ၁၄ ရက်တွင် စက်သုံးဆီများကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ ကော့ကရိတ်မြို့ပေါ် အမှတ်(၄)ရပ်ကွက်၊ အမှတ်(၆)ရပ် ကွက်၊ အမှတ်(၇ရပ်ကွက်၊ မြို့နယ်အတွင်းရှိ ရေကျော်ကြီးကျေးရွာ၊ ရေကျော်လေးကျေးရွာ၊ လှိုင်ဝကျေးရွာ၊ ရန်ကုတ်ကျေးရွာတို့မှ တောင်သူများလက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့၌ လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းဖော်ဆောင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်နေထိုင်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရန်အတွက် လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းကိုဖော်ဆောင်လျက်ရှိသည်။ ထိုသို့ ဖော်ဆောင်နေမှုအား မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဒေါက်တာအောင်မြတ်ကျော်စိန်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၁၄ ရက်တွင် စီမံကိန်းဧရိယာအတွင်း ရေပိုက်လိုင်းများသွယ် တန်းနေမှု၊ မြေကျင်းတူးဖော်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် မွန်ပြည်နယ်စည်ပင်ဝန်ကြီးမှ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကိုမှာကြားခဲ့သည်။

စက်ရုံပိုင်ရှင်ထွက်ပြေး၍ ဒုက္ခရောက်နေရသည့် မြန်မာအလုပ်သမားများ  WAG ကကူညီပေးနေ

ထိုင်းနိုင်ငံ၊ ဘန်ဘောရှိ အထည်ချုပ် စက်ရုံပိုင်ရှင်ထွက် ပြေးသွား၍ CI / PJ စာအုပ်များကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား(၁၅၀)ဦးခန့်မှာ အခက်အခဲများကြုံတွေ့နေရကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရသည်။ အဆိုပါ အထည်ချပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား(၁၅၀)ဦးခန့်အား စက်ရုံပိုင်ရှင်က ယမန်နေ့ မေ ၁၃ ရက်ညနေ ၅ နာရီတွင် ၎င်းတို့၏ လုပ်ခလစာများကိုရှင်းပေးမည်ဟု ယင်းနေ့နံနက်ပိုင်းက ဆက်သွယ်ပြောကြားပြီးနောက် ထွက်ပြေးတိမ်း ရှောင်သွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် စက်ရုံ၌အလုပ်လုပ်ကိုင်နေသည်မှာ (၁)နှစ်မှ (၅)နှစ်ခန့်အထိရှိကြပြီဖြစ်သော မြန်မာအလုပ်သမား (၁၅၀)ဦးခန့်မှာ အခက်အခဲများကြုံတွေ့နေရသဖြင့် ကူ ညီပေးပါရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071