Monday, June 29, 2026

သီလဝါအထူးစီးပွားရေးဇုန်တွင် နှစ်ရှည်မြေယာငှားရမ်းမှု ၃.၉ ဟက်တာ...

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် နှစ်ရှည်မြေယာငှားရမ်းမှု မြေဧရိယာ ၃.၉ ဟက်တာကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း မြန်မာ-ဂျပန် သီလဝါ ဒက်ဗလော့မင့် လီမိတက်...

ရန်ကုန်တိုင်းလွှတ်တော်တွင် YBS တိုးချဲ့ပြေးဆွဲရေး၊ နိုင်ငံ့ဝန်ထမ်းများ...

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) ကို ယနေ့ (ဇွန် ၂၉ ရက်) တွင် ဆက်လက်ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် (၈)...

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို...

အဆိုကို လက်ခံဆွေးနွေးရန် အတည်ပြု၊ ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ဆွေးနွေးမည့် ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းရမည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံ၏ ဘုံသဘောတူညီချက် (၅)...

အင်းစိန်ဗဟိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူများ (၅)...

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၃၆ ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး ရာနှုန်းပြည့်အောင်မြင်မှုကို (၅) နှစ်ဆက်တိုက် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏...
HomeMoviesငလျင်အပျ-က်အစီးများအောက် လေးရက်ကြာပိတ်မိနေသည့် သားအဖနှစ်ဦးကို...

ငလျင်အပျ-က်အစီးများအောက် လေးရက်ကြာပိတ်မိနေသည့် သားအဖနှစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်

ပြင်းထန်သော ငလျင်နှစ်ခုလှုပ်ခတ်ပြီး လေးရက်အကြာဖြစ်သည့် တနင်္ဂနွေနေ့တွင် ပြိုကျနေသော အဆောက်အအုံတစ်ခု၏ အပျ-က်အစီးများအောက် ပိတ်မိနေသည့် ဖခင်နှင့် ၎င်း၏သားဖြစ်သူကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းကယ်ဆယ်ရေးအောင်မြင်မှုသည် အသက်ရှင်ကျန်ရစ်သူများကို အချိန်လုရှာဖွေနေသည့် ပြင်သစ်နှင့် အမေရိကန် ကယ်ဆယ်ရေးအဖွဲ့များအတွက် မျှော်လင့်ချက်တစ်ရပ် ဖြစ်လာခဲ့သည်။

ကမ်းရိုးတန်းဒေသဖြစ်သည့် လာဂွိုင်ရာပြည်နယ်တွင် ကယ်ဆယ်ရေးသမားများက အားနည်းနေသည့် သားအဖနှစ်ဦးကို ထမ်းစင်များဖြင့် သယ်ဆောင်ကာ အပျက်အစီးများကြားမှ လူနာတင်ယာဉ်များသို့ ပို့ဆောင်ခဲ့ကြသည်။

အဆိုပါဒေသသည် ဗုဒ္ဓဟူးနေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒ-ဏ်ကို အပြင်းထန်ဆုံးခံခဲ့ရပြီး လူ ၁,၄၅၀ ထက်မနည်း ‌ေ-သဆုံးကာ ထောင်နှင့်ချီသော လူများ ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့များသည် အထူးရှာဖွေရေးကင်မရာများနှင့် အခြားကိရိယာများကို အသုံးပြု၍ အန္တရာယ်ရှိသော အပျ-က်အစီးများကြားတွင် ၁၂ နာရီကြာ ဆက်တိုက်ရှာဖွေခဲ့ပြီးနောက် သားအဖနှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

“အပျ-က်အစီးအောက်မှာ လေးရက်ကြာပိတ်မိနေတဲ့အတွက် သူတို့နှစ်ဦးစလုံး အလွန်အားနည်းနေပါတယ်။ ကယ်ထုတ်နေစဉ်အတွင်း ရေဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်းနဲ့ လိုအပ်တဲ့ ဆေးဝါးကုသမှုပေးခြင်းတွေကို တစ်ပြိုင်နက် ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ပြင်သစ်အရပ်ဖက်လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

ယင်းဒေသတွင် လုပ်ငန်းဆောင်ရွက်နေသည့် ကယ်ဆယ်ရေးအဖွဲ့တွင် ပြင်သစ်အရပ်ဖက်လုံခြုံရေးအဖွဲ့ဝင်များနှင့် အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Fairfax ကောင်တီ မြို့ပြရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်ရေးသမားများ ပါဝင်ပြီး ယခင်နေ့ကလည်း မိခင်တစ်ဦးနှင့် ကိုးလအရွယ် ကလေးငယ်တစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

သီတင်းပတ်ကုန်ပိုင်းအထိ လူ ၃၃ ဦးကို အသက်ရှင်လျက် ကယ်တင်ထားနိုင်သော်လည်း ထောင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ကာ အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်တွေ့ရှိနိုင်မည့် အခွင့်အလမ်း လျော့နည်းလာမည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

ကျွမ်းကျင်သူများ၏ အဆိုအရ ငလျင်လှုပ်ခတ်ပြီး ၇၂ နာရီကျော်လွန်ပါက အပျ-က်အစီးများအောက်မှ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေတွေ့ရှိနိုင်သည့် အခွင့်အလမ်းမှာ သိသိသာသာ လျော့နည်းသွားကြောင်း သိရသည်။

Ref: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီလဝါအထူးစီးပွားရေးဇုန်တွင် နှစ်ရှည်မြေယာငှားရမ်းမှု ၃.၉ ဟက်တာ အတည်ပြု၊ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှု ၅.၄ မဂ္ဂါဝပ်အထိ တိုးမြှင့်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် နှစ်ရှည်မြေယာငှားရမ်းမှု မြေဧရိယာ ၃.၉ ဟက်တာကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း မြန်မာ-ဂျပန် သီလဝါ ဒက်ဗလော့မင့် လီမိတက် (Myanmar Japan Thilawa Development Limited-MJTD) မှ သိရသည်။ MJTD သည် သီလဝါအထူးစီးပွားရေးဇုန်အတွင်း စက်မှုလုပ်ငန်းဧရိယာ ဖွံ့ဖြိုးရေး၊ ဈေးကွက်တင်ရောင်းချရေး၊ နှစ်ရှည်ငှားရမ်းရေးနှင့် စက်မှုလုပ်ငန်းဧရိယာ လည်ပတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တည်ထောင်ထားသော ကုမ္ပဏီဖြစ်သည်။ ကုမ္ပဏီ၏ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက်...

ရန်ကုန်တိုင်းလွှတ်တော်တွင် YBS တိုးချဲ့ပြေးဆွဲရေး၊ နိုင်ငံ့ဝန်ထမ်းများ မြေကွက်ချထားရေးအပါအဝင် ကြယ်ပွင့်ပြမေးခွန်း (၈) ခု ဆွေးနွေး

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) ကို ယနေ့ (ဇွန် ၂၉ ရက်) တွင် ဆက်လက်ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် (၈) ဦး၏ ကြယ်ပွင့်ပြမေးခွန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် (၁၂၃) ဦးအနက် (၁၁၉) ဦး တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင်— တွံတေးမြို့နယ်မှ ရန်ကုန်မြို့သို့ YBS ယာဉ်လိုင်း တိုးချဲ့ပြေးဆွဲပေးရေး၊ လှည်းကူးမြို့နယ်မှ ဘုရင့်နောင် (သီရိမင်္ဂလာဈေး) သို့ မော်တော်ယာဉ်လိုင်းအသစ် ပြေးဆွဲပေးရေး၊ အများပြည်သူ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှအပသုံး လူသုံးကုန်ပစ္စည်းများအား...

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းသည့်အဆို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်း

အဆိုကို လက်ခံဆွေးနွေးရန် အတည်ပြု၊ ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ဆွေးနွေးမည့် ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းရမည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ် (Five-Point Consensus) ကို ပြန်လည်သုံးသပ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အဆိုတစ်ရပ်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။ အဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ကလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071