ဂျပန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံ ခွင့်ရရှိဖို့ ကြိုးစားရင်း ရုန်းကန်ခဲ့ ရတဲ့ မြန်မာမိသာစုတစ်စုရဲ့ ဖြစ် ရပ်မှန် ဇာတ်လမ်း အခြေခံဇာတ် အိမ်ဖွဲ့ထားတဲ့ Passage of life အမည်ရ ဇာတ်ကားကို Akio Fujimoto ကိုယ်တိုင် ဇာတ်ညွှန်းရေး သားပြီး ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကိုတော့ အောက်တိုဘာ ၂၅ ရက်နေ့မှ နိုဝင် ဘာလ ၃ရက်နေ့ အထိ ပြုလုပ်မယ့် TOKYO INTERNATIONAL FESTIVAL ကပြပွဲမှာ ဆန်ကာတင်အဆင့် အနေနဲ့ ပြသခွင့် ရရှိထားပါ တယ်။ ဒီဇာတ်ကားကိုတော့ မြန်မာနဲ့ ဂျပန် နှစ် နိုင်ငံမှာ ရိုက်ကူးထားတာ ဖြစ်ပြီး သရုပ်ဆောင်တွေကတော့ မြန်မာသရုပ်ဆောင်တွေနဲ့ ရိုက်ကူ ထားတာ ဖြစ်ပါတယ်။ Passage of life ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်လို့ ဒါရိုက်တာAkio Fujimoto နဲ့ အင် တာဗျုး ဖြစ်ခဲ့ပါတယ်။
မေး- ဒီရုပ်ရှင်ဇာတ်ကားကို မြန်မာပြည်အထိ လာရောက်ပြီး ရိုက်ကူးခဲ့ကြတယ်။ အဲဒီအခါ မြန်မာ ပြည်အကြောင်းကို အရင်လေ့လာပြီး မှ လာရောက် ရိုက်ကူးခဲ့ကြတာလား။
ဖြေ-ဒီဇာတ်ကား စတင်ရိုက်ကူး မယ်ဆိုတုန်းကတော့ မြန်မာပြည်မှာ ရိုက်ကူးမယ်လို့တော့ မစဉ်းစားခဲ့ဘူး။ ဒါပေမဲ့ပရိုဂျုဆာက ဒီကားကို မြန်မာ ပြည်မှာမရိုက်ဘူးလားလို့ ကျွန်တော့် ကို မေးတယ်။ အဲဒီ့ကာလ တုန်းက ကျွန်တော့်အနေနဲ့ မြန်မာပြည်ကို မ ရောက်ဖူးဘူး။ အဲဒီမှာ ကျွန်တော် ရယ် ပရိုဂျူစာရယ်က ဒီဇာတ်ကားကို မြန်မာ ပြည်မှာလည်း ရိုက်ကူးမယ်လို့ ဆုံးဖြတ် လိုက်ကြတဲ့ အချိန်မှာ မြန်မာပြည်ကို တစ်ပတ်ကြာ လာ ရောက်နေထိုင် နေပြီးတော့ မြန်မာ ပြည်ဟာ ဘယ်လိုလဲဆိုတာ လာ လေ့လာကြတယ်။ အဲဒီအချိန်မှာ ဘာသိလိုက်လဲဆိုတော့ ကျွန်တော် က နိုင်ငံခြားသား ဖြစ်တဲ့အတွက် ကြောင့် မြန်မာပြည်မှာပဲ ရိုက်ကူးမယ် ဆိုရင် မြန်မာတွေရဲ့ ခံစားချက်တွေ ဖော်ပြဖို့ ခက်မယ်ဆိုတာကို သိလိုက် ရတယ်။ ဒါကြောင့် ပရိုဂျုစာနဲ့ စကားပြောတဲ့အချိန်မှာ ဂျပန်မှာ လည်း မြန်မာလူမျိုးတွေ အများကြီး နေထိုင်တယ်ဆိုတာကို သိလိုက်ရ တယ်။ အဲဒီ့အချိန်မှာပဲ ဂျပန်မှာ နေထိုင်တဲ့ မြန်မာလူမျိုးတွေရဲ့ဘဝသရုပ်ကိုဖော်တဲ့ ဇာတ်ကားကို ရိုက် ကူးကြမယ်လို့ ဆုံးဖြတ်လိုက်ကြ တယ်။
မေး- ဒီရုပ်ရှင်ဇာတ်ကား ရိုက် ကူးရခြင်းရဲ့ ရည်ရွယ်ချက်ကို သိချင် ပါတယ်။ အဓိက ပရိသတ်တွေကိုဘယ်လို Message ပေးချင် တာလဲ…။
ဖြေ-ဂျပန်ပြည်မှာ အနေကြာ လာတဲ့ မြန်မာတွေလည်း မြန်မာ ပြည်မှာ ပြန်နေမယ်ဆိုတဲ့ စိတ်တွေ လည်း ဖြစ်လာတဲ့လူတွေလည်း ရှိကြ ပါတယ်။ အဲဒီအချိန်မှာ ဂျပန်မှာ နေထိုင်လာတဲ့ မြန်မာမိသားစုတွေရဲ့ ကလေးတွေလည်း ရှိကြတယ်လေ။ ကလေးတွေကြောင့်ကိုယ့်မြန်မာ ပြည် ကို ပြန်ချင်ပေမယ့်လည်း မပြန် နိုင်ကြတဲ့ မိဘတွေလည်း အများကြီးရှိ တယ်။အဲဒီ့အခါ ဘယ်နိုင်ငံကိုပဲ ပြန်ပြန် ကလေးတွေအနေနဲ့ သူတို့ နေထိုင်တဲ့ နိုင်ငံမှာပြန်ပြီးတော့ ကျင့် သားရအောင်လုပ်နိုင်ဖို့အတွက် ကို ကျွန်တော့်အနေနဲ့ ပြချင်တာပါ။ မိသားစုတစ်စုရဲ့ အခြေအနေကို ရိုက်ကူးထားတာပါ။
မေး- ဒီဇာတ်ကားမှာ သရုပ်ဆောင် တွေက မြန်မာတွေ၊ ပြီးတော့သူတိုကသရုပ်ဆောင် အသစ်တွေဆိုတော့ အိုက်တင်တွေ သင်ပေးရတဲ့ အပိုင်း မှာကော အခက်အခဲတွေရှိခဲ့လား။
ဖြေ- ဒီဇာတ်ကား ထဲမှာပါတဲ့ မိသားစု လေးယောက်က ပထမ ဆုံးအနေနဲ့ သရုပ်ဆောင် လုပ်ကြတဲ့ လူတွေပါ။ ဒါကြောင့် သူတို့ကို သရုပ် ဆောင်တာ ထက်စာရင် စိတ်ကို အဓိကထားပြီး သရုပ်ဆောင်ဖို့ ပြောပြတယ်။ သရုပ် ဆောင်တာထက် စာရင်သူတို့စိတ်က ဘယ်လို ပြောင်း လဲ သွားလဲ ဆိုတာကို သင်ပေးတယ်။ သရုပ်ဆောင်တာကောင်းတယ် မ ကောင်းဘူးဆိုတာထက်စိတ်ကိုပဲ အဓိကထားပြီး လုပ်သွားတဲ့အတွက် ကြောင့်အဲဒီလောက် ကြီး အခက်အခဲ မရှိပါဘူး။
မေး- ဒီရုပ်ရှင်ဇာတ်ကားက Tokyo Film Festival မှာ ပြသဖို့ ဆန်ကာတင်စရင်းမှာ ပါသွား တယ်လို့ သိရတယ်။ အဲဒီအတွက် ပုံဖော်ရိုက်ကူးသူတစ်ယောက်ရဲ့ ပျော်ရွှင်မှုကကော ဘယ်လိုရှိမလဲ။ ပြီးတော့ ဒီရုပ်ရှင်ဇာတ်ကားကို ဂျ ပန်နဲ့ မြန်မာတို့မှာလည်း ရုံတင်ပြသ သွားဖို့ စီစဉ်သွားမယ်လို့ သိရပါ တယ်။ အဲဒီ့အကြောင့်လည်း ပြော ပါတယ်။
ဖြေ- အရွေးခံလိုက်ရတယ် ဆို တဲ့သတင်းကို ကြားလိုက်ရတဲ့ အချိန် မှာ ကျွန်တော့်အနေနဲ့ ယုံတောင် မ ယုံဘူး။ ၂ဝ၁၃ခုနှစ် ကတည်းကနေ အချိန်တွေအကြာကြီး ရိုက်ကူးပြီး ဖန်တီးလာရတဲ့ ဇာတ်ကားဖြစ်တဲ့ အတွက် အခုလို အချိန်မှာ အများကို ပြသဖို့ ရလာပြီ ဖြစ်တဲ့အတွက် တအားကို ပျော်ပါတယ်။ ဒီရုပ်ရှင်ပွဲ တော်က အာရှမှာဆိုရင် နံပါတ် ၂အဆင့်ရှိပါ တယ်။ ဒီလို ရုပ်ရှင်ပွဲ တော်ကြီးမှာ မြန်မာဆိုတာ ကို ပြသ ခွင့်ရတဲ့အတွက် တအားကို ကျေနပ်ပါ တယ်။ ကျွန်တော်တို့အနေ နဲ့ တစ်ခြားနိုင်ငံတွေက ရုပ်ရှင်ပွဲ တော်တွေမှာလည်း သွားရောက် ပြသဦးမှာပါ။ အကုန် လုံး ပြီးသွားတဲ့ အချိန်မှာ ၂ဝ၁၈ ခုနှစ် လောက်ကျ ရင်တော့ ရုံတင်ပြသဖို့ စီစဉ် ထားပါ တယ်။ မြန်မာပြည်မှာ ရုံတင်ပြသမယ့် ရက်ကကျတော့ ပြင်ဆင်ရမှာ တွေကအများကြီး ရှိသေးတယ်။ အဲ ဒါကြောင့် ရုံတင်ပြသမယ့်နှစ်ကိုတော့ အခုထက်ထိ မသတ်မှတ်ရသေးဘူး။
လင်းအက္ခရာ