Friday, May 23, 2025

အိန္ဒိယ စီမံပိုင်ခွင့်ရှိသော မြစ်ရေကို ပါကစ္စတန်...

အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားတွင် အ‌ေ-သအပျောက်များသည့် စစ်သွေးကြွတိုက်ခိုက်မှုကြောင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား မြစ်ရေခွဲဝေသုံးစွဲရေးစာချုပ်ကို နူးဒေလီဘက်က ရပ်ဆိုင်းခဲ့ပြီး နောက် တစ်လအကြာ ဖြစ်သော မေလ ၂၂...

မီနီအိုးဝေမောင်းသူကို ဓားဖြင့်ထိုးပြီး မီနီအိုးဝေအားလုယက်သွားသူ(၂)ဦးကိုဖမ်းမိ

မန္တလေးတိုင်း၊ အမရပူရမြို့တွင် မေ ၂၁ ရက်ညနေ ၄ နာရီကျော်ခန့်က မီနီအိုးဝေမောင်းနှင်သူအား ဓားဖြင့်ထိုး၍ မီနီအိုးဝေယာဥ်ကို လုယက်ယူဆောင်သွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမရပူရမြို့၊ စျေးကြိုရပ်ကွက်နေ...

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု...

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ...

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင်...
HomePoemဂီတဟာ စိတ်ထဲမှာယိမ်းခါလို့

ဂီတဟာ စိတ်ထဲမှာယိမ်းခါလို့

 

s

ဂီတရေ မင်းအသံသာလေး တိတ်သွားတဲ့အခါ အာရုံငါးပါးနဲ့ရှင်သန်သော လူသားတွေမို့ ခံစားမှုနောက်မှာ တွယ်ငြိကျန်တတ်တာပါပဲ။ သီချင်း တစ်ပုဒ်ကို နားထောင်ပြီး အကြာကြီးနေသည်အထိ ကြား ယောင်မိနေတုန်းဆိုတာ ကျွန်မတို့အားလုံး အနည်းနဲ့ အများဖြစ်ဖူးကြပါတယ်။ အဲဒီလို ချစ်ခြင်း သတိရခြင်းတို့ ကြောင့် ရင်မှာပဲ့တင်ကျန်ရစ်တဲ့ အဖြစ်တွေ ကို ရှယ်လီ (Percy Bysshe Shelley)က ဂီတရေ မင်းအသံသာ လေး တိတ်သွားတဲ့အခါ Music,When Soft Voices Die–ကဗျာမှာ ရေးသွားတာလေးရှိပါတယ်။ ဒီကဗျာပါဝင် တဲ့ ပုံနှိပ်စာအုပ်မှာတော့ “သို့” ရယ်လို့သာ ခေါင်းစဉ် ပေးထားတာ တွေ့ရမှာပါ။ ရှယ်လီဟာ ၁၇၉၂-နှစ်မှာ မွေးပြီး ၁၈၂၂ ခုနှစ်မှာ ကွယ်လွန်ပါတယ်။ သူသေဆုံး ချိန်မှာ အသက် ၃ဝ နှစ်သာ ရှိပါသေးတယ်။ ဒီကဗျာလေး ဟာ သူ့ရဲ့ အထင်ရှားဆုံး အရေးအသားထဲမှာ ပါဝင် ခဲ့ပါတယ်။ စုစုပေါင်း ကဗျာအကြောင်းရေ ၈ ကြောင်းသာ ရှိတာမို့ တိုတိုလေးဆိုပေမယ့် စာဖတ်သူစိတ်ထဲ နှစ် သက်မှု လှုပ်ခတ်သွားအောင် ဘယ်လိုရေးဖွဲ့ထားလဲ ဆိုတော့ ….

Music, when soft voices die,
Vibrates in the memory;
Odours, when sweet violets sicken,
Live within the sense they quicken.
Rose leaves,when the rose is dead,
Are heaprd for the beloved’s bed;
And so thy thoughts, when thou art gone,
Love itself shall slumber on.

နွဲ့ညှင်းသံသာ တိတ်သွားတဲ့အခါ
ဂီတဟာ စိတ်ထဲမှာ ယိမ်းခါလို့ ကျန်ရတယ်
ဗိုင်းအိုလက်ပန်းလှလေးတွေ နာဖျားကြတဲ့နောက်
သူတို့ရနံ့ဟာ ရှူရှိုက်သူအာရုံထဲ
အရှိန်မြှင့် ရှင်သန်နေပါတယ်
နှင်းဆီပန်းနွမ်းသွေ့သွားတဲ့အခါ
ချစ်သူစက်ရာထက်
သူ့အရွက် ပွင့်ဖတ်တို့ပုံစုပေးလိုက်တယ်
ချစ်ရသူသင် မရှိတော့တဲ့အခါမှာတော့
သင့်ကိုသတိရခြင်းများစွာနဲ့သာ
မေတ္တာဟာ အိပ်စက်လို့ နေသွားပါလိမ့်မယ်။

ကဗျာက ပထမစာကြောင်းလေး ဖြစ်တဲ့ Music, when soft voices die, Vibrates in the memory  (နွဲ့ညှင်းသံသာ တိတ်သွားတဲ့အခါ ဂီတဟာ စိတ်ထဲမှာ ယိမ်းခါ လို့ကျန်ရတယ်) ဆိုတဲ့ စာလေးဟာဆိုရင် စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာရပ်ဝန်းမှာ ပုံစံအမျိုးမျိုးနဲ့ ပြန်သုံး ကြ၊ မှီးကြနဲ့ သက်ရောက် နှစ်သက်မှု ကြီးလှပါတယ်လို့ ဆိုပါတယ်။ ဒီကဗျာလေးကို ကဗျာဆရာ မကွယ်လွန်ခင် တစ်နှစ်အလို ၁၈၂၁ ခုနှစ်က ရေးဖွဲ့ခဲ့တာပါ။ ကွယ်လွန် သွားတဲ့ သူ့ ဇနီးအပေါ် သူ့ချစ်ခြင်းကို ညွှန်း ခဲ့တာလားလို့ လည်း ထင်မြင်ချက်ပေးတာရှိပါတယ်။ ရှယ်လီဟာ ဥာဏ်ထက်မြက်ပြီး ရုပ်ရည်ချောမောလှပါတယ်။ သူ့ကို စွဲလမ်းသော အမျိုးသမီးတို့မှာ ကိုယ့်ကိုယ်ကိုယ် သတ် သေတဲ့ အဖြစ်တွေတောင် ပါဝင်ထားတာ ဖတ်ရပါတယ်။ သူဟာခံစားတတ် လွန်းတာမို့ အဖြစ်အပျက် တချို့အပေါ် ဖြေမပြေနိုင်သမျှ သူမြတ်နိုးကျွမ်းကျင်ရာ စာဖွဲ့တွေနဲ့ မှတ် တမ်းတင်ထားတယ်လို့ ထင်ပါတယ်။

ကဗျာတစ်ပုဒ်လုံးဟာ အာရုံတို့အကြောင်းကို အသေးစိတ် မွှန်းခြယ်မှုတို့နဲ့ အလှဆုံးရေးထားတာ ဖြစ် ပါတယ်။ ကဗျာလှလှလေး ဖတ်ပြီးချိန်မှာ ခံစားမူနောက် စွဲလမ်းတတ်သူတိုင်းရဲ့ရင်ထဲက လှိုင်းခတ်သံမစဲတဲ့ အဖြစ်ကို စောကြောမိပါတယ်။ လူအများစုဟာ မိမိတို့ နှစ်သက်စွဲငြိမှုအားနဲ့အမျှ မေ့လိုက်ဖို့လည်း ခဲယဉ်းတတ် တာပဲ မဟုတ်လားရှင်။ ဆင်ခြင်ယုတ္တိနယ်ပယ်အလွန် စည်းကျော်ချင်လည်း ကျော်မိ/ ကန့်သတ်ဘောင်တွေ အလွန်ထိ စိတ်ကို ရွက်လွှင့်တတ်ကြတာပဲလေ။ လွင့်မျော စီးဆင်းသွားတာကလွဲလို့ အမှားအမှန် မရှိသောစိတ်ကူး ကိုယ်ပိုင်ကမ္ဘာပါပဲ။

ယဉ်ဝါဖြူ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071