Wednesday, July 9, 2025

မန်းချောင်းရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်အမြင့် (၃)...

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ မန်းချောင်း ရေလှောင်တမံမှာ ဇူလိုင် (၈) ရက်၊ ညနေ (၆) နာရီအချိန်၌ ရေပိုလွှဲမှရေကျော်အမြင့် (၃.၄၀) ပေအထိ...

ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သူများအတွက် ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်ကို ဇူလိုင် ၈ ရက်နံနက် ၁၀ နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံလာရောက်လှူဒါန်းခဲ့သည်။ အဆိုပါ...

ငလျင်လှုပ်ပြီး ရက် (၁၀၀) ကျော်ကြာသည်အထိ...

ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်အပြီး ရက် (၁၀၀) ကျော်ကာလအထိ ပြည်သူများသည် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း...

MRF မှ ကိုရီးယားနည်းပညာဖြင့် ဆန်ခေါက်ဆွဲ...

ကိုရီးယားနည်းပညာဖြင့် ဆန်ခေါက်ဆွဲ အစိုနှင့် ဆန်ခေါက်ဆွဲ အခြောက်ထုတ်လုပ်နိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ အစီအစဥ်ကို စီးပွားရေးလုပ်ငန်းရှင်များထံသို့ အသိပေး၍ စီးပွားရေးသံမှူးမှတဆင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကပြောသည်။ စီးပွားရေးနှင့်...
HomeInternationalဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ဇန်နဝါရီ...

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ဇန်နဝါရီ ၁၉ ရက် စတင်မည်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနကဆို

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးသည် ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်တွင် အသက်ဝင်မည်ဖြစ်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျက် ဘင် မိုဟာမက် အယ်လ်အန်ဆရီ က ပြောကြားသည်။

“သဘောတူညီချက်အရ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးကို ဇန်နဝါရီလ ၁၉ ရက်နေ့ ဒေသစံတော်ချိန် မနက် ၈ နာရီ ၃၀ မိနစ်မှာ စတင်မှာ ဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသခံတွေ ဒါကိုသတိထားကြဖို့ အကြံပြုထားပါတယ်” ဟု X လူမှုကွန်ရက်တွင် သူက ရေးသားခဲ့သည်။

ကာတာနိုင်ငံ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဘင် အဗ္ဗဒူရာမန် အယ်လ်-သန်နီက ဒိုဟာ၊ ကိုင်ရိုနှင့် ဝါရှင်တန်တို့၏ ကြားဝင်ဖျန်ဖြေရေး ကြိုးပမ်းမှုများမှတစ်ဆင့် အစ္စရေးနှင့် ဂါဇာအခြေစိုက် ပါလက်စတိုင်း အစွန်းရောက်အဖွဲ့ ဟားမတ်စ်တို့က ဂါဇာတွင် ထိန်းသိမ်းထားသည့် ဓ–ားစာခံများကို လွှတ်ပေးရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြောင်း ဇန်နဝါရီ ၁၅ ရက်က ကြေညာခဲ့သည်။

အပစ်အခတ်ရပ်စဲရေးကနဦး ၄၂ ရက်တာကာလအတွင်း ဟားမတ်စ်တို့သည် အစ္စရေးအကျဉ်းထောင်များမှ ပါလက်စတိုင်းအကျဉ်းသားများနှင့် အပြန်အလှန်လဲလှယ်ခြင်းအားဖြင့် အစ္စရေးစစ်သားနှင့် အရပ်သားအမျိုးသမီး ဓ–ားစာခံ ၃၃ ဦးအပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရပ်သားများ၊ က-လေ-းများနှင့် သက်ကြီးရွယ်အိုများကို လွှတ်ပေးမည်ဖြစ်သည်။

ထို့အပြင် အစ္စရေးတို့ကလည်း ဂါဇာနယ်စပ်မှ အနည်းဆုံး မီတာ ၇၀၀ အကွာအထိ ၎င်း၏တပ်ဖွဲ့များကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုအား ကိုးကား၍ Al Jazeera ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။ သဘောတူညီချက်၏ ပထမအဆင့်တွင် နှစ်ဖက်စလုံးက ဂါဇာမှ အစ္စရေးတပ်များ အပြီးအပြတ် ဆုတ်ခွာရေး အပါအဝင် နောက်ဆက်တွဲ စည်းကမ်းချက်များကို ညှိနှိုင်းရန် စီစဉ်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန်းချောင်းရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်အမြင့် (၃) ပေ‌ကျော်အထိ ရှိနေ

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ မန်းချောင်း ရေလှောင်တမံမှာ ဇူလိုင် (၈) ရက်၊ ညနေ (၆) နာရီအချိန်၌ ရေပိုလွှဲမှရေကျော်အမြင့် (၃.၄၀) ပေအထိ ရောက်ရှိနေကြောင်း တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီဌာန၏ အသိပေးချက်အရ သိရသည်။ မန်းချောင်းရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅ ) ပေရှိကာ လက်ရှိရောက်ရှိနေသည့် ရေမှတ်မှာ (၆၂၈ .၄၀) ပေသို့ ရောက်ရှိနေပြီး (၃) ပေကျော် မြင့်တက်လာခြင်းဖြစ်သည်။ ယမန်နေ့ နံနက် (၆) နာရီအချိန်တွင် ရေပိုလွှဲမှ ရေကျော်အမြင့် (၂.၂)...

ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သူများအတွက် ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်ကို ဇူလိုင် ၈ ရက်နံနက် ၁၀ နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံလာရောက်လှူဒါန်းခဲ့သည်။ အဆိုပါ အလှူငွေကျပ်(၉၀၆ ဒသမ ၂၅၀)သန်းအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကလက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

ငလျင်လှုပ်ပြီး ရက် (၁၀၀) ကျော်ကြာသည်အထိ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရဆဲဖြစ်

ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်အပြီး ရက် (၁၀၀) ကျော်ကာလအထိ ပြည်သူများသည် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိအချိန်ထိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် လူဦးရေ (၁) သန်းကို အကူအညီများ ပေးထားပြီးဖြစ်သော်လည်း လိုအပ်ချက်များရှိနေဆဲဖြစ်ပြီး ရေရှည်အထောက်အပံ့ ပေးနိုင်ရန်အရေးကြီးကြောင်း UNOCHA Myanmar က ဆိုသည်။ ငလျင်လှုပ်ခတ်ခဲ့ပြီး သုံးလပြည့်ပြီးချိန်အထိ ရန်ပုံငွေ မလုံလောက်မှုကြောင့် တုံ့ပြန်ကူညီရေး ကြိုးပမ်းချက်များကို အကန့်အသတ်ဖြင့် ဆောင်ရွက်နေရဆဲဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071