Tuesday, May 26, 2026

“ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို...

လူမျိုးအခြေပြုဖက်ဒရယ်မဟုတ်ဘဲ နယ်မြေဒေသအခြေပြု ဖက်ဒရယ်ဖြစ်ရမည်” ဟုဆို“ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ရအောင်တည်ဆောက်မည်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မေ ၂၆...

“KG+9 မသင်မနေရပညာရေး အကောင်အထည်ဖော်မည်”

ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး နိုင်ငံတော်စီစဉ်ဆောင်ရွက်မည်ဟု သမ္မတပြော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မေ ၂၆ ရက်...

လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော်...

လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်...

ကွမ်းခြံကုန်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိငလျင်လှုပ်ခတ်

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ကိုဗဟိုပြု၍ ယနေ့ မေ ၂၆ ရက်ညပိုင်းက အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ ကွမ်ခြံကုန်းမြို့၏ တောင်-အရှေ့တောင်ဘက်(၃၆)မိုင်ခန့်အကွာ၊ အနက်(၁၁)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ...
HomeCelebrities' Newsခန္ဓာကိုယ် အချိုးအစား ပေါ်လွင်အောင်...

ခန္ဓာကိုယ် အချိုးအစား ပေါ်လွင်အောင် ကြိုးစား ပြင်ဆင် နေတဲ့ Miss Universe Myanmar 2018 အလှမယ် နှင်သွေးယုအောင်

Miss Universe 2018 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မယ့် အလှမယ် အသစ်ကတော့ အလှမယ် နှင်းသွေးယုအောင် ပဲဖြစ်ပါတယ်။

 နှင်းသွေးယုအောင်အနေနဲ့လည်း Miss Universe 2018 ပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် ထပ်မံယှဉ်ပြိုင်တဲ့အချိန်ကျမှ ဆုရရှိပြီး နိုင်ငံကိုယ် စားပြု အလှမယ် ဖြစ်လာတဲ့အတွက် အခက်အခဲတွေ များစွာကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါ တယ်။ ပရိသတ်တွေက နှင်းယုသွေးအောင်ကို ခန္ဓာကိုယ် အချိုးအစားနဲ့ပတ်သက်ပြီး ဝေဖန် အကြံပေးကြတဲ့အပေါ် လက်ရှိ နှင်းသွေးယုအောင် ကြိုးစားပြင်ဆင်နေ တဲ့အကြောင်း ပြောပြရာမှာတော့ …

“နှင်းသွေးက အခုကိုယ့်မှာရှိထားတဲ့ Knowledge ပိုင်း ဆိုင်ရာနဲ့ ပိုပြီးတိုးတက်အောင် လေ့လာနေတယ်။ စာမေးပွဲဖြေဆိုတာလည်း အခုမှပြီးတော့ အခုချိန်ကစပြီး Body ပိုင်း လေ့ကျင့်မှုတွေလည်း လုပ်တယ်။ နှင်းသွေးအတွက် Body က အားနည်းချက်တစ်ခုအနေနဲ့ ဖြစ် နေတော့လေ။ ပရိသတ်တွေပြောတာရော၊ ကိုယ့်ကိုစိတ်တိုင်း မကျတာကတော့ ခန္ဓာကိုယ်အချိုးအစား သိပ်မပေါ်ဘူး။ ညီမအရပ်က ၅ပေ ၆ လက်မဆိုပေမယ့် နိုင်ငံတကာနဲ့ယှဉ်ရင် ကိုယ့်နိုင်ငံကအလှမယ်က အရပ် ပုမှာလည်း ပရိသတ်တွေက စိုးရိမ်ကြတယ်။ ဒါကြောင့် Body ကို ကျစ်လျစ်အောင်ပဲ ညီမအနေနဲ့ ကစားလို့ရမယ်။ အရပ်ရှည်အောင်တော့ မလုပ်နိုင်ဘူးပေါ့။ ကျန်တဲ့ လိုအပ်တဲ့အပိုင်း တွေကိုလည်း နှင်းသွေးကြိုးစားလေ့လာနေပါတယ်”လို့ ပြောပြပါတယ်။  အခုလက်ရှိအချိန် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ မြန်မာကိုယ်စားပြု အဖြစ် သွားရောက်ယှဉ်ပြိုင်ကြတဲ့  အလှမယ်အရေအတွက်ကလည်း တဖြည်းဖြည်း  များပြား လာခဲ့ ပြီး တချို့ပြိုင်ပွဲတွေမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု တဖြည်းဖြည်း လျော့ကျလာတာကို တွေ့ရပါတယ်။ ဒီလိုမယ်ပြိုင်ပွဲတွေမှာ ပရိသတ်တွေ ဘာကြောင့်စိတ်ဝင်စားမှု နည်းလာ ရသလဲဆိုတာကို အလှမယ် နှင်းသွေးယုအောင်ရဲ့ အမြင်က …

“ညီမရဲ့အမြင်ကတော့ ၂ဝ၁၂၊ ၂ဝ၁၃ ခုနှစ်လောက်မှာ အလှမယ် ပြိုင်ပွဲ တွေ မြန်မာနိုင်ငံမှာပြန်ပြီးတော့ လူစိတ်ဝင်စားမှုတွေရှိလာတယ်။ နိုင်ငံကိုယ် စားပြုအနေနဲ့ အလှမယ်တွေ သွားရောက်ယှဉ်ပြိုင်ကြတဲ့အ ချိန်မှာလည်း ပရိသတ်တွေက တချို့အလှမယ်တွေကို အားမရတာတွေလည်း ရှိခဲ့တယ်။ ပြန်လာရင်လည်း ဘာဆုမှမရခဲ့တဲ့ပုံစံတွေကို ပရိသတ်တွေက အားမရ ကြဘူးလို့ ပြောကြတယ်။ ဆုရတဲ့လူတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ သူတို့မျှော်လင့်တဲ့ အလှမယ်တွေက ဆုမယူနိုင်တဲ့ အချိန်မှာ ပရိ သတ်တွေရဲ့ စိတ်ဝင်စားမှု တဖြည်းဖြည်း လျော့ကျသွားတယ်လို့ ထင်ပါတယ်။ နှင်းသွေးအနေနဲ့လည်း အလှမယ်တစ်ယောက် ဖြစ် လာတဲ့အချိန်မှာ Crown နဲ့အတူ မြန်မာနိုင်ငံကိုယ်စားပြုဆိုတာကို တပ်ပေးလိုက်ကြပြီ။ ဒါကြောင့် နှင်းသွေးလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်မြို့၊ ကိုယ့်နယ်အတွက် ညီမအပေါ်မူတည်တာကြောင့် အစွမ်းကုန်ကြိုးစား သွားမှာပါ”လို့ ပြောပြပါတယ်။

 မြတ်မိုးပွင့်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071