မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် နေအိမ်များကို မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများမှ ယနေ့ ဖေဖော်ဝါရီ ၄ ရက်က ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်ရှိ ရွှေတောင်တန်းစက်သုံးဆီအရောင်းဆိုင်၊ အောင်နန်းရိပ်သာ(အနောက်)ရပ်ကွက်ရှိ ဧရာရွှေဝါစက်သုံးဆီအရောင်းဆိုင်နှင့် Max Energy စက်သုံးဆီအရောင်းဆိုင်တို့၌ မီးငြိမ်းသတ်ရေးပစ္စည်းကိရိယာများကောင်းမွန်မှု ရှိ/မရှိကိုစစ်ဆေးပြီးနောက် မီးငြိမ်းသတ်ရေးအသိပညာပေးဟောပြောမှုများပြုလုပ်ခဲ့ကြသည်။
ထို့ပြင် ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာ(အ နောက်)ရပ်ကွက်ရှိ အကွက်(၂၃၄)(၂၃၅)မှ နေ အိမ်များတွင် မီးငြိမ်းသတ်ရေးပစ္စည်းကိရိယာများကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ မီးသတ်ယာဉ်ဝင်ထွက်သွားလာနိုင်မှုများ၊ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးချင်း၊ လမ်းကမ်း စာစောင်များဖြန့်ဝေခြင်း၊ နေအိမ်(၁၃၉)အိမ်တွင် ပစ္စည်းများ၊ မီးသတ်ဆေးဘူးများစနစ်တကျထားရှိရန်တို့ကို အသိပေးဟောပြောမှုများပြုလုပ်ခဲ့ကြသည်။
ထို့အတူ အောင်ပင်လယ်ရပ်ကွက်၊ အကွက်(စစ ၇)ရှိ အိမ်ခြေ(၂၀၀)၊ အိမ်ထောင်စု(၄၉၀)၊ လူဦးရေ(၈၆၀)ဦး၏ မီးဘေးလုံခြုံရေးအတွက် လျှပ် စစ်မီးသုံးစွဲမှုစနစ်တကျရှိစေရေး၊ လူနေအိမ်များအတွင်း တရားမဝင်လောင်စာဆီများသိုလှောင်မှုမရှိရေး၊ နေအိမ်ခြံဝင်းများအတွင်း လောင်စာအမှိုက်များစုပုံထားမှုမရှိရေးတို့ကို တစ်အိမ်တက်ဆင်း စစ်ဆေးခဲ့ကြသည်။
ထို့ပြင် အရေးပေါ်ရှေးဦးမီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သော မီးချိတ်မီးကတ်၊ သဲ၊ ရေ၊ လှေ ကား၊ မီးသတ်ဆေးဘူးများဆောင်ရွက်ထားရှိရေးတို့ကိုလည်းစစ်ဆေးကာ အသိပညာပေးဟောပြောခြင်း၊ မီးဘေးလုံခြုံရေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။