Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' Newsခင်ပွန်းဖြစ်သူရဲ့ ဖက်ရှင်နဲ့ပတ်သက်လို့ ဝေဖန်မှုတွေအပေါ်...

ခင်ပွန်းဖြစ်သူရဲ့ ဖက်ရှင်နဲ့ပတ်သက်လို့ ဝေဖန်မှုတွေအပေါ် ဇနီးဖြစ်သူဒေါက်တာနုနန္ဒာသန်းရဲ့ခံစားချက်

မြန်မာပြည်သိန်းတန်ရဲ့ဖက်ရှင်တွေနဲ့ပတ်သက်လို့ အားလုံးကအဆန်းတကြယ်ဖြစ်လို့နေရပါ တယ်။ ထူးခြားမှုအနေနဲ့ကတော့ မြန်မာပြည်သိန်းတန်ရဲ့ဖက်ရှင်တွေကိုဇနီးဖြစ်သူဒေါက်တာနုနန္ဒာ သန်း ကပဲ စီစဉ်ရွေးချယ်ဝတ်ဆင်စေခဲ့တာပဲဖြစ်တယ်လို့သိရပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ဖက်ရှင်နဲ့ပတ်သက်လို့ တစ်ချို့တွေရဲ့ဝေဖန်မှုတွေကလည်း ရှိလို့နေပြန်ပါတယ်။ ဒီဝေဖန်မှုတွေကိုပြန်ကြားရတဲ့ အပေါ် မှာအဝတ်အစားဆင်ပေးတဲ့ ဇနီးဖြစ်သူဒေါက်တာနုနန္ဒာသန်းရဲ့ခံစားချက်ကိုမေးတဲ့အခါ မှာ တော့..

“သူတို့မှာလည်း Right ရှိတယ်လေ။သူတို့ရဲ့အမြင်ကိုပြောပိုင်ခွင့်ရှိပါတယ်။ ပြောပါစေပေါ့။ သူတို့ရဲ့အမြင်ကိုးလေ။ ကိုယ့်ဘက်ကလည်းပိုကောင်းတယ်ထင်တာလေးလုပ်တာဆိုတော့ ဒီလိုပြောပိုင် ခွင့်လည်းရှိပါတယ်။ ပြောတာကိုလည်း ဂုဏ်ယူစွာနဲ့ပဲလက်ခံပါတယ်။ ကျေးဇူးလည်းတင်ပါတယ်” လို့ပြောပါတယ်။

မြန်မာပြည်သိန်းတန် ကိုဖက်ရှင်တွေစတင်ဆင်ပေးဖို့ အကြံဖြစ်ပေါ်လာပုံကိုလည်း သူ့ကိုဆက်မေးတဲ့အခါမှာတော့ “အရင်တုန်းက သူကစပို့ရှပ်လေးတစ်ထည်ပဲအမြဲတမ်း လိုလိုဝတ်တယ်။ သူကအရပ်လည်းရှည်တယ်။ ပိန်ပိန်သွယ်သွယ် လေးဆိုတော့ မိုက်ကယ်ဂျက်ဆင်တို့လို ပုံစံမျိုးလေးပေါ့လေ။အဆင်လေးတွေကိုဆင်လိုက်ရင်ထွက်တယ်လေ။ အန်တီက US  မှာနေတာကြာလာတော့အဲဒီ့ကနေဗဟုသုတလေးတွေယူပြီးအန် တီကလည်းဒီဇိုင်းကိုဝါသနာပါတော့ သူနဲ့လိုက်ဖက်မယ့်ဟာလေး တွေကိုဆင်ပေးဖြစ်တာပါ” လို့ ဒေါက်တာ နုနန္ဒာသန်းက ပြောပါတယ်။ ဒီနှစ် Myanmar Idol Season3 မှာတော့ မြန်မာပြည်သိန်းတန်ကို အရင်နှစ်ကနဲ့မတူတဲ့ ဖက်ရှင်ပုံစံမျိုးတွေနဲ့လည်း တွေ့ရမှာပါလို့သူက ဆိုပြန်ပါတယ်။ “ထူးခြားတာလေးတွေတွေ့ရမှာပါ။ အားပေးကြတဲ့ပရိသတ်တွေကအခုဆိုပိုပို ပြီးတော့များလာတယ်။ လမ်းမှာတွေ့ရင်လည်း အန်ကယ်နိုး၊ အန်ကယ်နိုးဆိုပြီးပြောကြတယ်။ ၁ဝနှစ် ၉နှစ်ကလေးတွေကအစပြောကြတယ်။ ကလေးတွေပိုများလာတယ်။ အဲဒီ့အတွက်က လေးတွေရောလူကြီးတွေရောပရိသတ်တွေ အားလုံးကိုကျေးဇူးတင်ပါတယ်။ ဆက်လက် လည်းအားပေးပါ။ ကျေးဇူးရှင်မိဘတွေဖြစ်ပါ တယ်”လို့ခင်ပွန်းဖြစ်သူမြန်မာပြည်သိန်းတန်ရဲ့ ပရိသတ်တွေနဲ့ပတ်သက်လို့ဒေါက်တာနုနန္ဒာ သန်းကပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071