Monday, December 8, 2025

ကျားဖြူပါတီသည် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ဟု ဦးစိုင်းအိုက်ပေါင်းပြော

ပြည်သူကို ချစ်သည့် ပါတီဖြစ်သည့်အတွက် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ (ကျားဖြူ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။ ဒီဇင်ဘာ...

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏...

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏...

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့်...
HomeCelebrities' Newsခင်နဲ့ ကိုငြိမ်းမောင် ဇာတ်ရုပ်ထဲက...

ခင်နဲ့ ကိုငြိမ်းမောင် ဇာတ်ရုပ်ထဲက ခင်ဇာတ်ရုပ်အတိုင်း သရုပ်ဆောင်နိုင်တဲ့ ပရိသတ်များကို ဆုချီးမြှင့်မယ့်နီနီခင်ဇော်

အဆိုပြိုင်ပွဲများမှတစ်ဆင့် အောင်မြင်မှုများရရှိလာခဲ့တဲ့ အဆိုတော်နီနီခင်ဇော်ဟာ သူ့ရဲ့ အနုပညာဘက်မှာလည်း ထူးချွန်သလို၊ စီးပွားရေးဘက်မှာဆိုရင် သူ့ရဲ့ Super Red ဆိုတဲ့ Cosmectics ပစ္စည်းဟာလည်း လူသိများလာခဲ့ပါတယ်။ အဆိုတော် နီနီခင်ဇော် က စီးပွားရေးနဲ့ ပတ်သက်ပြီး မကျွမ်းကျင်သေးပါဘူးလို့ ပြောပြခဲ့ပါတယ်။

“စီးပွားရေးကတော့ နီနီ့အတွက် သက်တမ်းတအားငယ်ပါသေးတယ်။ တအားမကျွမ်းကျင်တဲ့အလုပ်ဖြစ်သလို၊ အောင်မြင်တယ်လို့လည်း ပြောလို့မရသေး ပါဘူး။ ကြိုး စားနေဆဲပါပဲ။ ဒါပေမဲ့ စီးပွားရေးကနေပြီးတော့ ကိုယ်ရှုံးတာပဲ ဖြစ်သလို၊ မြတ်တာပဲဖြစ်သလို ကိုယ့်အတွက်အတွေ့အကြုံများလည်း အများ ကြီးပေးတယ်။ နီနီက စီးပွားရေးကိုလုပ်ကြည့်တယ်ဆိုတာလည်း လူငယ် တစ်ယောက်အနေနဲ့ ကြိုးစားကြည့်တာပါ”လို့ နီနီခင်ဇော်ပြောပါတယ်။

နီိနီခင်ဇော်ဟာ သူ့ရဲ့Super Red Cosmetics ကို အားပေးကြ တဲ့ ပရိသတ်များအတွက် သူမကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ ခင်နဲ့ ကိုငြိမ်းမောင် ဇာတ်ရုပ်ထဲက ခင့်ဇာတ်ရုပ်အတိုင်း အနီးစပ်ဆုံး သရုပ် ဆောင်နိုင်မယ့် ကောင်မလေးတွေကို ဆုလက်ဆောင်များ အမှတ်တရ ပြန်လည်ပေးအပ်သွားမယ်လို့ သိရပါတယ်။

“နီနီ ပရိသတ်အတွက် အမှတ်တရလေး စီစဉ်ပေးဖြစ်တယ်။ နီနီ ပါဝင်သရုပ်ဆောင်ရိုက်ကူးထားတဲ့ Super Red မျက်နှာချေ Cosmetics လေးအတွက် ခင်နဲ့ ကိုငြိမ်းမောင်ဆိုပြီး ရိုက်ထားတာကို ခင့်ဇာတ်ရုပ် အတိုင်း သရုပ်ဆောင်လုပ်ခိုင်းကြည့်တာပါ။ ခင်နဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေက ပြန်ပြီးတော့ ရိုက်ကူးတဲ့ပုံစံတွေက ချစ်ဖို့ လည်းကောင်း တယ်။ ရယ်လည်းရယ်ရတယ်။

သူတို့ရဲ့အိုက်တင်လေး တွေက တအားချစ်ဖို့ ကောင်းတယ်။ နီနီအမှတ်တရလည်း ဖြစ်ချင်တဲ့ ဆန္ဒနဲ့ လုပ်ဖြစ်ခဲ့ တာပါ။ အခန်းလေးတွေမှာ ကြိုက်နှစ်သက်တဲ့ ပထမပိုင်းပဲဖြစ်ဖြစ်၊ ဒုတိယပိုင်း ပဲဖြစ်ဖြစ် သရုပ်ဆောင်ထားတာကို နီနီတို့ဆီပို့ပေးပါ။ နီနီ့ဘက်ကလည်း အသစ် ထွက်ရှိမယ့် Cosmetics တွေ လက်ဆောင်ပေးချင်ပါတယ်”လို့ နီနီခင်ဇော်ပြောခဲ့ပါတယ်။

လတ်တလောမှာတော့ နီနီခင်ဇော်က ဧပြီလ ၇ ရက်နေ့မှာ ပြုလုပ်မယ့်Red Volution -2တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် သီချင်းတွေ တိုက်နေတယ်လို့ သိရပါတယ်။

 သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071