Tuesday, August 18, 2026

ကမ္ဘောဒီးယား အတို-က်အခံခေါင်းဆောင် ကမ်ဆိုခါ၏ သမီးကို...

ကမ္ဘောဒီးယားနိုင်ငံ၌ မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် အတို-က်အခံခေါင်းဆောင် ကမ်ဆိုခါ၏ သမီးဖြစ်သူ ကမ်မိုနိုဝိသယာကို ဝန်ကြီးချုပ် ဟွန်မာနက်၏ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း ဩဂုတ် ၁၇...

နိုဗိုရိုဆစ်စ်ဆိပ်ကမ်းအနီး ပင်လယ်နက်ထဲမှာ ဂရိရေနံတင်သင်္ဘောတစ်စီး ယူကရိန်းဒရုန်းနဲ့...

ဩဂုတ်လ ၁၆ ရက်နေ့က နိုဗိုရိုဆစ်စ်(Novorossiysk) ဆိပ်ကမ်းမှာ ရေနံတွေတင်အပြီး ပင်လယ်နက်ထဲအရောက်မှာ Skiros လို့ခေါ်တဲ့ ဂရိရေနံတင်သင်္ဘောကို ယူကရိန်းဒရုန်းတစ်စင်းက ဝင်တို-က်ခိုက်သွားတယ်လို့ ဂရိရုပ်သံလိုင်း...

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း...

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်"...

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်စဥ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးဝန်ထမ်းများက သြဂုတ် ၁၇ ရက်တွင်...
HomeMoviesကွမ်ရှီးပြည်နယ်တွင် ပြင်းအား ၅.၂...

ကွမ်ရှီးပြည်နယ်တွင် ပြင်းအား ၅.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်

မေလ၁၈ရက်

တနင်္လာနေ့ အစောပိုင်းက တရုတ်နိုင်ငံ ကွမ်ရှီး ပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၅.၂ အဆင့်ရှိ ငလျင်ကြောင့် ဟောင်ကောင်ဒေသခံအချို့သည် မြေတုန်ခါမှုကို ခံစားခဲ့ရကြောင်း သတင်းပို့မှု ၁၀ ကြိမ်ထက်မနည်း ရရှိခဲ့သည်ဟု ဟောင်ကောင်မိုးလေဝသစောင့်ကြည့်ရေးစခန်းက ပြောကြားခဲ့သည်။

ငလျင်ခန့်မှန်းချက်များအရ အဆိုပါငလျင်၏ ဗဟိုချက် သည် ဟောင်ကောင်မြို့၏ အနောက်-နောက်မြောက်ဘက် ၅၅၀ ကီလိုမီတာ (၃၄၂ မိုင်) ခန့်အကွာတွင် တည်ရှိပြီး မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ငလျင်စောင့်ကြည့်ရေးစခန်းအနေနဲ့ ဒေသတွင်း မြေတုန်ခါမှု ခံစားရတယ်ဆိုတဲ့ သတင်းပို့မှု ၁၀ ကြိမ်ထက်မနည်း ရရှိခဲ့ပြီး အဲဒီတုန်ခါမှုဟာ စက္ကန့်ပိုင်းလောက်ပဲ ကြာမြင့်ခဲ့ပါတယ်” ဟု တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။ “မူလတွက်ချက်မှုတွေအရ ဒေသတွင်း တုန်ခါမှုအရှိန်နှုန်းဟာ ပြုပြင်မွမ်းမံထားတဲ့ မာဆာလီ အရှိန်နှုန်းစံစကေး အရ အဆင့် ၂  ရှိတာကြောင့် ငြိမ်ငြိမ်သက်သက် နေထိုင်သူတွေ၊ အဆောက်အအုံရဲ့ အထက်ထပ်မှာ ရှိနေသူတွေ ဒါမှမဟုတ် တုန်ခါမှုခံစားရလွယ်တဲ့ အနေအထားမှာ ရှိနေသူတွေပဲ သိသာရိပ်မိနိုင်တဲ့ အဆင့်ဖြစ်ပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်ပြည်မကြီး မီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါငလျင်သည် လျိုကျိုးမြို့တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး နံနက် ၄ နာရီအထိ ရရှိထားသော စာရင်းများအရ အနည်းဆုံး လူ ၄ ဦး ဆေးရုံတင်ထားရကာ ၃ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

လက်ရှိတွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည့် ဒေသခံပြည်သူ ၇,၀၀၀ ခန့် ရှိသည်။ ငလျင်ဒဏ်သင့်ဒေသရှိ ဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေနှင့် ဂတ်စ်ပေးဝေမှုလုပ်ငန်းများနှင့် လမ်းပန်းဆက်သွယ်ရေး ကွန်ရက်များသည် ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယား အတို-က်အခံခေါင်းဆောင် ကမ်ဆိုခါ၏ သမီးကို ဝန်ကြီးချုပ် ဟွန်မာနက်၏ အထူးသံတမန်အဖြစ် ခန့်အပ်

ကမ္ဘောဒီးယားနိုင်ငံ၌ မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် အတို-က်အခံခေါင်းဆောင် ကမ်ဆိုခါ၏ သမီးဖြစ်သူ ကမ်မိုနိုဝိသယာကို ဝန်ကြီးချုပ် ဟွန်မာနက်၏ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း ဩဂုတ် ၁၇ ရက်က ထုတ်ပြန်သည့် တော်ဝင်အမိန့်အရ သိရသည်။ ဟွန်မာနက်၏ တောင်းဆိုချက်အရ ဘုရင် နိုရိုဒွမ် သီဟာမိုနီက အဆိုပါခန့်အပ်မှုကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ကမ်မိုနိုဝိသယာသည် ဝန်ကြီးအဆင့်နှင့်ညီမျှသည့် ရာထူးအဆင့် ရရှိမည်ဖြစ်သည်။ သို့သော် ၎င်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အသေးစိတ်ကို တော်ဝင်အမိန့်တွင် ဖော်ပြထားခြင်းမရှိပေ။ ယင်းခန့်အပ်မှုသည် ကမ္ဘောဒီးယားအစိုးရနှင့် အတို-က်အခံအင်အားစုများအကြား နိုင်ငံရေးဆက်ဆံမှုတွင် ရှားရှားပါးပါး ဖြစ်ပေါ်လာသည့် အပြောင်းအလဲတစ်ရပ်အဖြစ်...

နိုဗိုရိုဆစ်စ်ဆိပ်ကမ်းအနီး ပင်လယ်နက်ထဲမှာ ဂရိရေနံတင်သင်္ဘောတစ်စီး ယူကရိန်းဒရုန်းနဲ့ တို-က်ခိုက်ခံရ

ဩဂုတ်လ ၁၆ ရက်နေ့က နိုဗိုရိုဆစ်စ်(Novorossiysk) ဆိပ်ကမ်းမှာ ရေနံတွေတင်အပြီး ပင်လယ်နက်ထဲအရောက်မှာ Skiros လို့ခေါ်တဲ့ ဂရိရေနံတင်သင်္ဘောကို ယူကရိန်းဒရုန်းတစ်စင်းက ဝင်တို-က်ခိုက်သွားတယ်လို့ ဂရိရုပ်သံလိုင်း Skai က ကြေညာသွားပါတယ်။ အဲဒီရုပ်သံလိုင်းက ထုတ်ပြန်လိုက်တဲ့ တို-က်ခိုက်မှုဗီဒီယိုထဲမှာဆိုရင် ဒရုန်းတစ်စင်းက ပင်လယ်ပြင်ပေါ်မှာ ကင်းထောက်ပျံသန်းနေပြီးနောက် ဂရိရေနံသင်္ဘောရဲ့ ကုန်းပတ်တံတားကို ဝင်တိုက်သွားတာ မြင်ရပါတယ်။ အတို-က်ခံရပြီးတာနဲ့ ချက်ချင်းပဲ မီးလေ-ာင်သွားတာပါ။ သင်္ဘောသားတွေ ထိခိုက်ဒ-ဏ်ရာရတာ ရှိ၊ မရှိကိုတော့ သေချာမသိရသေးဘူးလို့ ရုပ်သံလိုင်းက ဆိုပါတယ်။ အခုတို-က်ခိုက်မှုကို ယူကရိန်းအာဏာပိုင်တွေရဲ့ ဒရုန်းနဲ့ လုပ်ဆောင်ခဲ့တာလို့ ယုံကြည်ရပါတယ်။...

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း ထရမ့်ပြော

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်" အဖြစ် ကြေညာမယ်ဆိုတဲ့ သူ့ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ရှင်းပြပေးဖို့ သတင်းထောက်တွေက တောင်းဆိုတဲ့အခါမှာတော့ "ဒါက တကယ့်ကို ကောင်းတဲ့အကြံပဲလို့ ကျွန်တော်ထင်တယ်" လို့ သူက ပြန်ဖြေခဲ့ပါတယ်။ "ကျွန်တော်တို့က ပိတ်ဆို့မှုတွေနဲ့ အဲဒီနေရာကို ထိန်းချုပ်ထားတာလေ။ အဲဒါကို ကိုယ့်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို ကျွန်တော်သဘောကျတယ်။ ရေလက်ကြားတစ်ခုလုံးက ကျွန်တော်တို့ရဲ့ အပြည့်အဝ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ"...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071