ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(ဒီအာရ်စီ) အရှေ့ပိုင်းတွင် ၂၄ နာရီအတွင်း အီဘိုလာရောဂါ သံသယလူနာ ၂၆ ဦး ထပ်မံေ-သဆုံးခဲ့ကြောင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး ရောဂါဖြစ်ပွားမှု ပျံ့နှံ့လာသည့်အတွက်အလွန်စိုးရိမ်ပူပန်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ဖော်ပြခဲ့သည်။
ယခုသေဆုံးမှုများနှင့်ဆိုလျှင် နိုင်ငံအရှေ့ပိုင်း၌ ရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်သော ေ-သဆုံးသူ ၁၃၁ ဦး အထိ ရှိလာခဲ့ ပြီဖြစ်သည်။ ကွန်ဂိုကျန်းမာရေးအာဏာပိုင်များ၏ အဆိုအရ ဒီအာရ်စီတွင် သံသယရှိလူနာ ၅၄၃ ဦးနှင့် အတည်ပြုလူနာ ၃၃ ဦးရှိပြီး အိမ်နီးချင်း ယူဂန်ဒါနိုင်ငံတွင် အတည်ပြုလူနာ နှစ်ဦးရှိသည်။
ရှားပါးသော Bundibugyo မျိုးကွဲဗိုင်းရပ်စ်ဖြစ်ပွားမှုကို နိုင်ငံတကာစိုးရိမ်ရသော ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ဒဗ္ဗလျူအိပ်ချ်အိုအကြီးအကဲက စနေနေ့တွင် ကြေညာခဲ့သည်။ ဒဗ္ဗလျူအိပ်ချ်အို အကြီးအကဲတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ကြေညာခဲ့ခြင်းဖြစ်ပြီး ယင်းနောက်တွင် အရေးပေါ်ကော်မတီတစ်ရပ် ကို ဖွဲ့စည်းခဲ့သည်။
ကျယ်ပြန့်သော လက်နက်ကိုင်ပဋိပက္ခများကြောင့် လူဦးရေထူထပ်သောဒေသတွင် ရက်သတ္တပတ်များစွာ စစ်ဆေးမတွေ့ရှိဘဲ ကူးစက်ပျံ့နှံ့သွားနိုင်သောကြောင့် ရောဂါဖြစ်ပွားမှုသည် ဆရာဝန်ကြီးများကို စိုးရိမ်စေခဲ့သည်။ ဒီအာရ်စီအရှေ့ပိုင်းတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ရောဂါဖြစ်ပွားမှုသည် ဒုတိယမြောက် ေ-သဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး လူ ၂,၃၀၀ နီးပါး သေဆုံးခဲ့သည်။
လူဦးရေ သိန်းနှင့်ချီရှိသော ဘူတမ်ဘိုမြို့တွင် ပထမဆုံးအတည်ပြုလူနာနှစ်ဦးကို တနင်္လာနေ့တွင် တွေ့ရှိခဲ့သည်ဟု ကွန်ဂိုနိုင်ငံတော် ဇီဝဆေးပညာသုတေသနဌာန(INRB) ညွှန်ကြားရေးမှူး ဂျန် ဂျက်ကွီးစ် မူအမ်ဘီက ရို-က်တာသတင်းဌာနကို ပြောကြားခဲ့သည်။
ယူဂန်ဒါအာဏာပိုင်များသည် နှစ်နိုင်ငံနယ်စပ်ဂိတ် Ishasha-Kyeshero ကို ကန့်သတ်ရန် စတင်နေပြီဖြစ်ကြောင်း ဒေသခံအစိုးရအရာရှိ အမ်ဘရို့စ် အေမန်ယီး မွီဆီဂီက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ သို့သော် နယ်စပ်ကို တရားဝင်ပိတ်သိမ်းခြင်းမူ မရှိသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတောင်ပိုင်း ဂိုမာနှင့် ဘူကာဗူမြို့များမှ ရဝမ်ဒါသို့ ဝင်ရောက်ရန် ကြိုးပမ်းနေသော ကွန်ဂိုလူမျိုးများကို နယ်စပ်တွင် တားဆီးထားကြောင်း ရို-က်တာသတင်းထောက်များက ပြောကြားခဲ့သည်။
နိုင်ငံများအနေဖြင့် ၎င်းတို့၏ နယ်စပ်ဂိတ်များကို မပိတ်ရန် ဒဗ္ဗလျူအိပ်ချ်အိုက စနေနေ့တွင် တိုက်တွန်းခဲ့ပြီး စောင့်ကြည့်မှုမရှိသည့် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများဆီသို့ ဦးတည်သွားနိုင်ကြောင်း သတိပေးခဲ့သည်။
Ref: အာရ်အင်န်ဇက်
