ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံမှ NGO အဖွဲ့အစည်းဖြစ်သော World Human Bridge တို့ပူးပေါင်း၍ ရန်ကုန်တိုင်းရှိ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲကလေးများကို အခမဲ့ခွဲစိတ်ကုသပေးခြင်းအား အောက်တိုဘာ ၆ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ပြုလုပ်ပေးလျက်ရှိသည်။
ရန်ကုန်တိုင်းရှိ ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်အနောက် ပိုင်းရှိ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲကလေးများအား အခမဲ့ ခွဲစိတ်ကုသပေးလျက်ရှိရာ အောက်တိုဘာ ၆ ရက်က နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ကလေးလူနာ(၄) ဦးအားခွဲစိတ်ကုသပေးခဲ့သည်။
ယနေ့ အောက်တိုဘာ ၇ ရက်နှင့် မနက်ဖြန် အောက်တို ဘာ ၈ ရက်တို့တွင်လည်း နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ကလေးလူနာများအား အခမဲ့ခွဲစိတ်ကုသမှုများဆက် လက်ပြုလုပ်ပေးသွားမည်ဖြစ်သည်။
