Saturday, June 21, 2025

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic...

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ...

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊...

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀...

တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ကားနှစ်စီးတို-က် တစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ယနေ့ ဇွန် ၂၀ ရက်ညနေ ၅ နာရီခွဲခန့်က ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးပေါ်ရှိ...
HomeNewsLocal Newsကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင် (၁၄) နှစ်တို့တွင် ဗုံးသီးစထိမှန်ဒဏ်ရာများရရှိခဲ့ကြကြောင်း နစကဘက်မှ သတင်းထုတ်ပြန်သည်။

“အသင်းရုံးမှာ ထိုင်နေတုန်း ပေါက်ကွဲသံကြီးတွေကြားရတာနဲ့ လူနာတင်ကားတွေကို အဆင်သင့်လုပ်ထားလိုက်တယ်။ ဘုန်းကြီးကျောင်းမှာ ဒဏ်ရာရတဲ့လူတွေရှိတယ်ဆိုပြီး ဖုန်းသတင်းဝင်လာတာနဲ့ ချက်ျင်းသွားပြီးမြေပြင်ကုသတာတွေလုပ်ပေးပြီးတာနဲ့ ဆေးရုံကိုပို့ပေးခဲ့ပါတယ်။ စာသင်ဆောင်လည်း ပျက်စီးသွားတာတွေရှိတယ်”ဟု ကောလင်းမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ထို့ပြင် အဆိုပါနေ့ မွန်းလွှဲ (၃) နာရီခန့်တွင်လည်း ဘုတလင်မြို့၊ မြဝတီရပ်ကွက်နှင့် ခုံမင်းကြီးရပ်ကွက်များအ တွင်းသို့ လက်နက်ကိုင်အဖွဲ့ဝင်များက ရွှေတောင်ကျေးရွာအနီးနှင့်လွှဲတဲကျေးရွာဘက်မှ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ပစ်ခတ်မှုကြောင့် ဘုတလင်မြို့၊ မြဝတီရပ်ကွက်ရှိ မြို့နယ်စည်ပင်ရုံး၊ ရပ်ကွက်ဘောလုံးကွင်း၊ မြို့မဈေးရှေ့နှင့် ခုံမင်းကြီးရပ်ကွက်ရှိ ဆောင်တန်းကြီးဘုန်းတော်ကြီးကျောင်းဝင်းအတွင်းတို့သို့ ကျရောက်ပေါက်ကွဲကာဆောင်တန်းကြီး ဘုန်းတော်ကြီးကျောင်းရှိ ကိုရင်ကြီးဥူးဝီရိယ(၄၀)နှစ်တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ကိုရင် (၂) ပါးနှင့် ကလေး(၂)ဦးတို့အား ကောလင်းမြို့ပြည်သူ့ဆေးရုံနှင့် ဘုတလင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

ဖိလစ်ပိုင်နိုင်ငံတွင် လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား (၂၁) ဦးအနက် ပထမအသုတ်အဖြစ် (၄)ဦးအား ပြန်လည်ပို့ဆောင်

ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန်ဟုဆိုကာ စည်းရုံးခံရပြီးနောက် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား (၂၁) ဦးအနက် ပထမအသုတ်အဖြစ် (၄)ဦးအား ယနေ့မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား (၂၁) ဦးသည် လုပ်ငန်းခွင်တွင် အဓမ္မခိုင်းစေမှုများကြုံတွေ့ခဲ့ရပြီး ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှ ကယ်တင်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြန်မာနိုင်ငံသား(၂၁)ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအတွက် မြန်မာသံရုံးမှ ဖိလစ်ပိုင်နိုင်ငံ၊ တရားရေးဝန်ကြီးဌာနအောက်ရှိ Inter-Agency Council Against Trafficking (IACAT) ဌာန အပါအဝင် သက်ဆိုင်ရာဌာနများ၊ International Organization for Migration (IOM)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071