Saturday, February 15, 2025

ဘုရားသုံးဆူမြို့တွင် လျှပ်စစ်မီးဖြတ်တောက်ပြီးနောက်ပိုင်း သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပွား

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီးနောက်ပိုင်း သောက်ရေသန့်စက်ရုံများ မလည်ပတ်နိုင်သဖြင့် သောက်သုံးရေ ပြတ်လပ်မှုများဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။ လျှပ်စစ်မီးအခက်အခဲကြောင့် သောက်ရေသန့်စက်ရုံများ ရေမတင်နိုင်ခြင်း၊ ရေသန့်စက်...

CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့်...

EV ကားများအပါအဝင် Brand New Cars Models အမျိုးအစားပေါင်းများစွာကို CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲကို...

HIV နှင့် တီဘီဆေးဝါးများ အလုံအလောက်ရှိဟု...

ပြည်တွင်း၌ HIV နှင့် တီဘီရောဂါ ဆေးဝါးများ ပြတ်လပ်ခြင်းမရှိဘဲ အလုံအလောက်ရှိနေကြောင်း ကျန်းမာရေးဝန် ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကပြည်တွင်းသတင်းမီဒီယာအချို့မှ အသိပေးပြောကြားထား...

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့်...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ...
HomeNewsLocal Newsကုန်သည်များအနေဖြင့် QR မျိုးစုံထားရှိရန်...

ကုန်သည်များအနေဖြင့် QR မျိုးစုံထားရှိရန် မလိုအပ်ဘဲ MMQR တစ်ခုတည်းကိုသာ အသုံးပြုနိုင်မည်

ကုန်သည်များအနေဖြင့် QR မျိုးစုံထားရှိရန် မလိုအပ်ဘဲ MMQR တစ်ခုတည်းဖြင့် Wallet အမျိုးမျိုးပေးခြင်းအား လက်ခံနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကောင်အထည်ဖော်လျက်ရှိသော National level Standard ဖြစ်သည့် MMQR ( Myanmar Quick Response) အသုံးပြုပြီး မတူညီသည့် ဒစ်ဂျစ်တယ် ငွေပေးချေမှုများကို အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်သည့် Digital Payment Switch ၏ ဆောင်ရွက်နိုင်ခြင်းဆိုင်ရာ အသိပညာပေးခြင်း အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

MMQR အသုံးပြုခြင်းဖြင့်မည်သည့် Mobile Wallet (မိုဘိုင်းပိုက်ဆံအိတ်) ကိုမဆို အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်သည့် လုံခြုံ၍ စွမ်းရည် ပြည့်ဝသောငွေပေးချေမှုစနစ် တစ်ရပ်ပေါ်ပေါက်လာမည်ဖြစ်ပြီး ငွေသားကိုင်တွယ်သုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အသုံးပြုသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ Wallet တစ်ခုတည်းကိုသာအသုံးပြု၍ ကုန်သည်များအား ပေးချေနိုင်ခြင်း၊ ကုန်သည်များအနေဖြင့်လည်း QR မျိုးစုံထားရှိရန် မလိုအပ်ဘဲ MMQR တစ်ခုတည်းဖြင့် Wallet အမျိုးမျိုးပေးခြင်းအား လက်ခံနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်ပခရီးသွားများအတွက် ငွေသယ်ယူရန်မလိုအပ်ဘဲ MMQR ဖြင့် ပြည်တွင်း၌ သုံးစွဲနိုင်ရေး အတွက် အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ချိတ်ဆက်နိုင်ရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Digital Payment Switch (MMQR) ၏ လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကိုလည်းကောင်း၊ MMQR အသုံးပြုခြင်းဖြင့် ကုန်သည်လုပ်ငန်းရှင်ကြီးများရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ သိရှိရမည့်အချက်များနှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို အစည်းအဝေးတတ်ရောက်လာသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘုရားသုံးဆူမြို့တွင် လျှပ်စစ်မီးဖြတ်တောက်ပြီးနောက်ပိုင်း သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပွား

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီးနောက်ပိုင်း သောက်ရေသန့်စက်ရုံများ မလည်ပတ်နိုင်သဖြင့် သောက်သုံးရေ ပြတ်လပ်မှုများဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။ လျှပ်စစ်မီးအခက်အခဲကြောင့် သောက်ရေသန့်စက်ရုံများ ရေမတင်နိုင်ခြင်း၊ ရေသန့်စက် မလည်ပတ်နိုင်ခြင်းတို့ကြောင့် ဒေသတွင်း ရေသန့်ဖြန့်ဖြူးရောင်းချနိုင်ခြင်း မရှိတော့ခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။ "လျှပ်စစ်မီးရမှ လုပ်နိုင်မယ့် လုပ်ငန်းတွေအားလုံး ရပ်ကုန်တာ။ မဖြစ်မနေ လိုအပ်တဲ့ ထဲမှာ ရေသန့်လုပ်ငန်းတွေလည်း ပါနေတော့ အခု တွင်းရေကိုဘဲ အားပြု သောက်နေရတာပေါ့။ အားလုံးပြတ်နေတာမျိုး မဟုတ်ပေမယ့် ရှားပါးလာတာပေါ။ အခု ဆိုလာမီးနဲ့ လုပ်ဖို့တော့ စီစဉ်နေကြတယ်"ဟု ၎င်းကပြောသည်။ ဘုရားသုံးဆူမြို့အတွက် လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့်...

CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲ

EV ကားများအပါအဝင် Brand New Cars Models အမျိုးအစားပေါင်းများစွာကို CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲကို ရတနာလမ်း နှင့် ဆိပ်ကမ်းသာလမ်းထောင့်၊ ရတနာအိမ်ရာ၊ဒဂုံဆိပ်ကမ်းမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် (စနေနေ့) မှ ၁၆ ရက် (တနင်္ဂနွေနေ့) အထိ မနက် (၉) နာရီမှ ညနေ (၅)နာရီ အတွင်း အဆိုပါ အရောင်းပြခန်း၌ လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။ " အရစ်ကျစနစ်...

HIV နှင့် တီဘီဆေးဝါးများ အလုံအလောက်ရှိဟု ဆို

ပြည်တွင်း၌ HIV နှင့် တီဘီရောဂါ ဆေးဝါးများ ပြတ်လပ်ခြင်းမရှိဘဲ အလုံအလောက်ရှိနေကြောင်း ကျန်းမာရေးဝန် ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကပြည်တွင်းသတင်းမီဒီယာအချို့မှ အသိပေးပြောကြားထား သည်။ လက်ရှိ၌ အမေရိကန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးရန်ပုံငွေ (USAID) က နိုင်ငံတကာထံ အကူအညီများ ရပ်ဆိုင်းထားသောကြောင့် မြန်မာနိုင်ငံ၌ HIV(အိပ်ချ်အိုင်ဗွီ)၊ တီဘီနှင့် ငှ က်ဖျား စသည့် ရောဂါများအတွက် သောက်သုံးနေရသည့် ဆေးဝါးများ ပြတ်လပ်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ “ကျွန်တော်တို့ NGO အဖွဲ့ဆီမှာလည်း ဒီဆေးတွေနဲ့ ပတ်သက်ပြီး နောက် (၈)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071