Monday, July 13, 2026

သောင်ရင်းမြစ်ရေ မြဝတီမြို့၏စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေ စုရပ်(၅)နေရာနှင့် ရေဘေးယာယီကယ်...

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေသည် မြို့၏စိုးရိမ်ရေမှတ်အထက်တွင်ရောက်ရှိနေကာ မြစ် ကမ်းအနီးနှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ကြောင့် ရေဘေးသင့်နေအိမ်များတွင်နေထိုင်သူများအား လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊...

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံ...

အစိုးရသစ်လက်ထက်၌ မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုး တက်မှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက အာဆီယံနိုင်ငံခြားရေးဝန် ကြီးများကြား အလွတ်သဘောအစည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကြား အလွတ်သ ဘောအစည်းအဝေးကို ဇူလိုင်...

Seafarers Support Fund သည်...

"MLC 2006 အရ သင်္ဘောသားတွေအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ထားဖို့ SRPS ကုမ္ပဏီတွေကစုပေါင်းဆောင်ရွက်ထားရပါတယ်။ ဒါကို DMA က ကြီးကြပ်လမ်းညွှန်ပေးခဲ့ပြီး MSESF က...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို သြဂုတ်...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို သြဂုတ် ၃ ရက်နံနက် ၁၀ နာရီမှစတင်ကာ ပုသိမ်မြို့၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ(အားလုံး)အနေဖြင့် သြဂုတ်...
HomeCelebrities' Newsကိုယ်က စေတနာအမှန်နဲ့ ပေးဆပ်တဲ့အတွက်...

ကိုယ်က စေတနာအမှန်နဲ့ ပေးဆပ်တဲ့အတွက် ပရိသတ်တွေဆီက အကျိုးသက်ရောက်မှု ပြန်ရတယ်ဆိုတဲ့ အိမ့်ချစ်

အဆိုတော်အိမ့်ချစ်ကို တေးသီချင်းတွေဖျော်ဖြေတဲ့အခါမှာ လူငယ်ဆန်ဆန်နဲ့ မြူးကြွတဲ့ပုံစံဖျော်ဖြေတတ်သလို ပရိသတ်တွေကိုလည်း ပျော်ရွှင်မှုရသအပြည့်အဝပေးနိုင်အောင် ဖျော်ဖြေလေ့ရှိပါတယ်။ အိမ့်ချစ်ကိုယ်တိုင်ကတော့ သူ့ရဲ့အသံပါဝါကအကောင်းကြီးမဟုတ်ပါဘူးလို့ဆိုပါတယ်။ ပရိသတ်တွေနဲ့ အပေးအယူမျှတဲ့ ဖျော်ဖြေပွဲအတွေ့အကြုံ တွေကို ပြောပြတာက…

“အိမ့်ချစ်ကအသံနဲ့ပတ်သက်ရင်တော့ တအားကြီး Perfect ဖြစ်တဲ့ အထဲမှာမပါပါဘူး။ အိမ့်ချစ် ထက် ကောင်းတဲ့တော်တဲ့ အဆိုပညာရှင်တွေ၊ ဂီတပညာရှင်တွေအများကြီးပါ။ ဒါကိုအိမ့်ချစ် သိလည်းသိတယ်၊ လက်လည်း လက်ခံပါတယ်။ ကိုယ်ကိုယ်တိုင် တအားကောင်းတယ်လို့တော့ မယူဆဘူး။ သို့သော် ညီမရဲ့တစ်ခုတည်းသော ရည်ရွယ်ချက်က အနုပညာသမားတစ်ယောက်အနေနဲ့ အသံမှာ Perfect အနေနဲ့ မဖျော်ဖြေနိုင်ဘူးဆိုရင် ဘာလုပ် မလဲပေါ့။ ကိုယ့်ဖျော်ဖြေမှုကို လာကြည့်တဲ့ပရိသတ်တွေကိုတော့ ပျော်အောင်လုပ်ပေးနိုင်မှ ဖြစ်မယ်။ ဒါကြောင့်လည်း ညီမပရိသတ်တွေအမြဲတမ်းပျော်ဖို့ကို ဦးစားပေးပါတယ်။ နောက်ပြီး သီချင်းရွေးချယ်တဲ့အပိုင်း၊ တင်ဆက် အဆိုတော်အိမ့်ချစ်ကို တေးသီချင်းတွေဖျော်ဖြေတဲ့အခါမှာ လူငယ်ဆန်ဆန်နဲ့ မြူးကြွ တဲ့ပုံစံဖျော်ဖြေတတ်သလို ပရိသတ်တွေကိုလည်း ပျော်ရွှင်မှုရသအပြည့်အဝပေးနိုင်အောင် ဖျော်ဖြေလေ့ရှိပါတယ်။ အိမ့်ချစ်ကိုယ်တိုင်ကတော့ သူ့ရဲ့အသံပါဝါကအကောင်းကြီးမဟုတ်ပါဘူးလို့ဆိုပါတယ်။ ပရိသတ်တွေနဲ့ အပေးအယူမျှတဲ့ ဖျော်ဖြေပွဲအတွေ့အကြုံ တွေကို ပြောပြတာက

မကြာသေးခင်အချိန်ကလည်း အိမ့်ချစ်က ဟဲလေးနဲ့ အတူတွဲဖက်ကာ ချောကလက်မှိုတက် ညိုပြာညက် သီချင်းခွေကို ထွက်ရှိခဲ့ပါတယ်။ ဒီအခွေရဲ့ခေါင်းစဉ်သီချင်းဖြစ်တဲ့ ချောကလက် မှိုတက်ညိုပြာညက်သီချင်းကိုလည်း ပရိသတ်တွေကြိုက်နှစ်သက်ကြ မကြာသေးခင်အချိန်ကလည်း အိမ့်ချစ်က ဟဲလေးနဲ့ အတူတွဲဖက်ကာ ချောကလက်မှိုတက် ညိုပြာညက် သီချင်းခွေကို ထွက်ရှိခဲ့ပါတယ်။ ဒီအခွေရဲ့ခေါင်းစဉ်သီချင်းဖြစ်တဲ့ ချောကလက် မှိုတက်ညိုပြာညက်သီချင်းကိုလည်း ပရိသတ်တွေကြိုက်နှစ်သက်ကြ     သလို သီချင်းဟောင်းတွေလည်း ပြန်လည်ထည့်သွင်းထားပါတယ်။ သီချင်းဟောင်းတွေပြန်လည်ထည့်သွင်းဖြစ်တဲ့ အကြောင်းက…

“အဓိကကတော့ အိမ့်ချစ်နဲ့ ကိုဟဲလေးနဲ့အခွေတစ်ခွေပေါင်းလုပ် တယ်။ နောက်ပြီးနှစ်ယောက်လုံးကလည်း သူများတွေလိုမျိုး Vocal Power မကောင်းကောင်းကြီး ဖျော်ဖြေတာ ထက် ပျော်ရွှင်မှုတွေအများဆုံးပေးတဲ့ အဆိုတော် တွေလို့ပြောလို့ရပါတယ်။ ဒါကြောင့် သီချင်း လေးတွေလုပ်တဲ့အခါမှာလည်း ပျော်ရွှင် စရာကောင်းတဲ့ သီချင်းလေးတွေပဲ လုပ်ချင်ပါတယ်။ ချောကလက်မှို တက်ညိုပြာညက်အခွေမှာလည်း သီ ချင်းအဟောင်း ၆ ပုဒ် သီချင်းအသစ် ၄ ပုဒ်ပါပါတယ်။ ပြန်ကြားရင်လည်း သတိရမယ်။ ပျော်စရာလည်းကောင်းမယ်။ နောက်ပြီး ကိုယ့်အတွက်ပြန်ဆိုတဲ့ အခါမှာလည်း အခက်အခဲမရှိ တာဝန်မကြီးတဲ့  သီချင်းလေးတွေထည့်ထားတယ်။ အိမ့်ချစ် ဆိုရင်လည်း ကိုကြီးကိုကြီးတို့၊ ဆုံးဖြတ်တို့ ပရိသတ်တွေ နားလည် လွယ်တယ်။ ပျော်ရွှင်ရတယ် ဆိုတဲ့ပုံစံလေးတွေကိုပဲထည့်ထားတယ်”လို့ အိမ့်ချစ်က ပြောပြပါတယ်။

 

  မြတ်မိုးပွင့်

ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071