Tuesday, May 12, 2026

အိုင်စီစီသို့ မလွှဲရန် ဖိလစ်ပိုင်ရဲချုပ်ဟောင်းက သမ္မတကို...

         ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲတွင် ရဲချုပ်ဖြစ်ခဲ့သူက သူ့ကို နိုင်ငံတကာတရားရုံးသို့ မလွှဲရန် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာကို တောင်းဆိုခဲ့ပြီး သူ့အနေဖြင့်...

ရန်ကုန်မြို့တွင်းရှိ ဓာတ်တိုင်များတွင် တရားမဝင်သွယ်တန်းထားသော ဖိုင်ဘာအင်တာနက်ကြိုးများကို...

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ၎င်းတို့ပိုင်ဓာတ်အားလိုင်းတိုင်များပေါ်တွင် တရားမဝင်သွယ်တန်းထားသော ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို စစ်ဆေးဖယ်ရှားခြင်းများ ပုံမှန်လုပ်ဆောင်လျက်ရှိရာ၊ မြို့နယ်အချို့တွင် အင်တာနက်ဆက်သွယ်မှု ပြတ်တောက်ခြင်းများဖြစ်ပေါ်နေကြောင်းသိရသည်။ "နေ့လည်က အကုန်လာရှင်းနေကြတာတွေ့တယ်။ စည်ပင်က တာဝန်ရှိသူတွေလဲ...

ကျိုက်ထိုမြို့နယ်အတွင်း ငှက်ဖျားရောဂါ အမြစ်ပြတ်တိုက်ဖျက်ရေး စီမံချက်စတင်ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ငှက်ဖျားရောဂါကို အပြီးတိုင်တိုက်ဖျက်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Malaria Microstratific ation ဟုခေါ်သည့် စီမံချက်အသစ်တစ်ရပ်ကို စတင်ကျင့်သုံးဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံချက်အသစ်အရ...

KIP ဆိပ်ကမ်းသို့ စားအုန်းဆီတန်ချိန် (၅၃၀၀)ဝင်ရောက်

စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများကို သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီ တင်သွင်းဖြန့်ဖြူးနိုင်ရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ သုံးစွဲနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေးတို့အတွက်...
HomeNewsLocal Newsကိုရီးယားရောက်မြန်မာကျောင်းသားများ ပညာရေးနိုင်ငံကူးလက်မှတ် (PE)သက်တမ်းတိုးရာတွင်တင်ပြရမည့်...

ကိုရီးယားရောက်မြန်မာကျောင်းသားများ ပညာရေးနိုင်ငံကူးလက်မှတ် (PE)သက်တမ်းတိုးရာတွင်တင်ပြရမည့် အထောက်အထားများ

​ကိုရီးယားသမ္မတနိုင်ငံတွင်ပညာသင်ကြားနေသည့် မြန် မာနိုင်ငံသားများ၏ ပညာရေးနိုင်ငံကူးလက်မှတ်(PE) သက်တမ်းတိုးလျှောက်ထားမှုများကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဆိုးလ်မြို့က အသိပေးထုတ်ပြန်လိုက်သည်။

ပညာရေးနိုင်ငံကူးလက်မှတ်(PE)အမျိုးအစားအား အ မှန်တကယ် ပညာသင်ကြားနေသူများကိုထုတ်ပေးနိုင်ရန် လျှောက်ထားသူများအနေဖြင့် ကျောင်းဝင်ခွင့်ပြုသည့်စာ၊ နောက်ဆုံးဖြေဆိုခဲ့သည့် ဘာသာရပ်များအတွက်အမှတ်စာရင်း၊ ကျောင်းလခပေးသွင်းထားသည့် အထောက်အထား၊ ကျောင်းတက်ရောက်နေကြောင်း ထောက်ခံစာတို့ကို မူရင်း၊ မိတ္တူတို့တင်ပြရမည်ဖြစ် သည်။

မြန်မာသံရုံးအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျစိစစ်ဆောင်ရွက်ပေးနေပြီး အမှန်တကယ်ပညာသင်ကြားနေသည့် ကျောင်းသားများ၏ အခွင့်အရေးများဆုံးရှုံးမှုမရှိစေရန် အသိပေးခဲ့ခြင်းဖြစ် သည်။

ထို့ကြောင့် ​ကိုရီးယားနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာကျောင်းသားများအနေဖြင့် သက်တမ်းတိုးရန်ပြင်ဆင်ရာ၌ သံရုံးမှတောင်းဆိုထားသည့် အချက်(၄)ချက်မှာ အမှန်တကယ်ကျောင်းတက်နေကြောင်းသက်သေပြရန် အဓိကကျသော အထောက်အထားများဖြစ်၍ ကျောင်းမှတရားဝင်ထုတ်ပေးထားသည့် စာရွက်စာတမ်းများကို မိတ္တူနှင့်တကွ စနစ်တကျစုဆောင်းထားရန်လိုအပ်သည်။

ထို့ပြင် နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးရန် အနည်းဆုံး (၆)လခန့်ကြိုတင်၍ သက်တမ်းတိုးခြင်းလုပ် ငန်းစဉ်များကိုစတင်ဆောင်ရွက်ခြင်းဖြင့် ဗီဇာကိစ္စနှင့် အခြားသော အုပ်ချုပ်ရေးဆိုင်ရာအခက်အခဲများကို ရှောင်ရှားနိုင်သည်။

နိုင်ငံကူးလက်မှတ်အမျိုးအစားအလိုက်လိုအပ်ချက်များမှာ အခါအားလျော်စွာပြောင်းလဲနိုင်၍ ဆိုးလ်မြို့ရှိ မြန်မာသံရုံး၏ တရားဝင်ထုတ်ပြန်ချက်များကို အမြဲမပြတ်စောင့်ကြည့်လေ့လာရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိုင်စီစီသို့ မလွှဲရန် ဖိလစ်ပိုင်ရဲချုပ်ဟောင်းက သမ္မတကို တောင်းဆို

         ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲတွင် ရဲချုပ်ဖြစ်ခဲ့သူက သူ့ကို နိုင်ငံတကာတရားရုံးသို့ မလွှဲရန် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာကို တောင်းဆိုခဲ့ပြီး သူ့အနေဖြင့် ပြည်တွင်း၌မူ တရားရင်ဆိုင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။        ဖမ်းဆီးခံရမည့်အရေး စိုးရိမ်မှုကြောင့် ၎င်း၏ လွှတ်တော်ရုံးတွင် ဒုတိယမြောက်နေ့အဖြစ် အကာအကွယ်ယူနေထိုင်ခဲ့သော အထက်လွှတ်တော်အမတ် ရော်နယ် ဒယ်လာရိုဆာက သူသည် နိုင်ငံကို သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။       လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဆိုင်ရာ သံသယဖြင့် ရဲချုပ်ဟောင်း ဒယ်လာရိုဆာကို အိုင်စီစီက တနင်္လာနေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့ရာ အဆိုပါဖြစ်ရပ်သည်...

ရန်ကုန်မြို့တွင်းရှိ ဓာတ်တိုင်များတွင် တရားမဝင်သွယ်တန်းထားသော ဖိုင်ဘာအင်တာနက်ကြိုးများကို ရှင်းလင်းသဖြင့် အင်တာနက်ပြတ်တောက်မှုများဖြစ်ပေါ်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ၎င်းတို့ပိုင်ဓာတ်အားလိုင်းတိုင်များပေါ်တွင် တရားမဝင်သွယ်တန်းထားသော ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို စစ်ဆေးဖယ်ရှားခြင်းများ ပုံမှန်လုပ်ဆောင်လျက်ရှိရာ၊ မြို့နယ်အချို့တွင် အင်တာနက်ဆက်သွယ်မှု ပြတ်တောက်ခြင်းများဖြစ်ပေါ်နေကြောင်းသိရသည်။ "နေ့လည်က အကုန်လာရှင်းနေကြတာတွေ့တယ်။ စည်ပင်က တာဝန်ရှိသူတွေလဲ ပါကြတယ်။ ဒါပေမယ့် အခုလိုကြီး တစ်လမ်းလုံး အကုန်ဖြတ်ချ ဖြုတ်ချသွားမယ်တော့ မထင်မိဘူးပေါ့။ ဓာတ်တိုင်တွေမှာ ကြိုးတွေမြင်မကောင်းအောင် ရှုတ်နေတာ အကုန်ရှင်းသွားလို့ ဝိုင်ယာရှော့ဖြစ်မှာတွေဘာတွေအတွက်ရင်အေးရသလို ဒီနှစ်မှာ မနှစ်ကထက် မီးပိုမှန်လို့လဲ YESC ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ခုလို ဘာမပြောညာမပြောနဲ့ အင်တာနက်တွေ ပြတ်ကုန်တာကတော့ အဆင်မပြေဘူးပေါ့"ဟု ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။ ဖြုတ်ချသွားသည့်...

ကျိုက်ထိုမြို့နယ်အတွင်း ငှက်ဖျားရောဂါ အမြစ်ပြတ်တိုက်ဖျက်ရေး စီမံချက်စတင်ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ငှက်ဖျားရောဂါကို အပြီးတိုင်တိုက်ဖျက်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Malaria Microstratific ation ဟုခေါ်သည့် စီမံချက်အသစ်တစ်ရပ်ကို စတင်ကျင့်သုံးဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံချက်အသစ်အရ မြို့နယ်တစ်ခုလုံးကို တစ်ပြေးညီဆောင်ရွက်မည့်အစား ကျေးရွာတစ်ရွာချင်းစီနှင့် တောစပ်တစ်ခုချင်းစီအထိ ရောဂါဖြစ်ပွားမှုနှုန်းကို အ သေးစိတ် ခွဲခြမ်းစိတ်ဖြာကာ ရရှိလာသည့် အချက်အလက်များအပေါ် မူတည်၍ ရောဂါအန္တရာယ်ရှိမှု အခြေအနေကို အရောင်များဖြင့် အဆင့်သတ်မှတ်ကာ ငှက်ဖျားပိုး အားအကောင်းဆုံးရှိနေသည့် အနီရောင်အဆင့်ဒေသများကို ဦးစားပေး တိုက်ဖျက်သွားမည် ဖြစ်ကြောင်းသိရသည်။ ထို့သို့ အသေးစိတ်အဆင့်သတ်မှတ်လိုက်ခြင်းကြောင့် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများကို အမှန်တကယ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071