ရန်ကုန်တိုင်း၊သာကေတမြို့နယ်တွင် ဒီဇင်ဘာ ၂၂ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
ယနေ့နံနက် ၁၁ နာရီခန့်က သာကေတမြို့နယ်၊ရှုခင်းသာလမ်းမကြီးနှင့်အောင်သစ္စာလမ်းမကြီးထောင့်တွင် ကိုယ်ပိုင်ကားက အဌားကား၏ နောက်ပိုင်းအား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် အဌားကားမောင်းသူနှင့်ကိုယ်ပိုင် ကားမောင်းသူတို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်းက မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
“ယာဥ်မောင်းနှစ်ယောက်လုံးအသေးစားဒဏ်ရာလေးတွေရသွားပါတယ် ကိုယ်တွေလက်တွေနာတာနဲ့ရင်ဘတ်တွေ ဗိုက်တွေနာတာလောက်ဖြစ်သွားတာပါ”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံကပြော သည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂ ဦးအား ရှုခင်းသာလူမှုကူညီရေးပရဟိအသင်းမှ ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း

