Friday, February 14, 2025

မုံရွာမြို့တွင် နှစ်(၁၁၀)ပြည့် မြန်မာနိုင်ငံ ကလေ-းများနေ့အခမ်းအနားများကျင်းပ

နှစ်(၁၁၀)ပြည့် မြန်မာနိုင်ငံ ကလေ-းများနေ့ ပျော်ပွဲရွှင်ပွဲကို ဖေဖော်ဝါရီလ (၁၃)ရက် နံနက်(၈)နာရီက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ကျင်းပသည်။ ပျော်ပွဲရွှင်ပွဲကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး...

ရွှေကုက္ကိုလ်က အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ် က...

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် ခြေကုတ်ယူကာ လုပ်ဆောင်နေသည့် အွန်လိုင်းငွေလိ-မ်လည်သည့် ကျားဖျန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် ဖမ်းဆီးမှုများကို...

Myanmar National League 2024-25...

Myanmar National League 2024-25 ပွဲစဉ် Week-19 ပွဲစဉ်များ ပြီးဆုံးချိန်အထိ အများဆုံး သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသူမှာ ရန်ကုန်ယူနိုက်တက်အသင်း...

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ထိန်းထားနိုင်ရန် တရုတ်ကြိုးပမ်းနေ

ပေကျင်း၊ဖေဖော်ဝါရီ ၁၂ ပြင်းထန်လာသည့် တရုတ်-အမေရိကန်ကုန်သွယ်ရေးအားပြိုင်မှုများအကြား ၌ မြေစာပင်ဖြစ်မည့်အရေးကို စိုးရိမ်ပူပန်နေကြသည့်ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များကို သိမ်းသွင်းနိုင်ရန်အတွက် တရုတ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တည်ငြိမ်စေမည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တနင်္လာနေ့က ဝန်ကြီးချုပ်လီချင်ဦးဆောင်သည့် နိုင်ငံတော်ကောင်စီအစည်းအဝေးတွင်...
HomeArticlesကိုဗစ် ၁၉ မိစ္ဆာပိုးနဲ့...

ကိုဗစ် ၁၉ မိစ္ဆာပိုးနဲ့ ခုခံရေးစံနစ်ရဲ့ ရောင်ရမ်းမူ့တိုက်ပွဲ

ကိုဗစ် ၁၉ မိစ္ဆာပိုးနဲ့ ခုခံရေးစံနစ်ရဲ့ ရောင်ရမ်းမူ့တိုက်ပွဲ

ရောဂါဗေဒပါရဂူကြီး တစ်ဦးဖြစ်သူ ဒေါက်တာခင်ဇော် (စာရေးဆရာ နိုင်ဇော်)က ကိုဗစ် ၁၉ မိစ္ဆာပိုးနဲ့ ခုခံရေးစံနစ်ရဲ့ ရောင်ရမ်းမူ့တိုက်ပွဲ မှာ ပါဝင်ပတ်သက်ကြတဲ့ ခန္ဓာအစိတ်အပိုင်းအသီးသီးရဲ့ လုပ်ဆောင်ချက်တွေကို ဆောင်းပါးတပုဒ်အဖြစ်ရေးသားထားမှုကို မျှဝေလိုက် ပါတယ်။

ဆိုက်တိုကိုင်း မုန်တိုင်း Cytokine Storm ဒါမှမဟုတ် Cytokine release syndrome (CRS) လို့ သိထားကြတဲ့ ကိုယ်တွင်းဓါတု အချက်ပြ စနစ် ပရမ်းပတာမွှေ့ရမ်းမှု ဟာ ကိုဗစ် ၁၉ မိစ္ဆာ ဗိုင်းရပ်စ်ပိုး ကူးစက်ကပ်ဘေးဆိုးကြီးရဲ့ အရေးကြီးတဲ့ နောက်ဆက်တွဲ ပြသနာတွေထဲမှာ ပါဝင် လို့ လူတွေ အာရုံစိုက် စိတ်ဝင်တစား ဖြစ်လာကြပါတယ်။

တကယ်တော့ တခြား စိုးရိမ် ရတဲ့ ရောဂါဘယ များစွာတို့မှာလည်းပဲ ထိန်းမနိုင် သိမ်းမရ ကိုယ် တွင်း ဓါတု အချက်ပြ စနစ် ပရမ်းပတာ မွှေ့ရမ်းမှု Cytokine Storm က ဖြစ်တတ်ပါသေးတယ်။

ပုံမှန် အားဖြင့် ကိုယ်တွင်း ခုခံမှု စနစ်ရဲ့ အဆင့်မြင့် ကွပ်ကဲရေး ကလပ်စည်း ဆဲလ်တွေဟာ အဲဒီ့ cytokines ဓါတု အချက်ပြ ပစ္စည်းတွေကို စနစ်တကျ သုံးပြီး အမိန့် ညွှန်ကြားချက်သတင်း ပေးပို့တာတွေ ပြုလုပ်တာ ဖြစ်ပါတယ်။

ဘက်တီးရီးယား ဗိုင်းရပ်စ် စတဲ့ ကူးစက် အနုဇီဝပိုးတွေ ၊ဖောက်လွဲဖောက်ပြန် ကင်ဆာ ဆဲလ် ကလပ်စည်းတွေ စတဲ့ ရန်သူ ရောဂါဘယတွေကို ခုခံ ကာကွယ် တိုက်ခိုက်ဖို့ စည်းနဲ့ကမ်းနဲ့ စုဖွဲ့ ရာမှာ ဓါတု အချက်ပြ ပစ္စည်းတွေ မရှိမဖြစ် လိုအပ်တာပါ။

တိုက်ခိုက်ရေး ဆဲလ် ကလပ်စည်းတွေကို လိုအပ်တဲ့နေရာ အရောက် လာ ဖြစ်အောင် ဆင့်ခေါ် စုဝေးဖို့ ၊ရိုးတွင်းခြင်ဆီကနေ တိုက်ခိုက် ရေးဆဲလ် ကလပ်စည်းတွေကိုအသစ် ထပ်မံ ထုတ်ပေးပြီး လေ့ကျင့် ပျိုးထောင်ဖို့ ၊ B lymphocytes လို အင်ဂျင်နီယာ ပညာရှင် ဆဲလ် တွေက လိုအပ်တဲ့ အင်တီဘော်ဒီ လက်နက် ပစ္စည်းတွေ အတိအကျ ထုတ်လုပ်ဖို့ ၊ တိုက်ခိုက် ရေးဆဲလ် နဲ့ လက်နက် ပစ္စည်းတွေ လွယ်လင့်တကူ သွားလာ သယ်ပို့နိုင်အောင် သွေးကြော နံရံကို ပါးလွှာ ယိုစိမ့်စေဖို့ ၊ ရန်သူကို ကန့်သတ်ဖို့ အတွက် သွေးကို ပိုခဲစေခြင်း စတာတွေ ဖြစ် ပေါ်စေလို့ ကိုယ်ခန္ဓာတွင်း ရောင်ရမ်းမှု inflammation နဲ့ ကြုံရပါတယ်။

ရောင်ရမ်းမှု inflammation က နှစ်ဘက် ဓါးသွားလို လိုအပ်သလောက် အတိအကျ ထိန်းချုပ် မကျင့်သုံးနိုင်ဘဲ လွန်ကျွံသွားရင် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့်လည်း ရောင်ရမ်းမှုကို ပြန်ရပ်တန့်စေ တဲ့ အမိန့် နဲ့ ညွှန်ကြားချက် ဓါတု အချက်ပြ ပစ္စည်းတွေ anti-inflammatory cytokine ထုတ် ပြီး ကန့်သတ်ရပြန်တယ်။

ထိန်းမနိုင် သိမ်းမရ ကိုယ်တွင်း ဓါတု အချက်ပြ စနစ် ပရမ်းပတာ မွှေ့ရမ်းမှု Cytokine storm ဆိုတာ အဲ့ဒီ့ အမိန့် နဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန် ပေးတဲ့ အဆင့်မြင့် ခုခံရေး ဆဲလ် ကလပ်စည်းများရဲ့ စီမံခန့်ခွဲမှု ဖရိုဖယဲ ယိုင်လဲ သွားလို့ ဖြစ် ရတာပါ။

အဓိက ကိုယ်တွင်း ခုခံရေး စနစ်ရဲ့ အဆင့်မြင့် ကွပ်ကဲရေး ကလပ်စည်း ဆဲလ်တွေက ရောင်ရမ်းမှု ဆိုင်ရာ အချက်ပြ အမိန့် ညွှန်ကြားချက် တွေ အလွန်အကျွံ ပေးမိတဲ့ အတွက် ဖြစ်လာရတဲ့ ကျန်းမာရေး ပြသနာ အခြေအနေတွေ ဖြစ်ပါတယ်။

အဲသလို အလွန်အကျွံ ဖြစ်ပြီဟေ့ဆိုရင် ကိုယ် တွင်းခုခံမှုစနစ်က မတရား နိုးကြား လာတယ်။မြင်သမျှ ရမ်းသမ်း တိုက်ခိုက်မိတယ် ။ပြန်ရပ် တန့်ဖို့ လိုအပ်ပေမဲ့ မထိန်းချုပ်နိုင်တော့ဘူး ။

အဲ့ဒီ့အတွက် အဆုတ် ရဲ့ အသက်ရှူ လုပ်ငန်း ရုတ်ခြည်း ဖိစီးမှု acute respiratory distress syndrome ဖြစ်လို့ သွေးတွင်း အောက်ဆီဂျင် မလုံလောက်တော့ပဲ ကိုယ်တွင်းလုပ်ငန်းများ နှေးကွေး ရပ်တန့်သွားမယ် ။

 

နှလုံးနဲ့သွေး ဖြန့်ဖြူးမှု ပုံမှန် မလုပ်နိုင်တော့ဘူး။အသည်း နဲ့ ကျောက်ကပ် မလည်ပတ်နိုင် တော့ဘူး။သွေးပြစ် သွေးခဲခြင်း ပိုဖြစ်လွယ် လာမယ်။ ဦးနှောက် နဲ့ အာရုံကြော စနစ်ကိုလည်း ထိခိုက်မယ်။အဲ့ဒီ့လို ကိုယ်တွင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေကြတဲ့ အင်္ဂါအစိတ်အပိုင်း များစွာ ပျက်စီးပြီး သေစေနိုင်ပါတယ်

ကိုဗစ် ၁၉ မိစ္ဆာ ဗိုင်းရပ်စ်ပိုး ကူးစက် ကပ်ဘေးဆိုးကြီး အပြင် ဆိုက်တိုကိုင်း မုန်တိုင်း Cytokine Storm ကိုယ်တွင်း ဓါတု အချက်ပြ စနစ် ပရမ်းပတာ မွှေ့ရမ်းမှု ဖြစ်စေနိုင်သေးတဲ့ တခြား အခြေအနေ တစ်ချို့ကို သိထားသင့်ပါတယ်။

 ၁။ မျိုးဗီဇ ရောဂါစု Genetic Syndromes

မျိုးရိုးလိုက်တဲ့ ခုခံရေး ဆဲလ်ကလပ်စည်း ရောဂါ familial hemophagocytic lymphohistiocytosis (HLH) ရှိသူတွေ အခါမလည်ခင် လသား အရွယ်လောက် ကလေးလေး ဘဝမှာ ကတည်းက ဆိုက်တိုကိုင်း မုန်တိုင်း ကြုံရတတ်ပါတယ်။

၂။ ကူးစက်ရောဂါတွေ ကိုဗစ်အပါအဝင် Influenza A virus, Epstein-Barr virus and cytomegalovirus အစရှိတဲ့ ဗိုင်းရပ်စ်တွေ ၊ဘက်တီးရီးယားတွေ ကူးစက်ခြင်းကြောင့် ဆိုက်တိုကိုင်း မုန်တိုင်း ကြုံရတတ်တယ်။

၃။ Autoimmune disease
မိမိ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကိုပဲ ရန်သူလို သဘော ထားပြီး ပြန် ရန်ပြု တိုက်ခိုက်ကြတဲ့ autoimmune syndromes တစ်ချို့မှာ ဆိုက်တိုကိုင်း မုန်တိုင်း ကြုံရတတ်တယ်။အဲဒီ့အခါကျရင် အမိန့် ညွှန်ကြားချက် ဓါတုအချက်ပြ ပစ္စည်း မျိုးစုံ ထုတ်ပေးနိုင်စွမ်း ရှိတဲ့ ခုခံရေး အဆင်မြင့် ကလပ်စည်း macrophages တွေကို အထူးပြု ရည်ညွှန်းပြီး “macrophage activation syndrome” ဆိုတဲ့ နာမည် နဲ့ ခေါ်ကြပါတယ်။

၄။ ဆေးဝါး ဘေးထွက် ဆိုးကျိုး
သွေးဖြူ ကင်ဆာ လူကီးမီယား ကုသမှု နဲ့ တ ခြား immunotherapy တစ်ချို့မှာ တစ်ခါတလေ ဆိုက်တိုကိုင်း မုန်တိုင်း ကြုံရတတ်ပါတယ်။

၅။ အင်္ဂါ အစိတ်အပိုင်း နဲ့ ပင်မဆဲလ် stem cell အစားထိုး ကုသမှုတွေ

၆။ ကင်ဆာ ရောဂါ တစ်ချို့

၇။ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ AIDS

၈။ သွေးဆိပ်သင့်ခြင်း Sepsis
ပြင်းထန်တဲ့ ကူးစက်ပိုး သွေးထဲ ပြန့်နှံ့တဲ့ အခြေအနေ အစရှိတာတွေ ဖြစ်ကြပါတယ်။

ဆိုက်တိုကိုင်း မုန်တိုင်း သံသယ ဝင်တဲ့ အခါ
ဆီးချို ၊သွေးတိုး ၊နှလုံး ၊အဆုတ် ၊ကျောက်ကပ် ရောဂါ အခံတွေများ ရှိခဲ့ရင် ပိုပြီး ဂရုစိုက်ရပါမယ်။ရောဂါ ရာဇဝင် အသေးစိတ် ၊စနစ်တကျ ကြည့်ရှု စမ်းသပ် ပြီးတော့ ရောဂါ ရှာဖွေ စစ် ဆေးမှု များစွာ လုပ်ရမှာပါ။

ဆိုက်တိုကိုင်း မုန်တိုင်း Cytokine Storm ကိုယ်တွင်း ဓါတု အချက်ပြ စနစ် ပရမ်းပတာ မွှေ့ရမ်းမှု ရဲ့ အထောက်အထား တစ်ချို့-
၁။ သွေးတွင်း အောက်ဆီဂျင် လျော့နည်းခြင်း hypoxia၊
၂။ ခုခံရေး ဆဲလ် ကလပ်စည်း immune cells အရေအတွက် လျော့နည်း နေခြင်း၊
၃။ ကျောက်ကပ် နဲ့ အသည်း လုပ်ငန်း ပျက်စီးမှု အထောက်အထား markers များ မြင့်တက်ခြင်း၊
၄။ C-reactive protein (CRP) လို ရောင်ရမ်းမှု အထောက်အထား markers များ မြင့်တက်ခြင်း၊
၅။ သွေးခဲ/သွေးပျစ် clotting အထောက်အထား markers များ မြင့်တက်ခြင်း၊ဥပမာ D-dimers၊
၆။ ရောင်ရမ်းမှု သွေးအားနည်း ရောဂါ anaemia of inflammation ရဲ့ လက္ခဏာ တစ် ရပ် အဖြစ် သွေးတွင်း ferritin မြင့်တက်ခြင်း၊

အဲ့ဒီ့လို ဓါတ်ခွဲ စစ်ဆေးချက်တွေ အပြင်
Chest X-ray and CT Scan အဆုတ် ဓါတ်မှန် နဲ့ ပုံရိပ် စစ်ဆေးမှုတွေကလည်း များစွာ အ ထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ကိုဗစ် ၁၉ မိစ္ဆာ ဗိုင်းရပ်စ်ပိုး ကူးစက် ကပ်ဘေးဆိုးကြီးမှာ ကြုံရတဲ့ ဆိုက်တိုကိုင်း မုန်တိုင်း Cytokine Storm ကိုယ်တွင်း ဓါတု အချက်ပြ စနစ် ပရမ်းပတာ မွှေ့ရမ်းမှု ဟာ သေဘေး ကြုံရနိုင်တဲ့ ပြသနာ ဖြစ်လို့ အထူးတလည် ကြပ်ကြပ်မတ်မတ် ကုသ ကယ်တင်ဖို့ လိုအပ်တာ အများ သိကြပြီး ဖြစ်ပါတယ်။

မမေ့မလျော့ မပေါ့မဆ ၊မှန်ကန်တဲ့ အသိ သတိများ နဲ့လိုအပ်သလို စနစ်တကျ ကြပ်မတ် ကုသမှု ခံယူ ရရှိပြီးမသေသင့်တဲ့ အသက်များကို ကယ်တင် ပေးနိုင်ကြပါစေ။

ကိုဗစ် မိစ္ဆာ ရန်ဘေး အမြန်ဆုံး ကင်းဝေးကြရပါစေ။

နိုင်​ဇော် @ ​ဒေါက်တာ ခင်​ဇော်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071