ချင်းရွှေဟော်ဂိတ်အား ဧပြီလကတည်းက ကိုဗစ်ကြောင့် တရုတ်နိုင်ငံဖက်က ပိတ်ထားပြီး၊ လတ်တလော ကျိန်စန်းကျော့ပါ ပိတ်လိုက် သည့် အတွက် တရုတ် နယ်စပ်ဂိတ်များ အားလုံးပိတ် သွားပြီဖြစ်ပါသည်။ သို့ရာတွင် ကိုဗစ်ကုသရေး အတွက် လိုအပ်သည့်ဆေးဝါးနှင့် အထောက်အကူပြု ပစ္စည်းကရိယာများအတွက်ကို သီးခြားအထူးအစီစဉ် တစ်ရပ်အနေနဲ့ တင်သွင်းရန်ဖြတ်သန်းခွင့်ပြုမည်ဟုသိရပါသည်။
တင်သွင်းမည့် ပစ္စည်းအမျိုးအစား တင်ပို့သူနှင့်အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံအောင်ပေးပို့ ပြီးလျှေက်ထားရမည် ဟုသိ ရပါသည်။ ကုန်သည်စက်မှုအသင်းချုပ်ဖက်မှလည်း လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
.