ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်ရဲ့ ကိုဗစ်ကူးစက်မှု အခြေအနေဟာ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ၃၀၀၀ကျော်ရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ သတင်းအချက်အလက်တွေအရသိရပါတယ်။
ဒီစာရင်းက ၂၀၂၁ မေလ ၂၅ရက် ကနေ သြဂုတ်လ ၉ ရက်နေ့ စာရင်းဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးမှုက ၂၇၅ဦးရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ ဌာနက ဖော်ပြပါတယ်။
ပြည်နယ်ထဲ ကိုဗစ်ကူးစက်မှု အများဆုံးမြို့တွေက စစ်တွေ မြို့၊ဂွမြို့၊မောင်တောမြို့ တွေဖြစ်ပြီး အဲ့ဒီမြို့တွေရဲ့ ကူးစက်သူ ၄၀၀ကျော်၊၅၀၀ကျော်နဲ့ ၆၀၀နီးပါးအထိ အသီးသီး ရှိခဲ့ပါတယ်။ကိုဗစ်ကြောင့် သေဆုံးမှု အများဆုံးမြို့ကတော့ စစ်တွေမြို့ဖြစ်ပြီး ၆၆ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
တောင်ကုတ်မှာလည်း ၅၅ဦးသေဆုံးခဲ့ပြီး အခြားမြို့နယ်မှာတော့ သေဆုံးမှုက ၁၀ကျော်၊၂၀ကျော်၊၃၀ကျော်လောက်သာ ရှိတယ်လို့ သိရပါတယ်။
ဒီကိန်းဂဏန်းအချက်အလက်တွေကို ကိုဗစ် ဒုတိယလှိုင်းကာလနဲ့ တွက်ရင် အတော်လေးကို နည်းတဲ့ ပမာဏလို့ ဒေသခံအချို့က မှတ်ချက်ပြုပါတယ်။
လက်ရှိမှာတော့ ရောဂါပျောက်ကင်းသွားလို့ ဆေးရုံက ဆင်းသွားတဲ့သူ ၂၅၀၀ကျော်ရှိပြီး ဆေးရုံတက်ကုသနေဆဲ အရေအတွက်က ၅၀၀ကျော်ရှိတယ်လို့ သိရပါတယ်။