Wednesday, May 6, 2026

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော်...

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏...

ပလိပ်မြို့နယ်တွင် မိုးရွာသွန်းလေပြင်းတိုက်၍ လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်(၇)တိုင်ကျိုးပြီး (၂)တိုင်ယိုင်နဲ့ကာ...

မန္တလေးတိုင်း၊ ပလိပ်မြို့နယ်တွင် ယနေ့ မေ ၆ ရက်နံ နက်အစောပိုင်း ၅ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့၍ သစ်ပင်သစ်ကိုင်းများလဲပြိုကျခဲ့ကြောင်း လျှပ်စစ်နှင့်...
HomeArticlesကယ်တင်ရှင်

ကယ်တင်ရှင်

တစ်ခါက အင်မတန်ကြည်လင်တဲ့ မြစ်ကြီးတစ်စင်းရဲ့ ကြမ်းပြင် တစ်လျှောက်မှာ ရွာတည်နေကြတဲ့ သတ္တဝါတွေရှိကြသတဲ့။

မြစ်ရေစီးကြောင်းကတော့ ငယ်သူ ကြီးသူ၊ ချမ်းသာသူ ဆင်းရဲသူ၊ ဆိုးသူ ကောင်းသူ အားလုံးပေါ်ကနေ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဖြတ်သန်းစီး ဆင်းနေတာပါပဲ။ မြစ်ရေစီးကြောင်း ဟာ သူ့ရဲ့ပင်ကို ကြည်လင်မှုသဘာဝနဲ့ သူ့လမ်းသူ သွားနေတာပဲလေ။ မြစ် ကြမ်းပြင်က သတ္တဝါတိုင်းဟာ ကိုယ့် နည်းကိုယ့်ဟန်နဲ့ ကိုယ်ပဲ မြစ်ကြမ်း ပြင်က ကျောက်တုံး ကျောက်ခက်တွေ မှာ မြဲမြဲခိုင်ခိုင်တွယ်ကပ်နေကြတာပဲ။ အဲဒီလို တွယ်ကပ်နေရတာကိုက သူတို့ရဲ့ ဘဝလမ်းကြောင်းပဲလေ။ ပြီး တော့ မြစ်ရေစီးကြောင်းကို ကြံ့ကြံ့ခံ နေဖို့ဆိုတာကလည်း သူတို့မွေးကတည်း က တတ်မြောက်လာခဲ့ပြီးသားပဲ။

ဒါပေမဲ့ နောက်ဆုံးမှာတော့ သတ္တဝါတစ်ကောင်က ”တွယ်ကပ်နေ ရတာ ကျုပ်တော့ပင်ပန်းလှပြီ။ ကျုပ် မျက်စိနဲ့ တပ်အပ်မမြင်နိုင်တာတောင် မှ ဟောဒီမြစ်ရေစီးကြောင်းကို ကျုပ် ယုံကြည်တယ်။ ကျုပ်သွားတော့မယ်။ မြစ်ရေစီးကြောင်းသွားတဲ့အတိုင်း ပါ သွားပါစေတော့။ တွယ်ကပ်နေရတာ နဲ့တော့ ကျုပ်ပျင်းလွန်းလို့ သေသွား လိမ့်မယ်”လို့ပြောတော့တယ်။

တခြားသတ္တဝါတွေကတော့ သူ ပြောတာကို ရယ်မောကြပြီး ”အရူးပဲ။ သွားပေါ့။ မင်းယုံကြည်ကိုးကွယ်တဲ့ ရေစီးကြောင်းက မင်းကိုကျွမ်းထိုး မှောက်ခုံဖြစ်အောင် ကျောက်တုံးတွေ ပေါ်ပစ်ပေါက်လို့ ပျင်းလို့သေမှာ ထက်ပိုပြီး မြန်မြန်သေမှာ” လို့ဝိုင်း ဝန်းပြောကြတယ်။ ဒါပေမဲ့ သူတို့ ပြောကြတာတွေကို ဟိုသတ္တဝါက တော့ အရေးကိုမစိုက်ပါဘူး။ အ သက်ဝ တစ်ချက်ရှူလိုက်ပြီးတဲ့နောက် ရေစီးကြောင်းက ကျွမ်းထိုးမှောက် ခုံဖြစ် အောင်ကျောက်တုံးတွေပေါ်ပစ် ပေါက်လည်းပေါက်ပါစေဆိုပြီးသူဟာ တွယ်ကပ်ထားတာကို လွှတ်ပြီး ရေစီး ကြောင်းနဲ့ တစ်ခါတည်းလိုက်သွား တော့ တာပဲ။

ရေစီးကြောင်းထဲရောက် သွား တာနဲ့တပြိုင်နက် ရေစီးကြောင်းက သူ့ကိုမြစ်ကြမ်းပြင်ကနေ လွတ်လွတ် ကျွတ်ကျွတ်ဖြစ်သွားအောင် အပေါ် ကို ပင့်မပေးလိုက်တာကြောင့် နည်း နည်းပါးပါးပွန်းပဲ့တာထက်ပိုပြီး မနာ လှပါဘူး။ အဲဒီနောက်မှာတော့ မြစ် ကြေပိုင်းက သတ္တဝါတွေဟာ သူစိမ်း ဖြစ်နေတဲ့သူ့ကိုမြင်ပြီး ”အံ့သြစရာ တစ်ခုပဲဟေ့။ တို့လိုသတ္တဝါတစ်ကောင် က ပျံသန်းပြီး လာနေတယ်။ ငါတို့ အားလုံးကို ကယ်တင်ဖို့လာနေတဲ့ ကယ်တင်ရှင်ကိုကြည့်ကြစမ်း”လို့ အော်ကြဟစ်ကြတော့တာပဲ။

”ကျုပ်ဟာ ခင်ဗျားတို့နဲ့ ဘာ မှမထူးသလို ကယ်တင်ရှင်လည်း မဟုတ်ပါဘူး။ ကျုပ်တို့ တွယ်ကပ် နေတာကို ရဲရဲရင့်ရင့်ခွာရဲရင် ကျုပ် တို့ လွတ်မြောက်အောင် မြစ်ကပျော် ပျော်ကြီး ပင့်တင်ပေးပါတယ်။ ဒါဟာ ကျုပ်တို့ခရီးရှည်ထွက်တဲ့ သဘောပါ ပဲ။ စွန့်စားခန်းပါပဲ”လို့ ရေစီးကြောင်း နဲ့ပါလာတဲ့ သတ္တဝါကပြောလိုက်ပါ တယ်။

ဒါပေမဲ့ ဟိုသတ္တဝါတွေကတော့ ကျောက်တုံးတွေမှာ တွယ်ကပ်မြဲတွယ် ကပ်နေရင်းကပဲ ”ကယ်တင်ရှင်” လို့ ပိုပြီးအသံ ကျယ်ကျယ်အော်ကြတော့ တာပဲ။ အော်ပြီးလို့ သူ့ကိုပြန်ကြည့် လိုက်တဲ့အခါမှာတော့ သူကမရှိ တော့ပါဘူး။ တွယ်ကပ်နေကြတဲ့ သတ္တဝါတွေဆီမှာတော့ သူတို့ချည်း ပဲကျန်ရစ်ခဲ့တဲ့ အဲဒီဖြစ်ရပ်ကနေ ‘ကယ်တင်ရှင်’ တစ်ပါးရဲ့ဒဏ္ဍာရီ တွေ ဖြစ်လာတော့တာပါပဲ။

ဟက်ကာ

မှတ်ချက် -Richard Bach ၏ Illusions ဝတ္ထုစာအုပ်မှ ကောက်နုတ်မြန်မာပြန်ပါသည်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071