Thursday, August 6, 2026

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ...

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ...

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen...

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်...

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeNewsLocal Newsကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာခရီးစဉ် တရုတ်ချီးကျူး

ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာခရီးစဉ် တရုတ်ချီးကျူး

(Unicode)

ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာခရီးစဉ် တရုတ်ချီးကျူး

ပြီးခဲ့သည့် ဇန်နဝါရီ ၇ရက်နေ့နှင့် ၈ရက်နေ့များက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ ခရီးစဉ်နှင့် ပတ်သတ်ပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရပုဂ္ဂိုလ် Mr. Wang Wenbin က မှတ်ချက်ပြုစကားကို ဇန်နဝါရီ ၁၀ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

Mr. Wang Wenbin က တရုတ်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံသည် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်ရန် အင်တိုက်အားတိုက်ထောက်ခံအားပေး၍ မြန်မာနိုင်ငံဘက်အသီးသီးက နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် သဘောထားကွဲလွဲမှုများကိုဖြေရှင်းကာ ဆောလျင်စွာတည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်အကျိုးထမ်းဆောင်ပေးမည်ဖြစ်ကြောင်းကိုပါ ထည့်သွင်း ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက.မြန်မာနိုင်ငံသို့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်လာရောက်ခဲ့မှုနှင့် တိုးတက်မှုတို့အပေါ် တရုတ်ဘက်ကမည်ကဲ့သို့ ရှုမြင်ပါသနည်းဟု မေးမြန်းခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရပုဂ္ဂိုလ် Mr. Wang Wenbin က မြန်မာနိုင်ငံသည် အာဆီယံဟူသည့်မိသားစုကြီး၏အဖွဲ့ဝင်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက အာဆီယံသည် “အာဆီယံနည်းလမ်း” ဖြင့် မြန်မာအရေးကိစ္စဖြေရှင်းပြီး အာဆီယံမူဘောင်အောက်တွင် “သဘောတူညီချက် (၅) ချက်” အား အဆင်ပြေချောမွေ့စွာဖော်ဆောင်မှုကို ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏တာဝန်ထမ်းဆောင်မှုအတွက် အကျိုးရှိသည့်အခြေအနေ ဖန်တီးပေးပြီး မြန်မာနိုင်ငံ၏ “ရှေ့လုပ်ငန်းစဉ် (၅) ရပ်” နှင့် အာဆီယံ “သဘောတူညီချက် (၅) ချက်” ထိရောက်စွာချိတ်ဆက်ရေးကို မိမိတို့ကချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံသည် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်ရန် အင်တိုက်အားတိုက်ထောက်ခံအားပေး၍ မြန်မာနိုင်ငံဘက်အသီးသီးက နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် သဘောထားကွဲလွဲမှုများကိုဖြေရှင်းကာ ဆောလျင်စွာတည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်အကျိုးထမ်းဆောင်ပေးမည်ဖြစ်ကြောင်း စသည်ဖြင့် ဖြေကြားခဲ့သည်ဟု သိရှိရသည်။

(Zawgyi)

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္၏ ျမန္မာခရီးစဥ္ တ႐ုတ္ခ်ီးက်ဴး

ၿပီးခဲ့သည့္ ဇန္နဝါရီ ၇ရက္ေန႔ႏွင့္ ၈ရက္ေန႔မ်ားက ျမန္မာႏိုင္ငံသို႔လာေရာက္ခဲ့သည့္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္၏ ခရီးစဥ္ႏွင့္ ပတ္သတ္ၿပီး တ႐ုတ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာဆိုခြင့္ရပုဂၢိဳလ္ Mr. Wang Wenbin က မွတ္ခ်က္ျပဳစကားကို ဇန္နဝါရီ ၁၀ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

Mr. Wang Wenbin က တ႐ုတ္ႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒ ကေမာၻဒီးယားႏိုင္ငံသည္ အျပဳသေဘာေဆာင္သည့္ အခန္းက႑မွပါဝင္ရန္ အင္တိုက္အားတိုက္ေထာက္ခံအားေပး၍ ျမန္မာႏိုင္ငံဘက္အသီးသီးက ႏိုင္ငံေရးေဆြးေႏြးမႈမွတစ္ဆင့္ သေဘာထားကြဲလြဲမႈမ်ားကိုေျဖရွင္းကာ ေဆာလ်င္စြာတည္ၿငိမ္ေအးခ်မ္း၍ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေရးပါသည့္အက်ိဳးထမ္းေဆာင္ေပးမည္ျဖစ္ေၾကာင္းကိုပါ ထည့္သြင္း ေျပာၾကားခဲ့သည္။

ဇန္နဝါရီလ ၁၀ ရက္ေန႔တြင္ က်င္းပသည့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ပုံမွန္သတင္းစာရွင္းလင္းပြဲ၌ သတင္းေထာက္တစ္ဦးက.ျမန္မာႏိုင္ငံသို႔ ကေမာၻဒီးယားႏိုင္ငံ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္လာေရာက္ခဲ့မႈႏွင့္ တိုးတက္မႈတို႔အေပၚ တ႐ုတ္ဘက္ကမည္ကဲ့သို႔ ရႈျမင္ပါသနည္းဟု ေမးျမန္းခဲ့သည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာဆိုခြင့္ရပုဂၢိဳလ္ Mr. Wang Wenbin က ျမန္မာႏိုင္ငံသည္ အာဆီယံဟူသည့္မိသားစုႀကီး၏အဖြဲ႕ဝင္ျဖစ္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံက အာဆီယံသည္ “အာဆီယံနည္းလမ္း” ျဖင့္ ျမန္မာအေရးကိစၥေျဖရွင္းၿပီး အာဆီယံမူေဘာင္ေအာက္တြင္ “သေဘာတူညီခ်က္ (၅) ခ်က္” အား အဆင္ေျပေခ်ာေမြ႕စြာေဖာ္ေဆာင္မႈကို ေထာက္ခံအားေပးေၾကာင္း၊ ျမန္မာႏိုင္ငံက ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္၏တာဝန္ထမ္းေဆာင္မႈအတြက္ အက်ိဳးရွိသည့္အေျခအေန ဖန္တီးေပးၿပီး ျမန္မာႏိုင္ငံ၏ “ေရွ႕လုပ္ငန္းစဥ္ (၅) ရပ္” ႏွင့္ အာဆီယံ “သေဘာတူညီခ်က္ (၅) ခ်က္” ထိေရာက္စြာခ်ိတ္ဆက္ေရးကို မိမိတို႔ကခ်ီးက်ဴးပါေၾကာင္း၊ တ႐ုတ္ႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒ ကေမာၻဒီးယားႏိုင္ငံသည္ အျပဳသေဘာေဆာင္သည့္ အခန္းက႑မွပါဝင္ရန္ အင္တိုက္အားတိုက္ေထာက္ခံအားေပး၍ ျမန္မာႏိုင္ငံဘက္အသီးသီးက ႏိုင္ငံေရးေဆြးေႏြးမႈမွတစ္ဆင့္ သေဘာထားကြဲလြဲမႈမ်ားကိုေျဖရွင္းကာ ေဆာလ်င္စြာတည္ၿငိမ္ေအးခ်မ္း၍ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေရးပါသည့္အက်ိဳးထမ္းေဆာင္ေပးမည္ျဖစ္ေၾကာင္း စသည္ျဖင့္ ေျဖၾကားခဲ့သည္ဟု သိရွိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071