ကမ္ဘာ့အခမ်းအနားဆုံး Mrs Universe ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Mrs Universe Myanmar မှအလှမယ်မေသင်းကြည်ကဝင်ရောက်ယှဥ်ပြိုင်နေတာ ဖြစ်ပြီး ယခုလက်ရှိမှာတော့ဥရောပတိုက်ရှိ ဘူဂေးရီးယားနိုင်ငံကိုရောက်ရှိနေတာဖြစ်ပါတယ်။
အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး အလှမယ် မေသင်းကြည် က
” ဘူဂေးရီးယားနိုင်ငံမှာကျင်းပပြုလုပ်တဲ့Mrs Universe ပြိုင်ပွဲကြီးနဲ့ပတ်သက်ပြီးအစွမ်းကုန်ကြိုးစားပြီးယှဥ်ပြိုင်သွားမှာဖြစ်သလို အောင်ပွဲနဲ့အတူပြန်လာနိုင်ဖို့ကြိုးစားနေပါတယ်”လို့ပေါ်ပြူသတင်းဌာနရဲ့ မေးမြန်းမှုမှာဖြေကြားပေးခဲ့တာဖြစ်ပါတယ်။
ဥရောပတိုက်ရှိ ဘူဂေးရီးယား နိုင်ငံသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ရန်ကုန်လေဆိပ်မှ ဇန်နဝါရီ ၂၉ ရက်နေ့ကထွက်ခွာသွားခဲ့တာဖြစ်ပြီးဖေဖော်ဝါရီ လ ၆ ရက်နေ့ပြန်လာမှာဖြစ်ကြောင်းသိရပါတယ်။






















