Friday, September 18, 2026

ဆီရမ်ရိကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသအဖြစ်...

ဆီရမ်ရိ၊ စက်တင်ဘာ ၁၈ ကမ္ဘောဒီးယားနိုင်ငံ၏ အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဒေသဖြစ်သည့် ဆီရမ်ရိပြည်နယ်ကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်နိုင်ရေးအတွက် “ဆီရမ်ရိပြည်နယ် ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်မှု...

မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက...

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ၂၀၂၆ ခုနှစ် မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှုဖိုရမ်နှင့် အကြောင်း အရာဖန်တီးမှု Content ပြိုင်ပွဲကို မြန်မာနိုင်ငံလည်းဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ...

မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်၊ ပြည်ပနိုင်ငံသား...

မြဝတီ၊ စက်တင်ဘာ ၁၈ ကရင်ပြည်နယ် မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ အိမ်နီးချင်းနိုင်ငံများကို တစ်ဆင့်ခံဖြတ်သန်း၍ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦး၊ သီရိလင်္ကာနိုင်ငံသား...

ရန်ကုန်တွင် ၅ လကျော်အတွင်း ခါးပိုက်နှိုက်မှု...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀...
HomeInternationalကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ပြန်ပြင်လို့မရတော့ဟု ပညာရှင်များဆို

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ပြန်ပြင်လို့မရတော့ဟု ပညာရှင်များဆို

ကမ္ဘာ့ရာသီဥတု‌ဖောက်ပြန်မှုဟာ ပြန်ပြင်လို့မရတော့တဲ့ အကူးအပြောင်းအမှတ်တစ်ခုကို ရောက်သွားပြီးတာဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကကြပါတယ်။ ဘာကြောင့်ဆိုတော့ကာ အရေးပါတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေ ပြိုလဲတော့မယ့် စိုးရိမ်စရာ အရိပ်အယောင်တွေ ပြနေတာကြောင့်ပါ။

ရာသီဥတုပြောင်းလဲမှုကို အပူချိန် ဖြည်းဖြည်းချင်းနဲ့ ခန့်မှန်းလို့ရရုံ မြင့်တက်လာမယ့် ဝေးဝေးက ခြိမ်းခြောက်မှုတစ်ခုလို့ပဲ ထင်ရလွယ်ပါတယ်။ ဒါပေမဲ့ သုတေသနအသစ်တွေအရ ပိုပြီး အရေးတကြီးရင်ဆိုင်ရမယ့် အမှန်တရားတစ်ခုက ရှိနေပါတယ်။ အဲဒါကတော့ ရာသီဥတုဘေးအန္တရာယ်ဟာ တိတ်တဆိတ် စတင်နေပြီ ဆိုတာပါပဲ။

ဒီသတိပေးချက်ကို အဓိကပြ‌နေတာကတော့ မြေကမ္ဘာရဲ့ ရာသီဥတုကို ထိန်းညှိပေးပြီး အပူ၊ ကာဗွန်နဲ့ ရေတွေကို တစ်ကမ္ဘာလုံးဆီ ပို့ဆောင်ပေးနေတဲ့ အတ္တလန္တိတ် သမုဒ္ဒရာရေစီးကြောင်းအဖွဲ့အစည်း(AMOC) ဘဲ ဖြစ်ပါတယ်။

ဂရင်းလန်းနဲ့ အာတိတ်စက်ဝိုင်းက ရေခဲပြင်တွေ မြန်မြန်ဆန်ဆန် အရည်ပျော်ကျလာလို့ စံချိန်တင် ရေချိုတွေ ပင်လယ်ထဲ စီးဝင်လာပြီး ဒီရေစီးကြောင်းစနစ်ကို ပျက်ယွင်းစေတာပါ။ ဒါဟာ ပြန်ပြင်လို့မရတဲ့ အန္တရာယ်ရှိ အကူးအပြောင်းအမှတ်ဆီကို မမျှော်လင့်ဘဲ တွန်းပို့နေပါတယ်။

အပူချိန် ဖြည်းဖြည်းချင်း တက်လာတာမျိုး မဟုတ်ဘဲ ဒီအကူးအပြောင်းအမှတ်ကို ကျော်လွန်သွားတာဟာ ကမ္ဘာကြီးရဲ့ မီးခလုတ်ကို ရုတ်တရက် ပိတ်လိုက်သလို ဖြစ်သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။ AMOC သာ ပြိုလဲသွားရင် ကမ္ဘာ့ရာသီဥတု ပုံစံတွေ ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး ဥရောပမှာ အပူချိန်တွေ ထိန်းမရအောင် ထိုးဆင်းသွားတာမျိုး၊ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ မိုးရွာသွန်းမှုဇုန်တွေ ရွှေ့လျားသွားတာမျိုးနဲ့ မြောက်အမေရိက အရှေ့ဘက်ကမ်းရိုးတန်းမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုဖြစ်လာတာ‌မျိုးတွေကို ပိုမြန်စေမှာပါ။

ကမ္ဘာကြီးဟာ စံချိန်တင် အပူဒဏ်ကို ဆက်တိုက် ခံစားနေရတာနဲ့အမျှ ပြန်ပြင်လို့ မရနိုင်တော့မယ့် အခြေအနေဆီ ရောက်သွားပြီလို့ နောက်ဆုံးရ သမုဒ္ဒရာဆိုင်ရာ အချက်အလက်တွေက ညွှန်းဆိုနေပါတယ်။

ဒါကြောင့် ကြိုတင်ခန့်မှန်းနေကြရုံတင် မကတော့ဘဲ လက်တွေ့ အရေးပေါ် အကျပ်အတည်း စီမံခန့်ခွဲမှုဆီကို တစ်ကမ္ဘာလုံး မြန်မြန်ဆန်ဆန် ကူးပြောင်းဖို့ လိုအပ်နေပြီလို့လဲ ပညာရှင်တွေက တိုက်တွန်းကြပါတယ်။

Ref: “The Climate Disaster That May Have Already Begun”(New Scientist 2026)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆီရမ်ရိကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသအဖြစ် မြှင့်တင်မည့် စီမံကိန်း စတင်

ဆီရမ်ရိ၊ စက်တင်ဘာ ၁၈ ကမ္ဘောဒီးယားနိုင်ငံ၏ အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဒေသဖြစ်သည့် ဆီရမ်ရိပြည်နယ်ကို ကမ္ဘာ့အဆင့်မီ စမတ်ရှေးဟောင်းအမွေအနှစ် ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်နိုင်ရေးအတွက် “ဆီရမ်ရိပြည်နယ် ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ၂၀၂၆–၂၀၃၀” ကို ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီး ဟုတ်ဟက်က စက်တင်ဘာ ၁၇ ရက်တွင် ဆီရမ်ရိပြည်နယ်ခန်းမ၌ တရားဝင် စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါစီမံကိန်းသည် ဆီရမ်ရိပြည်နယ်၏ ခရီးသွားလာရေး အရည်အသွေးနှင့် ဝန်ဆောင်မှုအဆင့်အတန်းများ မြှင့်တင်ရန်၊ ခရီးသွားဧည့်သည်များအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံများ ဖန်တီးပေးရန်နှင့် ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ထားကြောင်း...

မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက လူမှုအကျိုးပြုထူးချွန်ဆုရရှိ

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ၂၀၂၆ ခုနှစ် မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှုဖိုရမ်နှင့် အကြောင်း အရာဖန်တီးမှု Content ပြိုင်ပွဲကို မြန်မာနိုင်ငံလည်းဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးဇင်ဦးက "Impact of Online Crimes, Fake News and Misinformation on the Socio-economic Lives of Mekong-Langcang Regional Countries" ဆောင်းပါးဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ စက်တင်ဘာ ၁၇ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ကျင်းပသောဆုပေးပွဲတွင် Best Public Impact...

မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်၊ ပြည်ပနိုင်ငံသား ခုနစ်ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်း

မြဝတီ၊ စက်တင်ဘာ ၁၈ ကရင်ပြည်နယ် မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ အိမ်နီးချင်းနိုင်ငံများကို တစ်ဆင့်ခံဖြတ်သန်း၍ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦး၊ သီရိလင်္ကာနိုင်ငံသား နှစ်ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် အိန္ဒိယနိုင်ငံသား တစ်ဦး စုစုပေါင်း ပြည်ပနိုင်ငံသား ခုနစ်ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူလျက်ရှိသည်။ လက်ရှိ လွှဲပြောင်းပေးအပ်ရန် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁,၃၄၄ ဦးအနက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071