Thursday, November 13, 2025

ရန်ကုန်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂...

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တရုတ်ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၏ ပြောကြားချက်အရ သိရသည်။ နိုဝင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့်...

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်အစိုးရနှင့် AHA Centre...

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်နိုင်ငံအစိုးရနှင့် AHA Centre ကြား အမေရိကန်ဒေါ်လာ(၁)သန်းကူညီပံ့ပိုးခြင်းဆိုင်ရာသဘောတူစာချုပ်အား နိုဝင်ဘာ ၁၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ ငလျင်ဒ-ဏ်သင့်ဒေသများမှ စာသင်ကျောင်းများပြန်လည်တည်ဆောက်ရေးအပါအဝင် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများကိုထောက်ပံ့ကူညီရန် တရုတ်နိုင်ငံအစိုးရက...

ထိုင်း Lumpinee Super Fight...

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Lumpinee Super Fight ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ ကျော်စွာဝင်း စတင်ပွဲထွက်ခွင့်ရရှိခဲ့ပြီဖြစ်သည်။ ယင်းပွဲစဉ်ကို နိုဝင်ဘာ (၂၂)ညနေ (၅)နာရီအချိန်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊...

IBEC ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နိုဝင်ဘာ ၁၃ ရက်နံနက်ပိုင်းက စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်း...
HomeNewsLocal Newsကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၏ လူမှုအကျိုးပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော်ကိုခန့်အပ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၏ လူမှုအကျိုးပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော်ကိုခန့်အပ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၏ လူမှုအကျိုးပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ဥက္ကဋ္ဌ၊ အာရှဘောလုံးအဖွဲ့ချုပ်(AFC)အကြီးတန်းဒု-ဥက္ကဋ္ဌ ဦးဇော်ဇော်အား ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကကျင်းပခဲ့သော FIFA ကောင်စီအစည်းအဝေးမှ ရွေးချယ်ခန့်အပ်ခဲ့သည်။

ထို့ကြောင့် ဦးဇော်ဇော်သည် FIFA ၏ လူမှုအကျိုးပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌတာဝန်အား ယခုနှစ် ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ တာဝန်ယူသွားမည်ဖြစ်ကာ ဒု- ဥက္ကဋ္ဌအဖြစ် အာဂျင်တီးနားဂန္ထဝင်ကစားသမား Javier Zanetti ကတာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ကော်မတီအဖွဲ့ဝင်(၂၁)ဦးပါဝင်သည်။ 

MFF ဥက္ကဋ္ဌဦးဇော်ဇော်သည် AFC ၏ လူမှုရေးရာကော်မတီဥက္ကဋ္ဌနှင့် AFC Dream Asia Foundation ၏ Board of Trustees တစ်ဦးအဖြစ်လည်း ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိတာဝန်ယူဆောင်ရွက်လျက်ရှိကာ အာရှဘောလုံးအဖွဲ့ချုပ်၊ အာဆီယံဘောလုံးအဖွဲ့ချုပ်တို့၏ AFC Dream Asia Award (2013)၊ ASEAN Goodwill Award (2014)၊ ASEAN Goodwill Award (2017)၊ AFC Distinguished Service Award (2024)တို့ကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရသူဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တရုတ်ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၏ ပြောကြားချက်အရ သိရသည်။ နိုဝင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၌ တရုတ်စီးပွားရေးအသင်းနှင့် တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ၁၉၈၈- ၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စက်တင်ဘာလအထိ ရန်ကုန်တွင် တရုတ်နိုင်ငံက ဝင်‌ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၄၅၁ ခုရှိပြီး အမေရိကန် ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိကြောင်း သိရသည်။ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံထားပြီး စက်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အအုံ ကဏ္ဍများတွင် ဒုတိယနှင့် တတိယအများဆုံးဝင်ရောက်...

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်အစိုးရနှင့် AHA Centre ကြား ကန်ဒေါ်လာ(၁)သန်းကူညီပံ့ပိုးခြင်းဆိုင်ရာလက်မှတ်ထိုး

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်နိုင်ငံအစိုးရနှင့် AHA Centre ကြား အမေရိကန်ဒေါ်လာ(၁)သန်းကူညီပံ့ပိုးခြင်းဆိုင်ရာသဘောတူစာချုပ်အား နိုဝင်ဘာ ၁၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ ငလျင်ဒ-ဏ်သင့်ဒေသများမှ စာသင်ကျောင်းများပြန်လည်တည်ဆောက်ရေးအပါအဝင် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများကိုထောက်ပံ့ကူညီရန် တရုတ်နိုင်ငံအစိုးရက AHA Centre သို့ အမေရိကန်ဒေါ်လာ(၁)သန်းအား ပေးအပ်လှူဒါန်းခြင်း သဘောတူစာချုပ်အား အာဆီယံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Hou Yangqi နှင့် AHA Centre ၏ အမှုဆောင်ဒါရို-က်တာ Mr. Lee Yam Ming တို့ကလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးအောင်မျိုးမြင့်နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dr....

ထိုင်း Lumpinee Super Fight မှာ ပွဲထွက်လာတဲ့ ရိုးရာဖိုက်တာကျော်စွာဝင်း

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Lumpinee Super Fight ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ ကျော်စွာဝင်း စတင်ပွဲထွက်ခွင့်ရရှိခဲ့ပြီဖြစ်သည်။ ယင်းပွဲစဉ်ကို နိုဝင်ဘာ (၂၂)ညနေ (၅)နာရီအချိန်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ရိုးရာဖိုက်တာ ကျော်စွာဝင်းမှာ မွေထိုင်းဖိုက်တာအဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။ ယင်းပွဲစဉ်အတွင်း နောက်ထပ်ရိုးရာဖိုက်တာနှစ်ဦးလည်း ဝင်ရောက်ထိုးသတ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ လက်ရှိအချိန်၌ ရိုးရာဖိုက်တာ ကျော်စွာဝင်းသည် ထိုင်းနိုင်ငံက နာမည်ကြီး ကလပ်တစ်ခုတွင် လေ့ကျင့်ပြင်ဆင်နေပြီး၊မြန်မာပြည် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းနှင့်လည်း ယှဉ်ပြိုင်ထိုးသတ်ဖူးသူတစ်ဦးဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071