Tuesday, June 23, 2026

UNESCO ယဉ်ကျေးမှုအမွေအနှစ်ကော်မတီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရပြီးနောက်...

ဖနောင်ပင်၊ ဇွန် ၂၂ ကမ္ဘောဒီးယားနိုင်ငံသည် UNESCO (ယူနက်စကို) အဖွဲ့ဝင်ဖြစ်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများ စတင်ဆောင်ရွက်လျက်ရှိပြီး ယဉ်ကျေးမှုသံတမန်ရေးရာ...

သွေးတိုး၊ ဆီးချိုနှင့် ကိုလက်စထရောမြင့်မားခြင်းတို့က ထိုင်းကျန်းမာရေးစနစ်၏...

ဘန်ကောက်၊ ဇွန် ၂၂ မကူးစက်နိုင်သော နာတာရှည်ရောဂါများ (NCDs) ဖြစ်သည့် သွေးတိုးရောဂါ၊ ကိုလက်စထရောမြင့်မားခြင်းနှင့် ဆီးချိုရောဂါတို့သည် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ်...

ရန်ကုန်ရှိ ဘေးတွဲဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးမည်မဟုတ်ဟု တိုင်းအစိုးရ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်များကို တရားဝင်မှတ်ပုံတင် (လိုင်စင်) ပြုလုပ်ပေးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။ ဇွန်...

BRI နှင့် အဆင့်မြင့်တံခါးဖွင့်စီးပွားရေးစနစ်က ကမ္ဘာ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို...

တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) နှင့် အဆင့်မြင့်တံခါးဖွင့်စီးပွားရေးစနစ် တည်ဆောက်ရေးသည် ကမ္ဘာ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနေပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းမှုနှင့် ပူးတွဲဖွံ့ဖြိုးတိုးတက်မှုအတွက်...
HomeInternationalကမ္ဘာတဝန်းရဲ့ ကိုဗစ်ဖြစ်ပွါးနှုန်း ၈၈%ဟာ...

ကမ္ဘာတဝန်းရဲ့ ကိုဗစ်ဖြစ်ပွါးနှုန်း ၈၈%ဟာ ဒယ်လ်တာကြောင့်ဖြစ်

ကမ္ဘာတဝန်းရဲ့ ကိုဗစ်ဖြစ်ပွါးနှုန်း ၈၈%ဟာ ဒယ်လ်တာကြောင့်ဖြစ်

ကိုဗစ်၁၉ ရောဂါပိုးမှာ စိုးရိမ်ဖွယ်ရာဗီဇမျိုးစိတ် (VOC) ၄ခုကို ရောမအက္ခရာအနေနဲ့ အယ်လ်ဖာ၊ ဘီတာ၊ဂန်မာ နဲ့ ဒယ်လ်တာဆိုပြီး သတ်မှတ်ထားပါတယ်။

အယ်လ်ဖာမျိုးစိတ်ကို UK နိုင်ငံမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဘီတာမျိုးကတော့ တောင်အာဖရိကမှာ တွေ့ရှိခဲ့တာပါ။ ဂန်မာမျိုးစိတ် ကိုတော့ ဘရာဇီးမှာတွေ့ရှိခဲ့ပြီး ကူးစက်မှုအပြင်းထန်ဆုံးဖြစ်တဲ့ ဒယ်လ်တကတော့ အိန္ဒိယနိုင်ငံမှာ စတင် တွေ့ရှိခဲ့တာပါ။

လက်ရှိမှာ ကမ္ဘာကြီးတခုလုံးကို ကူးစက်နေတာ ဒယ်လ်တာမျိုးစိတ် ဖြစ်ပါတယ်။ ကမ္ဘာတစ်ခုလုံးမှာ ကိုဗစ်၁၉ ဖြစ်ပွါးမှုတွေရဲ့ ၈၈%က ဒယ် လ်တာကြောင့် ဆိုပြီး အချို့သုတေသန စာတမ်းတွမှာ ပြောထားကြောင်းတွေ့ရပြီး မြန်မာနိုင်ငံရဲ့ အဓိက ရောဂါကူးစက်မှုတွေ ကလည်း ဒယ်လ် တာကြောင့်ဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ဒယ်လ်တာဗီဇပြောင်းပိုးရဲ့ ထူးခြားချက်ကတော့ ပိုးကို ၃ရက်ကနေ ၅ရက်အတွင်းမှာ အ တွေ့နိုင်ဆုံးဖြစ်တယ်လို့ ဩဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုဗစ်၁၉ မူလပိုးကိုစမ်းသပ်တဲ့အခါမှာတော့ ပိုးကို ၅ရက်ကနေ ၈ရက်အတွင်းမှာ အတွေ့နိုင်ဆုံးလို့ ဂျွန်ဟော့ကင်း တက္ကသိုလ်က ထုတ်ပြန် ထားပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ရောဂါပိုးရှိ/မရှိကို ရှေ့တိုးစမ်းသပ်ဖို့ လိုတယ်ဆိုတာကို ပြနေတာပါ။

အရင်က ရောဂါပျိုးရက် ၆ရက်ကနေ ၁၃ရက်ရှိတာကြောင့် ၂ပတ် ကွာရန်တင်းဝင်ခိုင်းတာဖြစ် ပြီး ဒယ်လ်တာကတော့ ရောဂါပျိုးရက် တိုသွားကာ ၅.၈ ကနေ ၁၁.၅ ဆိုတော့ ၁၁ရက်ကျော်မှာတင် သူ့ရဲ့ရောဂါပျိုးရက်ပြီးတဲ့ အတွက် ကွာရန်တင်းဝင်တဲ့ကိစ္စရပ်တွေမှာလည်း ဒါကိုထည့်သွင်းစဉ်းစားရမှာဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောထားပါတယ်။

ဒယ်လ်တာမျိုးစိတ်ဟာ နဂိုမူလပိုးထက် ၂ဆပိုပြီးကူးစက်နိုင်င်ကာ ရောဂါဖြစ်တဲ့အခါမှာလည်း ဖျားနာမှု၊ဝေဒနာခံစားရမှုတွေပိုများပြီး လူငယ်တွေမှာတောင် ဆိုးဆိုးရွားရွားဖြစ်စေပါတယ်။

ဩဂုတ်လ ၁၁ရက်နေ့ကထုတ်ဝေတဲ့ medRxiv Journal မှာလည်း ပိုးတွေ့သူ ၇၁၉ယောက်ကို စစ်ဆေးတဲ့အခါ ၉၀%က ဒယ်လ်တာကြောင့်ဖြစ်တယ်ဆိုပြီး ဖော်ပြထားတဲ့အတွက် ပေါ့ဆလို့မရတဲ့ အနေအထားဖြစ်ပါတယ်။

UK မှာ ရောဂါဖြစ်ပွါးနှုန်းရဲ့ ၁၀၀%နဲ့ US မှာ ရောဂါဖြစ်ပွါးမှုနှုန်းရဲ့ ၉၉%ကျော်ဟာ ဒယ် တာကြောင့်ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ကိုဗစ်၁၉ ပိုးနဲ့ပတ်သက်ပြီး ဂရုတစိုက်စောင့်ကြည့်ရမယ့် မျိုးဗီဇကွဲ (VOI) ၅ ခုရှိပြီး သတိထားရမယ့် (Alert) မျိုးဗီဇကွဲ ၁၁ခုရှိပါတယ်။

လက်ရှိမှာတော့ ကိုဗစ်၁၉ရဲ့ ဗီဇပြောင်းပိုးတွေကို ကမ္ဘာတဝန်းလုံးက အချိန်နဲ့တပြေးညီ စောင့်ကြည့်နေပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071