လွှမ်းပိုင်ရဲ့ ‘ကြွေ’ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသတော့မယ့်အကြောင်း ကိုဘိုစန်းပြော

0
145

bosan

Bo Bo Film Production အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးထားတာရှိပေမယ့် ဗီဒီယိုလောက်သာထွက်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ ထွက်လာခြင်း မရှိသေးပါဘူး။ Bo Bo ထုတ်လုပ်ရေးက ကိုဘိုစန်းနဲ့တွေ့တုန်း သူတို့ထုတ်လုပ်ရေးရဲ့ရုပ်ရှင်ဇာတ်ကားအခြေအနေတွေအကြောင်း မေးမြန်းတဲ့အခါ..

” ကျွန်တော်တို့က သိပ်မရိုက်ဖြစ်ဘူးဆိုတာ လွှမ်းပိုင်ရဲ့ အခွေက ဒီလထွက်မယ်။ ရဲရင့်အောင် အခွေက ၈ လပိုင်းထွက်မယ်။ ကျွန်တော်တို့မှာက ပွင့်ပွင့်လင်းလင်းပြောရရင် သူများတွေလို တိုက်ပိုင်မင်းသားတွေလည်း မရှိပါဘူး။ ကျွန်တော်တို့က ကိုယ့်လူ နဲ့ကိုယ်လုပ်တာ ဖြစ်တဲ့အတွက် သူတို့ အခွေက Main ဖြစ်နေတယ်။ သူတို့အားတဲ့အချိန်ကျမှ ရိုက်ကူး ရတာဖြစ်တဲ့အတွက် ဗီဒီယိုက ရိုက်ဖြစ်ဖို့မလွယ်တော့ဘူး။ ရုပ်ရှင်ကလည်း တစ်နှစ်ကို၂ ကား၊ ၃ ကားလောက်ပဲ ရိုက်ဖြစ်တာပါ။ ကျွန်တော်တို့ အနေနဲ့ကလည်း ပရိသတ်အားလုံးကို တောင်းပန်ပါတယ်။ နောက်လ လွှမ်းပိုင်ရဲ့ “ကြွေ” ရုပ်ရှင်ဇာတ်ကားရုံတင်ပြသပါမယ်။ လာရောက်ကြည့်ကြဖို့ ဖိတ်ခေါ်ပါတယ်။ အဲဒါ ပြီးသွားရင်တော့ ရဲရင့်အောင်ရဲ့ ဇာတ်ကားရုံတင်ပြသဖို့ရှိပါတယ်”လို့ ကိုဘိုစန်းက ပြောပါတယ်။ Bo Bo ကနေထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားတွေ အနေနဲ့က “ြေ<ွက” ၊ “အော်တို ဘုရင်”၊ “ငါ့ကိုနမ်းတဲ့ မုန်တိုင်း”၊ “ရပ်ကျော်ရွာကျော်” စတဲ့ ဇာတ်ကားတွေအပြင် 67 Plaza ဆိုတဲ့ ဗီဒီယိုဇာတ်ကားလည်း ထွက်ရှိလာဖို့ရှိကြောင်း သိရပါတယ်။ Bo Bo Film ကတော့ ဟုတ်ပါပြီ၊ Bo Bo Music အနေနဲ့ကကော ရှိုးပွဲတွေမလုပ်ဖြစ်တာတောင် ကြာပြီနော်လို့ဆိုတဲ့အခါ “လောလောဆယ် ပြဿနာက လုပ်စရာ Indoor ရှာမရဘူးဖြစ်နေတာ။ အဲဒါကြောင့် ကျွန်တော်တို့လည်းနေရာတော့ စဉ်းစားနေပါတယ်။ ၇ လပိုင်းလောက်မှာတော့ တစ်ပွဲလောက်လုပ်ဖို့ မှန်းထားပါတယ်’ လို့ ကိုဘိုစန်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here