သီချင်း ၁၈ ပုဒ်နဲ့အတူ ပွဲထွက်လာခဲ့တဲ့ လွှမ်းပိုင် ရဲ့ ဂီတဗေဒ

0
186

Hlwan Paing

လွှမ်းပိုင်က သူ့ရဲ့ဒုတိယစီးရီးကို ဂီတဗေဒလို့  အမည်ပေးပြီး ဇွန်လ ၂၄ရက်နေ့မှာ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ လွှမ်းပိုင်က ဒီတစ်ခေါက် သူ့ ရဲ့ ဂီတဗေဒ စီးရီး ကိုသီချင်း ၁၈ပုဒ်နဲ့အတူ ပွဲထွက်လာခဲ့ပြီး စီးရီးထွက်ရှိတဲ့နေ့ကလည်း Junction Square မှာ သူငယ်ချင်းများနဲ့ အတူ အမှတ်တရလက်မှတ်ရေးထိုး သီဆို ဖျော်ဖြေပေးခဲ့ပါသေးတယ်။လွှမ်းပိုင်ရဲ့ ဂီတ ဗေဒစီးရီးမှာတော့ သီချင်း ၁၈ပုဒ် ပါဝင်မှာဖြစ်ပြီး ခုလိုသီချင်းပုဒ်ရေများများ ထည့်ဖြစ်ခဲ့ပုံကို လွှမ်းပိုင်က..

” ကျွန်တော် စီးရီးသစ်မထွက်တာ လည်းကြာပါပြီ။ ဒီကြားထဲမှာ ရေးဖြစ်တဲ့ သီချင်းတွေလည်းများနေတော့ ကျွန်တော့် တစ်ကိုယ်တော် အခွေထဲမှာပဲ အားလုံးထည့်ဖြစ်လိုက်တာ။ ချန်ထားခဲ့ရင်လည်းချန်ထားခဲ့တဲ့ သီချင်းတွေက ဘယ်နားသွားသုံးရမလဲ စဉ်းစားရဦးမယ်။ ပြီးတော့ ကျွန်တော်က အခွေထွက်ရင် အခွေထဲမှာ သီချင်းတွေကို Tempo မျိုးစုံနဲ့ဆွဲခေါ်သွားချင်တယ်။ အဲ့ဒါကြောင့်ပါ” လို့ လွှမ်းပိုင်က ပြောပါတယ်။။ လွှမ်းပိုင်က ဂီတဗေဒ စီးရီးရဲ့ Audio CD ကိုတော့ ၂၅ဝဝ ကျပ်နဲ့ ရောင်းချမှာ ဖြစ်ပြီး Limited Edition အဖြစ်လည်း ရန်ကုန်အတွက် ၅ဝဝ မန္တလေးအတွက် အခွေ ၅ဝဝ စုစုပေါင်း အခွေတစ်ထောင်ကိုတော့ စီးရီးကာဗာ မှာ ကိုင်ထားတဲ့ စာအုပ်ပုံစံ ကာဗာဒီဇိုင်းနဲ့အတူ ဂီတဗေဒလိုဂိုပါတဲ့ဦးထုပ်၊ပဝါ၊စာအုပ်များနဲ့အတူ Limited Editionအဖြစ် ကျပ်တစ်သောင်းနှစ်ထောင်နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here