ကျွန်တော့်ကို ကြိုက်သည် မကြိုက်သည်က ပရိသတ် ဆုံးဖြတ်မှာပါ လွှမ်းပိုင်

0
136

Hlwan-Paingလွှမ်းပိုင်က သူ့ရဲ့ ဂီတဗေဒ တစ်ကိုယ်တော် အခွေကို မေလထဲမှာ ထွက်ရှိဖို့ စီစဉ်ထားပေမယ့် ရက်ရွေ့ ဆိုင်းလိုက်ပြီး ဇွန်လ ၂၆ရက်မှ ထွက်ရှိတော့ မှာဖြစ်ပါတယ်။ အခွေ ထွက်ဖို့ ရက်ရွေ့ဆိုင်း ဖြစ်ပုံကို လွှမ်းပိုင်က…

“ပထမ အချက်က သီချင်းအသစ်နှစ်ပုဒ် ထပ်ထည့် ချင်တယ်။ နောက်တစ်ချက်က ကျွန်တော်လိုချင်တဲ့ ကာဗာ ဒီဇိုင်းတွေ ဖေ့ ဘုတ် ပေါ်တင် ထားတယ်။ ကျောက်ရုပ်ကြီး လုပ်တာ မပြီးသေးဘူး။ နောက် တစ်ချက်ကျတော့ အမှတ်တရ ပုံစံမျိုးလေး Limited Edition ပုံစံ စာအုပ်လေး လုပ်ချင်တယ်။ အဲဒီ့အချက်တွေ ကြောင့် ရက်ရွေ့လိုက်တာပါ။ ဒီစာ အုပ်လေး လုပ်ဖြစ်တာ ကလည်း အမှတ်တရ တခုခု လုပ်ချင်တာပေါ့။ ရုပ်ရှင်ရုံ သွားကြည့်တဲ့ အခါကျရင် ဒီရုပ်ရှင်နဲ့ ပတ်သက်တှဲ့သကလနညငမ လေးတွေ တင်သေး တယ်။ ကျွန်တော် လည်း ကျွန်တော့် အခွေလေးကို ထွက်တဲ့ အချိန်မှာ အမှတ်တရ ပရိသတ်တွေ သိမ်းထားလို့ရမယ့် အရာမျိုး souvenir  လိုပုံစံ လုပ်ဖြစ်တာပါ”လို့ ပြောပါတယ်။

အခွေထဲမှာ သီချင်း ဘယ်နှစ်ပုဒ်ထည့်ဖြစ်မလဲ ဆိုတာ လောလောဆယ် မစဉ်းစားရသေးဘဲ သီချင်း၁၄ပုဒ်၊ ၁၅ ပုဒ်ခန့်တော့ ပါဝင် မှာဖြစ်ကြောင်းပြောပါတယ်။ သီ ချင်းခွေသစ် မထွက်တာ ၃ နှစ်ဝန်းကျင် ခန့်ရှိပြီးဖြစ်တဲ့ လွှမ်းပိုင်က ဒီအခွေကိုတော့ ပရိ သတ်တွေ ကျေနပ် အားရမှု ရှိမှာပါလို့ ပြောပါ တယ်။

“ကျွန်တော်အမြဲတမ်း အခွေ ထွက်ခါနီးတိုင်း မျှော် တော့ မျှော်လင့်တယ်။ မဖြစ်မှာလည်း မစိုး ရိမ်ဘူး။ ဒါက ပရိသတ်ကဆုံးဖြတ်မှာပါ။ သူတို့မကြိုက်ဘူး ဆိုရင် ကျွန် တော်တို့ ဘယ်လောက်လုပ် ပြလုပ်ပြ အကျိုးမရှိဘူး။ ကျွန်တော်ကတော့ အကောင်းဆုံး လုပ်ပေး လိုက်တယ်။ ကျွန်တော့်ကို ကြိုက်သည် မကြိုက် သည်က ပရိသတ် ဆုံးဖြတ်မှာပါ”လို့ ပြောပါတယ်။

ဇာတ်လမ်းတွေ ကိုယ်တိုင်ရေးသားပြီး ဇာတ်ကားတွေ ရိုက်ကူးဖြစ်ခဲ့တဲ့ လွှမ်းပိုင်က အိုင်ဒီ ယာပေါ်ရင် ပေါ်သလို ဇာတ်လမ်း အကြမ်းတွေ ရေး သားဖြစ်ပါတယ် လို့ဆိုပါ တယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ကြွေရုပ်ရှင်ဇာတ် ကားကို မကြာမီ ရုံတင်ပြသတော့ မှာ ဖြစ်တဲ့အတွက်လည်း ရင်ခုန်နေမိပြီး သူရိုက်ချင်တဲ့ ဇာတ်လမ်း ပုံစံလည်း ဖြစ် သလို သူ့ကြိုက်နှစ်သက်တဲ့ တက္ကသိုလ် ဇာတ်လမ်း လေးဖြစ်တာကြောင့် ပရိသတ်တွေလည်း ကြည့်စေချင် မိတယ်လို့ ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here