ရုပ်ရှင်ဇာတ်ကား ပရိုဂျူဆာဖြစ်သွားတဲ့ အဆိုတော် လွှမ်းပိုင်

0
106

Hအဆိုတော် လွှမ်းပိုင်က “ကိုယ့်စောင့်နတ်” ရုပ်ရှင် ဇာတ်ကားကို  ကိုယ်တိုင်ဇာတ်လမ်း ဇာတ်ညွှန်း ရေးသားထားပြီး ကိုယ်တိုင် ပါဝင် သရုပ် ဆောင် သွားမှာဖြစ် ပါတယ်။ ဒီဇာတ်ကား ကိုတော့ Myanmar Media 7 ၊ ဒါရိုက်တာ ဝင်းလွင်ထက်နဲ့ လွှမ်းပိုင်တို့က ပူးပေါင်း ထုတ်လုပ် ရိုက်ကူးခြင်းဖြစ်ပြီး ဒီဇာတ်ကားကို ယုံကြည်မှု ရှိတဲ့ အတွက် ထုတ်လုပ်ဖြစ်တာပါလို့ လွှမ်းပိုင်က ဆိုပါတယ်။ ဒီဇာတ်ကား ကို နိုင်ငံခြား ဟာသကား ဆန်ဆန် entertainment  အနေနဲ့ ရိုက်ကူးချင်တဲ့ အတွက် ဇာတ်လမ်း ရေးသား ခဲ့ခြင်း ဖြစ်ကြောင်း ပြော ပါတယ်။

“ဒီဇာတ်ကားကို တော်တော် မျှော်လင့်ပါတယ်။ ဟာသကားကိုမှ အပြင်ပုံစံ နဲ့ပြမယ့် ဟာသဇာတ်ကား ဆိုတော့ တအားမျှော်လင့်တယ်။ တကယ်ကောင်းမယ်လို့ ထင် ပါတယ်။ ရုပ်ရှင် ရေစီးကြောင်း အရ ဆိုရင်တော့ လက်ရှိ ခေတ်စားနေတာ လည်း ဟာသ ဇာတ် ကား တွေပဲလေ။ သရုပ်ဆောင်တွေ စုံစုံလင် လင်နဲ့ ဒါမျိုးပဲ ကျွန်တော် ရိုက်ကူးမှာပါ။ ဒီဇာတ်ကားမှာ ပါဝင်မယ့် သူတွေက သရုပ်ဆောင် အသစ်တွေ အများကြီးပဲ။ ရုပ်ရှင် ရေစီးကြောင်းရယ်လို့ မဟုတ်ဘူး ကျွန်တော်တို့ လုပ်ချင်တာကို လည်း ရိုက်ကူး တင်ပြတာ ပါ” လို့ပြောပါ တယ်။ လွှမ်းပိုင်က ဒီဇာတ်ကား အတွက် သူတစ်ဦးတည်း အတွက် ပြင်ဆင်တာ ထက် ဇာတ်ကား တစ်ခုလုံး အတွက် ပြင် ဆင်ဖြစ်တာ ပိုများ တယ်လို့ ပြောပါတယ်။

“ဇာတ်ကားတစ်ခုလုံး အတွက် လိုကေးရှင်းတွေ ကိုယ် တိုင်လိုက် ကြည့်တယ်။ ကိုယ်တိုင် လိုက်ရှာတယ်။ story-board  တွေ ကျွန်တော် ကိုယ် တိုင်ဆွဲတယ်။ ဇာတ်ညွှန်းတွေ ကိုယ် တိုင်ရေးတယ်။ ကျွန်တော် တစ်ယောက်တည်း အတွက် ပြင်ဆင် တာမဟုတ်တော့ဘူး။ အားလုံး အတွက် ကြည့်ပြီး ပြင်ဆင်တယ်။ ဒီဇာတ်ကားမှာ ပါတဲ့ ကာရိုက်တာ တွေရဲ့ အဝတ်အစားတွေ အတွက် ကျွန်တော်တို့ စဉ်းစားပေး တယ်။ ပြင်ဆင်မှုကတော့ အကြီးကြီးပဲ။ ကျွန်တော်လည်း ပရိုဂျူဆာ တစ် ယောက် ဖြစ်နေတော့ ကိုယ်တိုင်ပဲ အများကြီး လိုက် လုပ် ထားပါတယ်” လို့ပြောပါတယ်။

လွှမ်းပိုင်က နောက်ထပ်လည်း ဇာတ်လမ်းတွေ ရေးသားထားတာ ရှိပြီး ဒီဇာတ်ကား ရိုက်ကူးပြီးမှပဲ ဘာလုပ်ဖြစ်မလဲ ဆိုတာ စဉ်းစား မှာဖြစ်ကြောင်း ပြော ပါတယ်။

လွှမ်းပိုင်က “ဂီတဗေဒ” ဆိုတဲ့ တစ်ကိုယ်တော်အခွေ ကို မတ်လမှာ ထွက်ရှိဖို့ စီစဉ်နေပြီး ဒီအခွေမှာ ပါဝင်တဲ့ သီချင်းတွေက သူ့ရဲ့ စိတ်ခံစားချက်နဲ့ ဖန်တီးတဲ့ သီချင်း၊ သူ့ရင်ထဲက အနုပညာတွေ ပါလို့ ဆိုပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here