ဖိုးကာရဲ့ သမီး ဖူးဖူးသစ် သီချင်းဆိုပြီ

0
147

phu-phu-thit-1-copy

အဆိုတော်ဖိုးကာရဲ့ သမီးလေးဖြစ်တဲ့ ဖူးဖူးသစ်ကလည်း ဂီတလောက ထဲကိုLogo ဆိုတဲ့ စီးရီးသစ် နဲ့အတူ ဝင်ရောက်လာတော့ မှာ ဖြစ်ပါတယ်။ ဖူးဖူးသစ်က ငယ်စဉ်ကတည်းက ဂီတကို ဝါသနာပါလာခဲ့သူဖြစ်ပြီး လေးတန်း အရွယ်မှာက တည်းက ကျောင်းပွဲတွေမှာ သီချင်းတွေ ပါဝင်သီဆိုနေပြီလည်း ဖြစ်ပါတယ်။ ယခုသူမရဲ့ အသက် ၁၈နှစ် အရွယ်မှာတော့ Logo ဆိုတဲ့ ခေါင်း စဉ်နဲ့ တစ်ကိုယ်တော် စီးရီး ကို ဖခင်ဖြစ်သူရဲ့ပံ့ပိုးမှုနဲ့အတူ ထွက်ရှိ လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ဖူးဖူးသစ်ရဲ့ Logo မှာတော့ သီချင်း ၈ ပုဒ်ပါဝင်မှာ ဖြစ်ပြီး ဖခင်ဖြစ် သူ ဖိုးကာက ၆ ပုဒ်၊အိမ့်ချစ်က တစ်ပုဒ်နဲ့ တေးရေး ချမ်းမြေ့က တစ် ပုဒ်ရေးပေးထားကြောင်းလည်းသိရပါတယ်။ ဂီတလောကမှာ ကိုယ် ပိုင်ဟန် တစ်ခုနဲ့ ရှိချင်တဲ့ ဖူးဖူးသစ်က ဖခင်ကလည်း ကူညီပေးတဲ့အတွက် သီဆိုရတဲ့ အခါအခက်အခဲကြီးကြီးမားမားတော့ မရှိခဲ့ဘူး လို့ ဆိုပါတယ်

“သီချင်းဆိုတဲ့အခါမှာ ကိုယ့်သီချင်းကို ကိုယ့်ပုံစံလေးနဲ့ဖြစ်အောင်သီဆို ရတဲ့အတွက် အခက်အခဲတော့ ရှိပါတယ်။ ဒါပေမဲ့ ဖေဖေက လည်း အများကြီး ပံ့ပိုးကူညီပေးတဲ့အတွက် အဆင်တော့ ပြေပါတယ်။ ညီမကိုယ်တိုင်ကတော့ ဒီလို Pop ကို Cute ဆန် ဆန်ပုံစံလေးတွေ သဘောကျပါတယ်။ညီမက လေးတန်းလောက်ကတည်းက ကျောင်းပွဲတွေမှာ သီချင်းဆိုတယ်။ ကတယ်။ ငယ်ငယ်ကတော့ ဝါသနာပါ တာပဲပေါ့။ ၉တန်း ၁ဝ တန်းလောက် ရောက်တဲ့အခါမှာကျမှ အဆိုတော်တစ်ဦး ပို ဖြစ်ချင်လာတယ်။ ဒါကြောင့်ဒီစီးရီး ကိုစပြီး အကောင် အထည်ဖော်ဖြစ်တာပါ” လို့ပြော တဲ့ဖူးဖူးသစ် က National Management College မှာ တတိယနှစ် Journalisim တက်ရောက်နေတာ လည်း ဖြစ်ပါတယ်။ဖူးဖူးသစ်က နောက်ပိုင်းမှာတော့ ဂီတလောက မှာ ဖိုးကာရဲ့ သမီးဆိုတာထက် ဖူးဖူးသစ်အနေနဲ့ ရပ်တည်သွား ချင်တယ်လို့လည်း ပြောပါတယ်။

“အခုတော့ ဖေဖေက မြေ တောင်မြှောက်ပေးတာပေါ့။အဆို တော်ဖိုးကာရဲ့ သမီးဆိုပြီး သိကြ တယ်။နောက်ပိုင်းမှာတော့ အဖေ့ သမီးအနေနဲ့လည်းဖြစ်သလို ဖူးဖူး သစ်ဆိုတဲ့ နာမည်ကိုပဲ ဂီတလောက မှာ ပိုသိစေချင်ပါတယ်။ အဲ့ဒီအတွက် လည်းဒီတစ်ကိုယ်တော် စီးရီးမှာ ကြိုး စားထားပါတယ်” လို့ ဖူးဖူးသစ် ကပြော ပြပါတယ်။ ဖူးဖူးသစ်ရဲ့ Logo  စီးရီး သစ်ကိုတော့ ဒီဇင်ဘာလ၇ရက်နေ့မှာ စတင်ဖြန့်ချိမယ်လို့လည်း သိရပါ တယ်။

ရဲရဲ၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here