Friday, April 24, 2026

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

ပြင်ဦးလွင်မြို့တွင် နေအိမ်မီးလောင်မှုဖြစ် အမျိုးသား (၁)ဦးမီးလောင်ဒ_ဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယနေ့ ဧပြီ ၂၃ ရက်ညနေ ၄ နာရီကျော်ခန့်က နေအိမ်တစ်လုံး၌မီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းထံမှ သိရသည်။ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)ရှိ နေအိမ်တစ်လုံးတွင်မီးလေ_ာင်မှုဖြစ်ပွား၍...
HomeEntertainmentBusinessရုပ်ရှင်ဇာတ်ကားတွေ ရုံတင်ပြသတဲ့အခါမှာ ပြသရေးစနစ်ကို...

ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်ပြသတဲ့အခါမှာ ပြသရေးစနစ်ကို မျှမျှတတ ဖြစ်စေချင်တယ်ဒါရိုက်တာ ကျော်ဇောလင်း

အခုလက်ရှိ မြန်မာရုပ်ရှင် ဇာတ်ကားတွေကိုပြသတဲ့အခါမှာ ပြသရေးစနစ်ကို ပြောင်းလဲလိုက်တာကြောင့် ပုံစံတစ်မျိုးပြောင်းလဲသွား ခဲ့မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနဲ့တကွတာဝန်ရှိသူ များအနေနဲ့ အနုပညာလောကသားတွေ ရေရှည် ရပ်တည်နိုင်အောင်မျှတ စွာပြုလုပ်ပေးသင့်တယ်လို့ ဒါရိုက်တာကျော်ဇောလင်းက ဖွင့်ဟခဲ့ပါတယ်။

”ကျွန်တော်တို့ ရုပ်ရှင်အစဉ်အလာ ရုံတင်တဲ့စနစ်က ဆင် ဆာနံပါတ်နဲ့ အလှည့်ကျတင်တဲ့ စနစ်ဆိုတာရှိခဲ့တယ်။ အခု အဲဒီစနစ်က မှေးမှိန်ပြီးတော့ ရုံရှင်စိတ်ကြိုက်ဆိုတဲ့အပြောင်း အလဲအပေါ်မှာ ပြသရေးစနစ်က တစ်မျိုးပြောင်းသွားတယ်။ ဆင်ဆာနံပါတ်ကရုံတင်ပြသတဲ့နေရာမှာ အထောက်အကူ မဖြစ်တော့ဘူး။ ရုံတင်ပြသတဲ့နေရာမှာ ဆင်ဆာနံပါတ် အတိုင်းမသွားတော့ဘူးဆိုရင် ဒီဆင်ဆာနံပါတ်ကို ဘာ ကြောင့် အဆင့်ဆင့်စောင့်ယူနေကြရတာလဲ။ မနေ့ တစ်နေ့ကမှ ဆင်ဆာနံပါတ်ရသွားတဲ့ဇာတ်ကားက လည်းရုံပေါ်ကောက်တင်ရင် တင်လိုက်တာလေ။ ရှေ့ မှာ ၂ နှစ် ၃ နှစ်လောက် တန်းစီစောင့်နေတဲ့ ဇာတ်ကား လည်း ဒီအတိုင်းပဲထားရင်ထားတာလေ။ အဲဒါလေး မျှမျှ တတဖြစ်ရင် ပိုကောင်းမယ်ထင်တယ်။ ဆင်ဆာနံပါတ်အရ ရွေးချယ်တဲ့ဇာတ်ကားကိုလည်း နံပါတ်အစဉ်အတိုင်း ရွေးတာမျိုး၊ ရုံရှင်စိတ်ကြိုက် ရွေးချယ်တဲ့ဇာတ်ကားကိုလည်း ရွေးချယ်တာ မျိုး၊ မျှမျှတတလေးလုပ်ပေးနိုင်ရင် တန်းစီနေတဲ့ဇာတ်ကားတွေ လည်း မြန်မြန်ရုံတင်ခွင့်ရမှာပေါ့။ ဒီဟာကို မြန်မာ့ရုပ်ရှင် လုပ် ငန်းရော၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရော၊ ရုံလုပ်ငန်းရှင်တွေ ရော၊ ထုတ်လုပ်သူတွေရော သေချာလေးဆွေးနွေးသင့်ပါတယ်” လို့ ဒါရိုက်တာကျော်ဇောလင်းက ပြောပြခဲ့ပါတယ်။

ခိုင်ဝေလွင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ယခုအခါ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော်မြတ်ကြီးရေရှည်တည် တံ့ခိုင်မြဲစေရေးနှင့် ငလျင်ဒဏ်ခံနိုင်စေရေးအတွင်းလှိုင်ခေါင်းကြံ့ခိုင်မှုပြင်ဆင်ခြင်းကို ဆောင်ရွက်နေဆဲကာလဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် မိုးရာသီမရောက်မီ စံချိန်စံညွှန်းနှင့်အညီ အ ချိန်မီပြီးစီးရေး တာဝန်ရှိသူအဆင့်ဆင့်မှ အနီးကပ်ကြီး ကြပ်ရမည်ဖြစ်ကာ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရာတွင် အများပြည်သူ၏ လှူဒါန်းငွေများဖြင့်ဆောင်ရွက်ခြင်းဖြစ်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျသုံးစွဲရန် ရင်ပြင်တော်ပေါ်ရှိတည်ဆောက်ပြီးလုပ်ငန်းများအား လုံး ရေရှည်တည်တံ့စေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း...