Tuesday, February 3, 2026

သက်တော် ၉၀ အရွယ် ဆရာ‌တော်ကြီး...

သက်တော် ၉၀ အရွယ် တိဗက်ဘာသာ‌ရေးအကြီးအကဲ ဆရာ‌တော်ကြီးဒလိုင်းလားမားသည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် "အကောင်းဆုံး အသံထွက်စာအုပ် နောက်ခံစကားပြောဆု" (Best Audiobook...

မန္တလေးမြို့တွင် ငလျင်ထပ်လှုပ်

မန္တလေးမြို့၌ ယနေ့ (ဖေဖော်ဝါရီ သုံးရက်) နေ့လည်ပိုင်း၌ အင်အားသိသာသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ “မတ်လက လှုပ်တဲ့ ငလျင်လိုကို ခံစားလိုက်ရတယ်၊...

ဇူလိုင်လတွင် JLPT စာမေးပွဲဖြေဆိုရန် တစ်ဦးချင်းလျှောက်ထားသူများအနေဖြင့်...

၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း JLPT...

အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်ကားတိုက် (၄) ဦး...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အမှန်(၂)လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်...
HomeEntertainmentမြိတ်မြို့က ကျောင်းသား၊ ကျောင်းသူတို့အတွက်...

မြိတ်မြို့က ကျောင်းသား၊ ကျောင်းသူတို့အတွက် အားတက်စရာ Tasaki ပညာသင်ဆု အစီအစဉ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သက်ဆိုင်ရာ တက္ကသိုလ် ဒီဂရီအသီးသီးမှာ တက်ရောက်ပညာ သင်ကြားကြမယ့် ထူးချွန်ကျောင်းသား၊ ကျောင်းသူတို့ကို Tasaki ကုမ္ပဏီက ပညာသင်ဆု   စကောလားရှစ်ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ Tasaki ပညာသင်ဆုပေးအပ်တာ ကတော့ မြိတ်မြို့မှာနေထိုင်ကြသူတွေအတွက် ဘဝအခြေအနေ ပိုမို ဖွံ့ဖြိုးတိုး တက်လာစေဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Tasaki ကုမ္ပဏီဆို တာလည်း ကပ္ပလီပင်လယ်ပြင်မှာ ရှိတဲ့ မြိတ်ကျွန်းစုများမှ ဒိုမယ်ကျွန်း အမည်ရှိတဲ့ကျွန်းမှာ တောင်ပင်လယ် ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းကို တည်ထောင်လုပ်ကိုင်ခဲ့တာ နှစ် ၂ဝ ကျော်သက်တမ်းရှိခဲ့ပါပြီ။

ပညာသင်ဆု အကြောင်းကိုဆက်ရမယ်ဆိုရင် မြိတ်မြို့မှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူ တွေအနေနဲ့ အဆင့်မြင့် ပညာရေး ဆက်လက်သင်ကြားဖို့ ငွေကြေးလိုအပ်ချက်ရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို စကောလားရှစ်ပေးအပ်တာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီကို တက္ကသိုလ်ပညာသင်ကြားနေဆဲကာလအတွင်း သက်ဆိုင်ရာတက္ကသိုလ်များအလိုက် ၄ နှစ်မှ ၆ နှစ်အတွင်း တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၅ဝ ထောက်ပံ့ပေး အပ်သွားမှာ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သက်ဆိုင်ရာ တက္ကသိုလ် ဒီဂရီအသီးသီးမှာ တက်ရောက်ပညာ သင်ကြားကြမယ့် ထူးချွန်ကျောင်းသား၊ ကျောင်းသူတို့ကို Tasaki ကုမ္ပဏီက ပညာသင်ဆု   စကောလားရှစ်ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

Tasaki ပညာသင်ဆုပေးအပ်တာ ကတော့ မြိတ်မြို့မှာနေထိုင်ကြသူတွေအတွက် ဘဝအခြေအနေ ပိုမို ဖွံ့ဖြိုးတိုး တက်လာစေဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Tasaki ကုမ္ပဏီဆို တာလည်း ကပ္ပလီပင်လယ်ပြင်မှာ ရှိတဲ့ မြိတ်ကျွန်းစုများမှ ဒိုမယ်ကျွန်း အမည်ရှိတဲ့ကျွန်းမှာ တောင်ပင်လယ် ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းကို တည်ထောင်လုပ်ကိုင်ခဲ့တာ နှစ် ၂ဝ ကျော်သက်တမ်းရှိခဲ့ပါပြီ။ ပညာသင်ဆု အကြောင်းကိုဆက်ရမယ်ဆိုရင် မြိတ်မြို့မှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူ တွေအနေနဲ့ အဆင့်မြင့် ပညာရေး ဆက်လက်သင်ကြားဖို့ ငွေကြေးလိုအပ်ချက်ရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို စကောလားရှစ်ပေးအပ်တာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီကို တက္ကသိုလ်ပညာသင်ကြားနေဆဲကာလအတွင်း သက်ဆိုင်ရာတက္ကသိုလ်များအလိုက် ၄ နှစ်မှ ၆ နှစ်အတွင်း တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၅ဝ ထောက်ပံ့ပေး အပ်သွားမှာ ဖြစ်ပါတယ်။

“အခုလို မြိတ်မြို့က ထူးချွန်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို အဆင့်မြင့် ပညာရေးဆက်လက်သင်ကြားနိုင်စေဖို့ အထောက်အပံ့တစ်ခုအဖြစ် ပညာသင်ဆုတွေ ချီးမြှင့်ပေးအပ်နိုင်ခဲ့တဲ့အတွက် ချီးမြှင့်ပေးအပ်နိုင်ခဲ့တဲ့အတွက် ကျွန်တော် တို့အနေနဲ့ အလွန်ဝမ်းမြောက် ပီတိဖြစ်ရပါတယ်။ ဒါ့အပြင် အနာဂတ်မှာလည်း Tasaki အနေနဲ့ မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်လာစေဖို့ တစ်ဖက်တစ်လမ်းက ပါဝင်ကူညီသွားချင်တဲ့အတွက် လာမယ့်နှစ်တွေမှာ Tasaki ပညာသင်ဆု အစီအစဉ်ကိုဆက်လက်ပြုလုပ်သွားဖို့လည်း အစီအစဉ်ရှိပါတယ်” လို့ Tasaki ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Takaya Iida ကပြောပြပါတယ်။

ရန်ကုန်ဆေးတက္ကသိုလ်မှာ လာရောက်ပညာသင်ကြားနေတဲ့ မြိတ်မြို့မှ မောင်မျိုးဆက်ပိုင်ကိုလည်း မေးမြန်း ဖြစ်ခဲ့ပါတယ်။ “သားတို့ ပညာသင်ဆုအနေနဲ့ ကတော့ ကျောင်းပိတ်တဲ့ကာလ မပါဘဲနဲ့ ကျောင်းတက်တဲ့ကာလ တွေမှာ ပညာသင်စရိတ်ထောက် ပံ့ပေးမှာပါ။ ကျွန်တော်ဆို ဒီဇင်ဘာ လကတည်းက ကျောင်းတက်တာ အခုဆိုရင် ၃လလောက်တောင် ရှိပြီ”လို့ သူကပြောပါတယ်။ မြိတ်မြို့ နဲ့ ရန်ကုန်ဆိုရင် မိုင်ပေါင်းတော်တော် ကွာဝေးသလို ဒေသတစ်ခုနဲ့ တစ်ခုရဲ့ ကွာခြားမှုတွေလည်း အများကြီး ရှိမှာပါ။ ရန်ကုန်မှာ ဆေးတက္ကသိုလ် လာတက်ရတဲ့ အတွေ့အကြုံကိုလည်း မောင်မျိုးဆက်ပိုင်ကို မေးမြန်းဖြစ်တဲ့အခါ…

“အဓိကကတော့ ပညာရေးက နည်းနည်းကွာတယ်။ ရန်ကုန်ရဲ့ ပညာရေးအဆင့်အတန်းက မြင့်တယ်။

အင်္ဂလိပ်စာတော်တော်လေး မြင့်တယ်။ သားတို့တိုင်းမှာကကျတော့ အင်္ဂလိပ်စာကို ဆရာမတွေကအစ အားနည်းတယ်။ မိဘတွေကလည်း အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး အသိပညာနည်းနည်းလေး နည်းတာပေါ့ နော်။ အဲဒါလေးတစ်ခုပါပဲ။ ကျန်တာတွေအားလုံးက အတူတူပါပဲ။ ရန်ကုန်ဆေးတက္ကသိုလ်မှာ ဆိုရင်လည်း မြိတ်က စီနီယာတွေ အများကြီးရှိတယ်” လို့ သူကပြောပါတယ်။  ပညာသင်ဆုဆိုတာကလည်း ထူးချွန်ထက်မြက်တဲ့သူတွေမှရတာကိုး။ လူတိုင်း၊ လူတိုင်းရခွင့်မှမရှိတာ။ ဘာပဲပြောပြောမောင်မျိုးဆက်ပိုင်ကတေွာှ့ဗှဗှု ပညာသင်ဆုရတဲ့အတွက် အဆင်ပြေချောမွေ့စွာ ပညာ သင်ခွင့်ရမှာဖြစ်တာမို့ပျော်ရွှင်နေပါတယ်။ သူသာ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ရင် ကိုယ့်ဒေသကိုဘယ်လိုအကျိုး ပြန်ပြုမလဲဆိုတာကိုလည်း…

“ဆေးတက္ကသိုလ်က ဘွဲ့ရပြီဆိုရင်MBBS တစ်ခုတည်းပဲရမှာပေါ့။ သားရဲ့ အဓိက စိတ်ဝင်စားတဲ့ အပိုင်းကတော့ ဆာဂျရီပိုင်းပေါ့။ ဆာဂျရီပိုင်းအတွက် သားက နောက်ထပ်တစ်ဘွဲ့ထပ်ယူရမှာပေါ့။ ပြီးရင် ခွဲစိတ်ဆရာဝန်လုပ်မယ်။ ခွဲစိတ်နဲ့ ပတ်သက်တဲ့ပညာရပ်တွေနဲ့ သားတို့မြို့က ဆေးရုံတွေမှာ ပြန်ပြီး ကူညီပေးမှာပါ” ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ မောင်မျိုးဆက်ပိုင်က ပြောပါတယ်။ Tasaki ပညာသင်ဆု အတွက် မြိတ်မြို့မှ ကျောင်းသား ၃ ဦး၊ ကျောင်းသူ ၃ဦးတို့ကို ရွေးချယ်ခဲ့ပြီး ဆေးတက္ကသိုလ်ကျောင်းသား ၁ဦး၊ အင်ဂျင်နီယာတက္ကသိုလ်ကျောင်းသား ၁ဦး၊ ကွန်ပျူတာကျောင်းသား ၁ ဦး၊ ဝိဇ္ဇာသိပ္ပံကျောင်းသူ ၃ ဦးတို့ဖြစ်ကြောင်းလည်း သိရပါတယ်။

                                                                                                      မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071