Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' Newsဖြူဖြူကျော်သိန်းနဲ့ အတွဲခွေထွက်ရှိမဲ့ ကော်ပရာ

ဖြူဖြူကျော်သိန်းနဲ့ အတွဲခွေထွက်ရှိမဲ့ ကော်ပရာ

အခုနှစ်ပိုင်းမှာ ဂီတလှုပ်ရှားမှုတွေ တော်တော်ကျဲပါးသွားတဲ့ ကော်ပရာက လတ်တလောမှာ နယ်ရှိုးပွဲတွေ ပြန်လည်ဖျော်ဖြေလာ သလို သူ့ရဲ့သီချင်းပိုင်းလှုပ်ရှားမှုအသစ်တွေကိုလည်း ပရိသတ်တွေ မြင်တွေ့ကြရဦးမှာပါ။ ကော်ပရာက အရင်ကတော့ အဆိုတော် ဖြူဖြူကျော်သိန်းအတွက် သီချင်းတွေအများဆုံး ရေးပေးဖြစ်ပြီး အခုလည်း ဖြူဖြူကျော်သိန်းနဲ့အတူ အတွဲခွေတစ်ခွေ ဖန်တီးနေတယ်လို့ ဆိုပါတယ်။ ဖြူဖြူကျော်သိန်းနဲ့အတူ ဖန်တီးထားတဲ့ အတွဲသီချင်းတွေက …

”အခုတော့ အရင်က တစ်ကိုယ်တော်အခွေအတွက်ဆိုပြီး ချန်ထားတဲ့ သီချင်းလေးတွေထဲက ဖြူဖြူကျော်သိန်းနဲ့ထွက်မယ့် အခွေ လေးမှာ ထည့်ဖို့စဉ်းစားထားပါတယ်။ ဖြူဖြူကျော်သိန်းနဲ့လည်း အတွဲဆိုထားတဲ့ သီချင်းနှစ်ပုဒ် ပါမှာပါ။ ကျန်တာက တစ်ယောက်ကို လေးပုဒ်စီပါပါမယ်။ သူနဲ့က ဟိုးအရင် ဆယ်နှစ်လောက်ကတည်းက အတူတွဲသီဆိုထားတဲ့ သီချင်းတွေရှိပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက် ကလည်း အတွဲဆိုဖြစ်ခဲ့သေးတယ်။ ဒီသီချင်းလေးတွေအပြင် သူ့အတွက်လည်း သီချင်းလေးပုဒ်ရေးပေးရမှာပါ။ ဖြူဖြူကျော်သိန်းနဲ့လည်း သေသေချာချာလေး အချိန်ပေးပြီး သီချင်းတွေကို Ugly Band နဲ့အတူပြန်တီးရမှာပါ။ ဒီအခွေလေးကိုလည်း လာမယ့်မိုးတွင်းကို အမီ ထွက်နိုင်အောင်ကြိုးစားမှာပါ” လို့ ကော်ပရာကဆိုပါတယ်။

ပရိသတ်တွေနဲ့ ထိတွေ့မှုနည်းပါးတဲ့အချိန်မှာ မိသားစုကို အချိန်ပေးသလို အိမ်မှာလည်း သီချင်းတွေရေးဖြစ်တယ်လို့ဆိုပါတယ်။ သီချင်းတွေရေးတဲ့အခါမှာလည်း အရင်အချိန်တွေနဲ့ ခံစားမှုတွေ ကွဲပြားနေတယ်ဆိုတဲ့ ကော်ပရာရဲ့ ဂီတခံစားမှုအပြောင်းအလဲတွေက…

”မဆိုတော့ဘူးလို့မေးကြတိုင်းလည်း ရင်ထဲမှာ တကယ်စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော် ဆိုချင်ပါတယ်။ အဆိုတော် တစ်ယောက်အနေနဲ့ပဲ ရပ်တည်လာခဲ့တော့ သီချင်းဆိုတယ်။ သီချင်းရေးတယ်ဆိုတာကိုပဲ လုပ်တတ်တယ်။ ဒါကိုပဲဝါသနာပါတယ်။ တခြားအလုပ်တွေ မရှောင်သာလို့လုပ်ရပေမယ့်လည်း သီချင်းဆိုတာက ဘဝအတွက် အရေးပါတဲ့ တစ်စိတ်တစ်ပိုင်းပါ။ အကောင်းဆုံး ကြိုးစားပါမယ်လို့လည်း ကတိပေးပါတယ်။ ငယ်ငယ်က လူပျိုဘဝကဆိုရင် သီချင်းရေးတာတွေ ဘာတွေက လက်ရဲတယ်။ အခုဆို တစ်ခါ တလေကျရင် သီချင်းရေးဖို့က သိပ်ပြီးမရဲတော့ဘူး။ အသက်အရွယ်ကြောင့်လည်း ပါသလို၊ တစ်ခါတလေ စာသားအနုအရွတွေ ရေးလိုက်တဲ့အခါ တစ်ခါတလေဆို ကိုယ့်ဘာသာကိုယ် ရှက်တာမျိုးဖြစ်လာတယ်။ တကယ်ဆိုရင်တော့ သီချင်းမှာ ခံစားချက်တွေက အများကြီးပါ။တချို့ဆိုရင်လည်း အသက်ဘယ်လောက်ပဲကြီးကြီး သီချင်းရေးရင် အနုအရွလေးတွေရေးတယ်။ အခုလည်း အချစ်သီချင်း တွေ ဘာတွေပြန်ရေးဖြစ်ပါတယ်” လို့ပြောပြပါတယ်။

ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071