
ဖေဖော်ဝါရီလက ဖြိုးပြည့်စုံရဲ့ မွေးနေ့၊ မွေးလ။ သူငယ်ချင်းတွေနဲ့ ဘုရားဖူးတွေသွားတယ်။ အလှူအ တန်းတွေလုပ်တယ်။ အနုပညာရှင် တစ်ယောက်ဆိုတာ ပါရမီပါလာရုံနဲ့တင်မပြီးသေးပါဘူး။ သူ့ရဲ့ဖြစ်ချိန်ဆိုတာရှိပါသေးတယ်။ ဆရာဝန်ဖြစ်ခါစ ၂ဝ၁ဝ မယ်လိုဒီဝေါလ်သီချင်းဆိုပြိုင်ပွဲကနေစခဲ့တဲ့ ဖြိုးပြည့်စုံရဲ့ ဂီတခရီးဟာ အခုဆိုရင် ဖြစ်ချိန်တန်ပြီလို့ဆိုရ မှာပါ။ ပင်ကိုကလည်း အသံကောင်းတယ်။ ပါရမီပါတယ်။ မယ်လိုဒီဝေါလ်လို ပြိုင်ပွဲကြီးကနေ ပထမဆုနဲ့ထွက်လာခဲ့တယ်။ အခုဆို သူ့သီချင်းလေးတွေ တော်တော်များများကပေါက်နေပြီ။ မွေးနေ့ကိုလည်း ဖြတ်သန်းပြီးပြီဆိုတော့ ဖြိုးပြည့်စုံ ကိုယ့် ကိုယ်ကိုယ်ဘယ်လိုပြန်သုံးသပ်လဲလို့မေးတဲ့အခါ…
”ထိပ်စီးတွေတော့ပြောင်းနေပြီပေါ့နော်(ရယ်လျက်)။ အသက်ကတော့ကြီးလာပြီ။ ဒါပေမဲ့လည်း အနုပညာဝမ်းစာနဲ့လုပ်ရတဲ့ အလုပ်လေးတွေအပေါ်မှာတော့ ကြိုးစားနေ ရဆဲပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အနုပညာသက်တမ်းကနုသေးတာကိုး။ ပရိသတ်တွေ အမြင်မှာတော့ အဆိုတော်၊ တေးသံရှင်အသစ်၊ ကြိုးစားနေရဆဲ တေးသံရှင်တစ်ဦးအနေနဲ့ပဲ ကိုယ့်ကိုယ်ကိုယ်ခံ ယူထားပါတယ်။ ဆထက်တိုးပြီးတော့လည်း ပရိသတ်အပေါ်မှာပေးဆပ်နိုင်တဲ့တေးသံရှင်တစ်ဦးဖြစ်အောင်ကြိုးစားသွားပါမယ်။ မွေးနေ့အနေနဲ့ကတော့ လူကတော့ အသက်ကြီးလာပြီ။ စိတ်ကတော့ရင့်ကျက်လာလားဆိုတာလေးပဲ ကိုယ့်ကိုယ် ကိုယ်ပြန်သုံးသပ်ရတာပေါ့” ဖြိုးပြည့်စုံကပြောပါတယ်။
၂ဝ၁၈ခုနှစ်က ဖြိုးပြည့်စုံအတွက် သီချင်းအသစ်တွေအထွက်ကြမ်းတဲ့နှစ်လို့ ဆိုရမှာပါ။ ထွက်ပြီးတဲ့ အခွေ တွေရှိသလို နောက်ထပ်လှုပ်ရှားမှုတွေကလည်း စောင့်နေသေးတယ်။ အဲဒါတွေက ဘာတွေလဲဆိုတာ ဖြိုးပြည့်စုံကို မေးမြန်းလိုက်တော့”ပြီးခဲ့တဲ့ ဒီဇင်ဘာကစပြီး အွန်လိုင်းမှာ ‘အလွမ်းမှတ်တိုင်’၊ ‘မောင်အရင်ထိုး’ ဒီသီချင်းလေးတွေ ထွက်ထားတယ်။ အဲဒါပြီးတဲ့အခါမှာ Group Album လေးတွေထွက်တယ်။ ‘သင်္ကြန်လေးညင်းလုလင်’ ထွက်တယ်။ ထွက်လာမယ့် အယ်လ်ဘမ်တွေအများကြီးကျန်ပါသေးတယ်။” လို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း
