မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် (၉၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည် အပူဇော်ခံကြွ ချီမှုကို (၄)ရက်တိုင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လှည့်လည်ပူဇော်မှုကို မင်းကျောင်းကွင်းကျောင်း၊ ပုဂံတောင်ကျောင်း၊ ရွှေကျောင်းဆရာတော်ဘုရားများ၏ ဩဝါဒကို ခံယူ၍ အပူဇော်ခံကြွချီခြင်းဖြစ်ကြောင်း သိရသည်။
ပထမရက်အဖြစ် ယမန်နေ့ ဖေဖော်ဝါရီ (၉)ရက် ညနေ(၄) နာရီခွဲအချိန်မှစ၍ ကျောက်တန်းရပ်ကွက်၊ ယာယီစံ ကျော င်းစုရပ်မှ မုပွန်စေတီတော်ကြီးအား လက်ယာရစ်ပတ်၍ ပန်းကန်လမ်းမှတဆင့် သီရိမြိုင်ရပ်၊ ကျောက်ပွန်လမ်းမတလျောက်၊ ရွှေလမ်းထိပ်၊ ကျောက်မီးသွေးရုံလမ်းအတိုင်း အောက်လမ်းမကြီးတလျှောက် သိမ်ကုန်းလမ်းထိပ်ထိ လှ ည့်လည်အပူ ဇော်ခံကြွချီခဲ့ကြောင်း သိရသည်။
ယနေ့ ဒုတိယမြောက်နေ့အဖြစ် ငန်းတေးရပ်ကွက်၊ ဘုန်းတော် ကျောင်းရှေ့ ယာယီစံကျောင်းစုရပ်မှ ကျိုက်မရော – မော်လမြိုင်ကားလမ်းအတိုင်း ကြွချီကာ ၎င်းမှ တဆင့် မြိုင်သာယာ၊ တောင်ဝိုင်း မော်လမြိုင် တက္ကသိုလ်အထိ တောင်ဝိုင်းလမ်း တလျှောက် ဈေးကြိုအဝိုင်းမှ မြေနီကုန်းရပ်ကွက် ဘူတာကြီးထိပ်လမ်းဆုံ အထိ ကြွချီပူ ဇော်ခံမည်ဖြစ်သည်။
အလားတူ တတိယမြောက်နေ့အဖြစ် ညောင်ပင်ဆိပ်အမှတ် (၁) ကားဂိတ် ယာယီစံကျောင်းစုရပ်မှ လမုတန်းဈေး၊ ဗိုလ် ချုပ်လမ်းတလျှောက် ကျိုက်ဖနဲ ဘုရားလမ်း၊ လမ်းသစ်လမ်း(ဘိုးဘိုးကြီးနတ်စင်)မှတဆင့် ဒေါ်လမ်းရပ်တလျှောက်အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးရက်အဖြစ် သာသနာ့ဗိမ္မာန်ရှေ့ယာယီ စံကျောင်းစုရပ်မှ အနောက်တပ်မြေလမ်းတလျှောက် စည်ပင်သာယာလမ်း၊ ဈေးကြီးတောင်ပေါ်တန်း၊မြို့တော်ဦးကျောင်း၊ ၎င်းမှ ဗဟိုလမ်းမအတိုင်း၊ ရွှေတောင်ရပ်လမ်း ဗိုလ်ချုပ်လမ်းမကြီးအတိုင်း၊ သိမ်ကုန်းလမ်း၊ အထက်လမ်းမ ကြီးအတိုင်း၊ အ.ထ.က(၁) ရှေ့ သိပ္ပံလမ်း၊ ဗဟိုလမ်းမကြီး ကျိုက်သုတ်ဘုရားစေတီတော်အထိ အပူဇော်ခံကြွချီကာ လှည့်လာ်အပူဇော်ခံပွဲပြီးမြောက်မည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-Myint Soe
