ရန်ကုန်၊ စက်တင်ဘာ ၉
(၇၄) ကြိမ်မြောက် အဘအောင်မင်းခေါင်ထွက်ပွဲ၊ အောင်ပွဲ၊ပူဇော်ပွဲနှင့် ကျေးဇူးဆပ်ပွဲကို ယောက်ကော်ဆရာလေး ဦးစီး၍ ယနေ့ စက်တင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းမပေါ်ရှိ ယောက်ကော်ဆရာလေး၏ နေအိမ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အဘထွက်ပွဲတွင် လူဦးရေ ၅,၀၀၀ အတွက် လှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တစ်ဦးလျှင် ပစ္စည်းတန်ဖိုး ကျပ် ၃ သိန်းကျော်ရှိသည့် ဆန်၊ ဆီ၊ ပါတိတ်၊ ဆပ်ပြာမှုန့်အပါအဝင် ပစ္စည်းအမျိုးအမယ်ပေါင်း ၁၆ မျိုး ပါဝင်သည့် လှူဒါန်းပစ္စည်းများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုသည် အဘထွက်ပွဲ၏ အစီအစဉ်တစ်ရပ်အဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး လူဦးရေ ၅,၀၀၀ အတွက် လိုအပ်သည့် အခြေခံစားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို တစ်ဦးချင်းအလိုက် ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်သည်။
(၇၄) ကြိမ်မြောက် အဘထွက်ပွဲနှင့် ပတ်သက်သည့် အစီအစဉ်များကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
