Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...
HomeNewsLocal News(၆)ကြိမ်မြောက် ဝိဉာဉ်မဲ့မြတ်ဆရာပူဇော်ပွဲကို ဆေးတက္ကသိုလ်(မန္တလေး)တွင်ကျင်းပ

(၆)ကြိမ်မြောက် ဝိဉာဉ်မဲ့မြတ်ဆရာပူဇော်ပွဲကို ဆေးတက္ကသိုလ်(မန္တလေး)တွင်ကျင်းပ

ဆေးတက္ကသိုလ်(မန္တလေး)၏ ဇီဝခန်းမတွင် ဇန်နဝါရီ ၃၀ ရက်နံနက်ပိုင်းက (၆)ကြိမ်မြောက် ဝိဉာဉ်မဲ့မြတ်ဆရာပူဇော်ပွဲအခမ်းအနားကိုကျင်းပရာ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်တက်ရောက်ခဲ့သည်။

အခမ်းအနားအား ခန္ဓာကိုယ်လှူဒါန်းပေးခဲ့ကြသော ဝိဉာဉ်မဲ့မြတ်ဆရာများ၏ ဂုဏ်ကျေးဇူးကို တစ်မိနစ်ငြိမ်သက်ဂုဏ်ပြု၍ဖွင့်လှစ်ခဲ့ကြပြီးနောက် မန္တလေးတိုင်းဝန်ကြီးချုပ်မှ ဆေးပညာ သည် လူ့အသက်နှင့်ဆိုင်သောပညာရပ်ဖြစ်ပြီး အတွေ့အကြုံနှင့်ပညာ အချိုးတကျပေါင်းစပ်ပါဝင်ရမည်ဖြစ်ရာ အတွေ့အကြုံကောင်းများ ပညာများရှာဖွေရာတွင် ဝိဉာဉ်မဲ့မြတ်ဆရာများမှာ မရှိမဖြစ်ကဏ္ဍတွင်ပါဝင်လာသည်ဟု ပြောသည်။

ထို့ကြောင့် ခန္ဓာကိုယ်လှူဒါန်းပြီး ပညာပေးဝေသော မြတ်ဆရာတို့၏ ကျေးဇူးကိုသိတတ်သောအားဖြင့် သမားကောင်းဂုဏ်ရည်နှင့်ပြည့်ဝပြီး တော်သော၊ တတ်သော၊ မြင့်မြတ်သော ဆရာဝန်ကောင်းများဖြစ်အောင်ကြိုးစားသွားကြရမည်ဟုလည်း ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဝိဉာဉ်မဲ့မြတ်ဆရာများအား ဂုဏ်ပြုပန်းများဖြင့် ဂါရဝပြုခဲ့ကြကာ မန္တလေးတိုင်းဝန်ကြီးချုပ်မှ ဝိဉာဉ်မဲ့မြတ်ဆရာပူဇော်ပွဲနှင့်ပတ်သက်၍ ဂုဏ်ပြုရိုက်ကူးထားသည့် ဇာတ်လမ်းတိုတင်ဆက်ပြသမှုများနှင့် ဂုဏ်ပြုသီဆိုမှုများကိုကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့သည်။

ဆေးပညာသင်ကြားရာတွင် ခန္ဓာဗေဒပညာရပ်ကို လက်တွေ့ကျကျလေ့လာသင်ယူခွင့်ရရှိစေရန် ခန္ဓာကိုယ်လှူဒါန်းပေးခဲ့ကြသော ဝိဉာဉ်မဲ့မြတ်ဆရာများ၏ ဂုဏ်ကျေးဇူးကိုသိရှိနားလည်စေရန်၊ သက်ရှိလူနာများကို မိမိကိုယ်တိုင်ခွဲစိတ်ကုသမှုမပြုလုပ်ခင် ခွဲစိတ်ပညာရပ်နှင့်ပတ်သက်သော အတွေ့အကြုံများရရှိစေရန် ဝိဉာဉ်မဲ့မြတ်ဆရာများ ၏ အခန်းကဏ္ဍမှာအလွန်အရေးပါကြောင်းကို သိရှိနားလည်စေရန်၊ အသက်ရှင်ကျန်းမာနေစဉ်အတွင်း အများကောင်းကျိုးဆောင်ရွက်နိုင်သကဲ့ သို့ သေဆုံးပြီးချိန်တွင်လည်း ဆေးပညာလောကအတွက် မိမိတို့ခန္ဓာကိုယ်ကိုလှူဒါန်းခြင်းဖြင့် ကောင်းကျိုးဆက်လက်သယ်ပိုးနိုင်ကြောင်း သိရှိနားလည်စေရန်ရည်ရွယ်၍ ဝိဉာဉ်မဲ့မြတ်ဆရာပူဇော်ပွဲကျင်းပရခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မေ့မြောသူ အမျိုးသမီး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန် ဆွေးနွေး

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအပြင် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတ ဦးညိုစောသည် ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071